Connect with us

Economy

၂၀၁၆ ခုနှစ် စီမံကိန်း အတွက် အဓိကကျသော စီးပွားရေးဆိုင်ရာ အစည်းအဝေး တရုတ် ကျင်းပ

တရုတ်နိုင်ငံ အနောက်တောင်ဘက်ရှိ စီးပွားရေး လုပ်ငန်းတစ်ခုအား မြင်တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဒီဇင်ဘာ ၁၈ ရက် (ဆင်ဟွာ)

ဗဟိုစီးပွားရေး ညီလာခံအား ဒီဇင်ဘာလ ၁၈ ရက်တွင် ပေကျင်း၌ ကျင်းပနေပြီး ၂၀၁၅ ခုနှစ် အတွင်း တိုင်း ပြည်၏ စီးပွားရေး ဆောင်ရွက်မှုများအား ပြန်လည် သုံးသပ်၍ ဖွဲ့စည်း တည်ဆောက်ပုံဆိုင်ရာ ပြုပြင်ပြောင်းလဲ မှုများနှင့်အတူ ၂၀၁၆ ခုနှစ်အတွက် လမ်းပြမြေပုံများအား တရုတ်နိုင်ငံ ခေါင်းဆောင်များက ဆွေးနွေးခဲ့ကြောင်း သိရသည်။

ယခုနှစ်အတွင်း ကမ္ဘာ့စီးပွားရေး နှေးကွေးနေသော်လည်း တရုတ်နိုင်ငံ အနေဖြင့် ၂၀၁၅ ခုနှစ် ပထမ သုံးလ ပတ်အတွင်း ဂျီဒီပီ ၆.၉ ရာခိုင်နှုန်း တိုးချဲ့နိုင်ခဲ့ပြီး ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးမှုအား ၃၀ ရာခိုင်နှုန်း ထောက်ပံ့ ပေးထားနိုင်ခြင်းဖြင့် တရုတ်နိုင်ငံ စီးပွားရေးအား တည်ငြိမ်စွာ ထိန်းထားနိုင်ခဲ့သည်ဟု ဆိုသည်။

ယခုနှစ်တွင် နှစ်စဉ် မြို့ပြ ဖွံ့ဖြိုးမှု ရည်မှန်းချက်အား အပြည့်အဝ ဖော်ဆောင်နိုင်ခဲ့သလို နိုင်ငံသားများ၏ ဝင်ငွေ တိုးတက်မှုနှုန်းကလည်း ဂျီဒီပီထက် သာလွန်ခဲ့ပြီး စီးပွားရေး အရည်အသွေးနှင့် ထိရောက်မှုကလည်း တိုးတက် လာခဲ့သည်။

ဝန်ဆောင်မှုကဏ္ဍမှ ဝင်ငွေကလည်း ဂျီဒီပီ၏ ထက်ဝက်ရှိပြီး စီးပွားရေး တိုးတက်မှု၏ ၆၀ ရာခိုင်နှုန်းကျော် ရှိနေ သည်။

သို့သော်လည်း တိုင်းပြည်သည် ခက်ခဲသည့် အပြည်ပြည်ဆိုင်ရာ သဘာဝပတ်ဝန်းကျင်နှင့် ၂၀၁၆ ခုနှစ်တွင် ကြီးမားသော ဖိအားပေးမှုများ ရင်ဆိုင်နေရကြောင်း လေ့လာဆန်းစစ်သူများက ပြောသည်။

ဈေးကွက်ဝယ်လိုအား လျော့နည်းလာခြင်းနှင့် စီးပွားရေးဆိုင်ရာ ရှေးရိုးဆန်သည့် မောင်းနှင်အားများအား တရုတ် ကုမ္ပဏီအချို့အတွက် ခက်ခဲစေပြီး စီးပွားရေးဆိုင်ရာ ကြီးထွားမှု အသစ်များကလည်း သိသိသာသာ အားကောင်းမလာခဲ့ပေ။

တရုတ်နိုင်ငံ အနေဖြင့် ၂၀၁၆ ခုနှစ်တွင် ဖွဲ့စည်းတည်ဆောက်ပုံ အဆင့်မြင့် ပြုပြင်ပြောင်းလဲမှုနှင့် အတူ စီးပွားရေး ကြီးထွားနှုန်းအား ဆက်လက် ထိန်းသိမ်းသွားသင့်ကြောင်း လွန်ခဲ့သည့် ရက်သတ္တပတ် အစောပိုင်းက ပြုလုပ်ခဲ့သည့် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ နိုင်ငံရေးဗျူရို အစည်းအဝေးပြီးနောက် ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။

တရုတ်နိုင်ငံ စီးပွားရေးသည် အခြေခံအားဖြင့် ကာလရှည်တွင် အကောင်းဘက်သို့ ဆက်လက်ကျန်ရှိနေမည် ဖြစ်ပြီး နိုင်ငံပိုင် စီးပွားရေး လုပ်ငန်းများ အပါအဝင် နယ်ပယ်စုံ၌ ဆန်းသစ်တီထွင်မှုနှင့် နက်ရှိုင်းသည့် ပြုပြင် ပြောင်းလဲမှုများ ထောက်ပံ့လုပ်ဆောင်သွားသင့်ကြောင်း စီးပွားရေး ပညာရှင်များက သုံးသပ်ထား သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.