Connect with us

Economy

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်မှုအတွက် တွန်းအားသစ် ပေးမည်

တရုတ် ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးလည်းဖြစ် ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌလည်းဖြစ်သူ ရှီသည် မြို့တော် ပေကျင်းရှိ ပြည်သူ့ခန်းမကြီးတွင် BRI ငါးနှစ်မြောက် နှစ်ပတ်လည်အဖြစ် ပြုလုပ်သော စာတမ်းဖတ်ပွဲ၌ မိန့်ခွန်းပြောကြားနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ သြဂုတ် ၂၈ ရက် (ဆင်ဟွာ)

ခေတ်သစ်ပိုးလမ်းမကြီးဖော်ဆောင်မှု (Belt and Road Initiative = BRI) က လမ်းကြောင်းတစ်လျှောက်ရှိ နိုင်ငံများမှ ပြည်သူများ အကျိုးကျေးဇူးရရှိရန် မီးမောင်းထိုးပြခဲ့ပြီး ခေတ်သစ်ပိုးလမ်းမကြီးဖော်ဆောင်မှု ငါးနှစ်ပြည့်မြောက်သည့်အခါသမယမှာ တွန်းအားသစ်ပေးမည်ဟု တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က အလေးထားပြောကြားခဲ့သည်။

တရုတ် ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးလည်းဖြစ် ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌလည်းဖြစ်သူ ရှီသည် မြို့တော် ပေကျင်းရှိ ပြည်သူ့ခန်းမကြီးတွင် BRI ငါးနှစ်မြောက် နှစ်ပတ်လည်အဖြစ် ပြုလုပ်သော စာတမ်းဖတ်ပွဲ၌ မိန့်ခွန်းပြောကြားခဲ့သည်။

ရှီက ခေတ်သစ်ပိုးလမ်းမကြီး နိုင်ငံများနှင့်အတူ BRI ဖော်ဆောင်မှု မြှင့်တင်ခြင်းအစီအစဉ်အရ အဆင့်အလိုက် ဆွေးနွေးခြင်းနှင့် အကြံပြုခြင်းကို ထိန်းသိမ်းရန်၊ ကူညီထောက်ပံ့မှု ပူးတွဲလုပ်ဆောင်ရန်၊ အကျိုးကျေးဇူးများ မျှဝေရေး၊ နှစ်ဦးနှစ်ဘက် အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှုရှိရေး၊ ဖလှယ်ရေးနှင့် အပြန်အလှန်လေ့လာမှုရှိပြီး နိုင်ငံရေးဆိုင်ရာ အပြန်အလှန်ယုံကြည်မှု မြှင့်တင်ရေး၊ စီးပွားရေးပေါင်းစည်းမှုရှိရေး၊ ပြည်သူအချင်းချင်း ဖလှယ်မှုရှိရေးများ အတွက် ကြိုးပမ်းအားထုတ်ရန်အတွက် ပြောကြားခဲ့သည်။

၂၀၁၃ ခုနှစ် ဆောင်းဦးရာသီက ကာဇက်စတန်နိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံအသီးသီးအား ပိုးလမ်းမကြီးစီမံကိန်းအသစ်ဖြစ်သော စီးပွားရေးပိုးလမ်းမကြီးနှင့် ၂၁ ရာစု ပင်လယ်ရေကြောင်းပိုးလမ်းမကြီး ဖော်ဆောင်မှု တည်ဆောက်ရန် သမ္မတ ရှီက အဆိုပြုခဲ့သည်။

၂၀၁၈ ခုနှစ် ဇူလိုင်လစာရင်းအရ တရုတ်နိုင်ငံနှင့် ခေတ်သစ်ပိုးလမ်းမကြီး ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်များတွင် လက်မှတ်ရေးထိုးထားသည့် နိုင်ငံနှင့် နိုင်ငံတကာအဖွဲ့အစည်း ၁၀၀ ကျော်ရှိကြောင်း၊ အာရှ-ဥရောပဆက်စပ်ဒေသမှ အာဖရိကတိုက်၊ လက်တင်အမေရိကတိုက်နှင့် ကာရေဘီယံ ဒေသ၊ တောင်ပစိဖိတ်ဒေသအထိ ခေတ်သစ်ပိုးလမ်းကြီးကို ချဲ့ထွင်သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖော်ဆောင်မှုသည် တရုတ်နိုင်ငံအတွက် ဖြေရှင်းနည်းတစ်ခုအဖြစ် ရှီက အလေးထားပြောကြားထားပြီး ကမ္ဘာလုံးဆိုင်ရာ ပွင့်လင်းမှုနှင့် ပူးပေါင်းဆောင်ရွက်မှုတွင် ပါဝင်ရန်၊ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး အုပ်ချုပ်ရေး တိုးတက်ရန်၊ ဘုံဖွံ့ဖြိုးတိုးတက်မှုနှင့် ကြွယ်ဝချမ်းသာရေးမှုအတွက် မြှင့်တင်ရေးနှင့် အနာဂတ်မျှဝေမှုရှိသော လူသားမျိုးနွယ်တစ်ခု တည်ထောင်ရန်အတွက် လုပ်ဆောင်ခြင်းဖြစ်သည်ဟု ဆိုသည်။

ဂျာမနီနိုင်ငံ ဟမ်းဘတ်မြို့မှ ရောက်ရှိလာသည့် X8044 ကုန်စည်ရထားအား သြဂုတ်လ ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ မြို့တော် ပေကျင်းရှိ အာရှအခြေခံအဆောက်အအုံရင်းနှီးမြှုပ်နှံမှုဘဏ်အား တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ မြို့တော် ပေကျင်းရှိ National Convention Center ပြင်ပရှိ “Goldern Bridge on Silk Road” တည်ဆောက်ထားသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီးကျွမ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ချင်ကျိုးဆိပ်ကမ်းရှိ ဆိပ်ခံတံတားတစ်စင်းအားတွေ့ရစဉ် (ဆင်ဟွာ)

အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှု

ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်မှု၏ နောက်ထပ် ဦးစားပေးတစ်ခုမှာ အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုကို နားလည်သဘောပေါက်ရန်ဖြစ်ကြောင်း ရှီက ဆိုသည်။

ခေတ်သစ်ပိုးလမ်းမကြီး စီမံကိန်းများတွင် လုပ်ငန်းစဉ်များအတွက် တွန်းအားပေးရန် ရှီက ပြောကြားခဲ့ပြီး အထူးသဖြင့် ဒေသခံ ပြည်သူများထံ မှန်ကန်သော အကျိုးကျေးဇူးများ ပေးအပ်နိုင်ရန်နှင့် ကုန်သွယ်မှုမျှခြေအား ထိန်းသိမ်းပြီး ဈေးကွက် ချဲ့ထွင်ရန် ဖြစ်ကြောင်း သိရသည်။

၂၀၁၄ ခုနှစ်တွင် ခေတ်သစ်ပိုးလမ်းမကြီး စီမံကိန်းများအား ထောက်ပံ့ရန် ပိုးလမ်းမကြီးရန်ပုံငွေ တည်ထောင်ရေးအတွက် တရုတ်နိုင်ငံက အမေရိကန်ဒေါ်လာ ၄၀ ဘီလီယံ ထည့်ဝင်မည်ဟု ကြေညာခဲ့သည်။ တစ်နှစ်ကြာပြီးနောက် တရုတ်နိုင်ငံက အစပြုခဲ့သာ ဘက်စုံပါဝင်သောဘဏ္ဍာရေးအဖွဲ့အစည်း အာရှအခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုဘဏ် (Asian Infrastructure Investment Bank) အား တည်ထောင်ခဲ့သည်။

ထို့ပြင် ပညာရေး၊ သိပ္ပံ၊ နည်းပညာ၊ ယဉ်ကျေးမှု၊ အားကစား၊ ခရီးသွားလုပ်ငန်း၊ ကျန်းမာရေးနှင့် ရှေးဟောင်းသုတေသနဆိုင်ရာ ကဏ္ဍများ၌ ဖလှယ်မှုများ လုပ်ဆောင်သင့်ကြောင်း ရှီက ဆိုသည်။

ဖော်ဆောင်မှုအောက်တွင် တရုတ်နိုင်ငံသည် ခေတ်သစ်ပိုးလမ်းမကြီးတစ်လျှောက်ရှိ နိုင်ငံများ၌ ပညာရေး အဖွဲ့အစည်းနှင့် စီမံကိန်း ၈၁ ခုနှင့် ယဉ်ကျေးမှုစင်တာ ၃၅ ခု တည်ထောင်ခဲ့ကြောင်း သိရသည်။

၂၀၁၈ ခုနှစ် ပထမ ၇ လအတွင်း ခေတ်သစ်ပိုးလမ်းမကြီးတစ်လျှောက်ရှိ နိုင်ငံပေါင်း ၅၄ နိုင်ငံ၌ တရုတ် ကုမ္ပဏီများ၏ ရင်းနှီးမြှုပ်နှံမှုမြင့်တက်လာခဲ့သည်။ မကြာမီက ရင်းနှီးမြှုပ်နှံမှုအသစ် အမေရိကန်ဒေါ်လာ ၈.၅၅ ဘီလီယံ တိုးလာခဲ့ပြီး ယမန်နှစ်ကထက် ၁၁.၈ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။

ဘုံဖွံ့ဖြိုးတိုးတက်မှု

ခေတ်သစ်ပိုးလမ်းမကြီးတစ်လျှောက်နိုင်ငံများနှင့် တရုတ်နိုင်ငံ၏ ကုန်သွယ်မှုသည် အမေရိကန်ဒေါ်လာ ၅ ထရီလီယံ တိုးလာခဲ့ကာ ပြည်ပတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၆၀ ဘီလီယံကျော်ရှိခဲ့ကာ ဒေသခံများအတွက် အလုပ်အကိုင် ၂၀၀,၀၀၀ ကျော်ဖန်တီးပေးနိုင်ခဲ့သည်။

BRI ၏ အရေးပါသော အစိတ်အပိုင်းတစ်ရပ်အနေဖြင့် တရုတ်-ဥရောပ ကုန်စည်ရထားဝန်ဆောင်မှု ကွန်ရက်အား လျင်မြန်စွာ ချဲ့ထွင်နိုင်ခဲ့သည်။ ယင်း ရထားဝန်ဆောင်မှုစတင်လည်ပတ်ခဲ့သည့် ၂၀၁၁ ခုနှစ်မှစ၍ ဂျာမနီနိုင်ငံ ဟမ်ဘတ်မြို့မှ ထွက်ခွာလာသည့် X8044 ကုန်စည်ရထားသည် ခရီးစဉ်ပေါင်း ၁၀,၀၀၀ မြောက်အဖြစ် သြဂုတ်လ ၂၆ ရက်က ဆိုက်ရောက်လာခဲ့သည်။

BRI အားပူးတွဲလုပ်ဆောင်ခြင်းသည် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအတွက်သာမက ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုပုံစံများနှင့် ကမ္ဘာ့အုပ်ချုပ်ရေး တိုးတက်ရန်၊ ကမ္ဘာလုံးဆိုင်ရာစီးပွားရေး ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ရန် အရေးပါသည့် လမ်းကြောင်းတစ်ခုဖြစ်ကြောင်း ရှီက ထောက်ပြခဲ့သည်။

ပြီးခဲ့သည့်နှစ်က နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုအတွက် ခေတ်သစ်ပိုးလမ်းမကြီးဖိုရမ်အား တရုတ်နိုင်ငံက ကျင်းပခဲ့ပြီး နိုင်ငံ ၂၉ နိုင်ငံမှ နိုင်ငံ့ခေါင်းဆောင်များ တက်ရောက်ခဲ့ကြသည်။ နိုင်ငံပေါင်း ၁၄၀ နှင့် နိုင်ငံတကာ အဖွဲ့အစည်း ၈၀ ကျော်မှ တက်ရောက်သူ ၁၆၀၀ ဦးကျော် လာရောက်ပါဝင်ခဲ့ကြောင်း သိရသည်။

“BRI အတွက် ကျယ်ကျယ်ပြန့်ပြန့် ထောက်ပံ့မှုပြုနေတာက ပါဝင်တဲ့နိုင်ငံများ၊ ဖွံ့ဖြိုးဆဲနိုင်ငံများမှ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြင်းပြသောဆန္ဒအား ပြသခြင်းဖြစ်ပါတယ်” ဟု ရှီက ဆိုသည်။

ထို့ပြင် ရှီက အတွေးအမြင်သဘောတရားအရ BRI သည် နိုင်ငံများကို ကွဲပြားမှုဖြစ်စေမည်မဟုတ်ကြောင်းနှင့် မည်သူမျှအကျိုးအမြတ်မရှိသော ကစားပွဲအား ကစားမည်မဟုတ်ကြောင်း၊ ပါဝင်လိုသည့် နိုင်ငံများကိုလည်း ဖိတ်ခေါ်ကြောင်း သမ္မတ ရှီက မှတ်ချက်ပြုလိုက်သည်။

အဆိုပါ ခေတ်သစ်ပိုးလမ်းမကြီး ငါးနှစ်ပြည့်မြောက်သည် အထိမ်းအမှတ်အဖြစ် ပြုလုပ်သော စာတမ်းဖတ်ပွဲ၌ CPC ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အမြဲတမ်းကော်မတီဝင်နှင့် BRI ဖွံ့ဖြိုးတိုးတက်မှု အဆင့်မြှင့်တင်ရေး ဦးဆောင်အဖွဲ့ ခေါင်းဆောင် ဒုတိယဝန်ကြီးချုပ် Han Zheng က သဘာပတိအဖြစ် ဆောင်ရွက်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.