Connect with us

Economy

တရုတ်နိုင်ငံ အနောက်ပိုင်း ကုန်စည်ပြပွဲတွင် ယွမ် ၂၂၉ ဘီလီယံ တန်ဖိုးရှိ သဘောတူစာချုပ်များ လက်မှတ်ရေးထိုး

ချုံချင့်၊ မေ ၂၃ ရက် (ဆင်ဟွာ)

တတိယအကြိမ်မြောက် တရုတ်နိုင်ငံ အနောက်ပိုင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ရေးဆိုင်ရာ နိုင်ငံတကာကုန်စည်ပြပွဲ (WCIFIT) တွင် ကာလတန်ဖိုး ယွမ် ၂၂၈.၅ ဘီလီယံ (အမေရိကန်ဒေါ်လာ ၃၅.၅ ဘီလီယံ) ရှိသော သဘောတူစာချုပ်စုစုပေါင်း ၁၀၂ ခုကို လက်မှတ်ရေးထိုးခဲ့ကြောင်း ပြပွဲဖြစ်မြောက်ရေး စီစဉ်သူများက ပြောကြားခဲ့သည်။လက်မှတ်ရေးထိုးခဲ့သော စာချုပ်များမှာ စမတ်ကုန်ထုတ်လုပ်ရေး၊ နည်းပညာမြင့် ကိရိယာထုတ်လုပ်ရေး၊ အများပြည်သူဆိုင်ရာ အဆောက်အအုံများ၊ ဇီဝဆေးဝါးထုတ်လုပ်ရေးများ၊ သန့်စင်သောစွမ်းအင်နှင့် ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်း စသည့် နယ်ပယ်များ၌ အများဆုံးပါဝင်ကြောင်း ပြပွဲဖြစ်မြောက်ရေးကော်မတီအရ သိရသည်။

တတိယအကြိမ်မြောက် WCIFIT အား ချုံချင့်မြို့တွင် ပြုလုပ်လျက်ရှိပြီး မေ ၂၀ ရက်မှ ၂၃ ရက်အထိ လေးရက်ကြာ ကျင်းပလျက်ရှိသည်။ ယခုနှစ် ကုန်စည်ပြပွဲတွင် ပြခန်း ခန်းမ ၈ ခုနှင့် စီးပွားရေးလုပ်ငန်းရှင်များကြား ရင်းနှီးမြှုပ်နှံမှုနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် အစီအစဉ် ၁၀၀ ကျော် ထည့်သွင်းထားကြောင်း သိရသည်။
—————————————————-
(English Version)

West China trade fair signs deals worth 229 bln yuan

CHONGQING, May 22 (Xinhua) — A total of 102 deals worth 228.5 billion yuan (35.5 billion U.S. dollars) were signed at the third Western China International Fair for Investment and Trade (WCIFIT), organizers said.

The contracts signed were mostly in the areas of smart manufacturing, high-end equipment manufacturing, public facilities, bio-pharmaceuticals, clean energy, and culture and tourism, according to the organizing committee.
The third WCIFIT is taking place in Chongqing and will last four days, from Thursday to Sunday.

This year’s trade fair features eight themed exhibition halls and more than 100 events to promote investment and cooperation between enterprises. Enditem

Photo taken on May 21, 2021 shows a visitor learning earthquake escape knowledge via VR equipment at the third Western China International Fair for Investment and Trade. (Xinhua/Huang Wei)