Connect with us

Economy

တရုတ်-မွန်ဂိုးလီးယား နယ်စပ်ဖြတ်ကျော် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် တည်ဆောက်

တရုတ်နိုင်ငံ Erenhot မြို့နှင့် မွန်ဂိုးလီးယားနိုင်ငံ နယ်စပ် တစ်နေရာအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဟိုးဟော့၊ စက်တင်ဘာ ၁၉ ရက် (ဆင်ဟွာ)

တရုတ်-မွန်ဂိုးလီးယား နယ်စပ်ဖြတ်ကျော် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် တည်ဆောက်ရေးအတွက် တရုတ်နိုင်ငံဘက်ခြမ်းမှ မြေပြင် ပြုပြင်ခြင်း လုပ်ငန်း စက်တင်ဘာလ ၁၉ ရက်တွင် စတင်လုပ်ကိုင်နေပြီ ဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံ Erenhot မြို့နှင့် မွန်ဂိုးလီးယားနိုင်ငံ Zamyn-Uud မြို့တို့အကြားရှိ နယ်စပ် ၁၈ စတုရန်း ကီလိုမီတာရှိ နယ်စပ်နေရာ၌ စီးပွားရေးဇုန် တည်ဆောက်မည် ဖြစ်သည်။
ယင်း ဧရိယာအား ကုန်စည်များ သွင်းကုန်နှင့် ထုတ်ကုန်ပြုလုပ်ခြင်း၊ e-commerce စနစ် လွယ်ကူ ချောမွေ့စေရေး၊ ဖျော်ဖြေရေးနှင့် လုပ်ငန်းပြီးစီးချိန်၌ ငွေကြေးရှင်းလင်းခြင်း စသည့် လုပ်ငန်းစဉ်များနှင့်အတူ နိုင်ငံတကာ ကုန်သွယ်မှုနှင့် ပေါင်းစည်းနိုင်ရန်အတွက် ဒီဇိုင်းရေးဆွဲထားကြောင်း သိရသည်။
ကုန်ကျစရိတ် ယွမ် သန်း ၉၀၀ (အမေရိကန် ဒေါ်လာ ၁၃၅ သန်း) ကုန်ကျနိုင်မည် ဖြစ်ပြီး တရုတ်နိုင်ငံဘက်ခြမ်း အနေဖြင့် ၃၃ ကီလိုမီတာကျော် ရှည်လျားသည့် လမ်းများ၊ ရေနုတ်မြောင်းများ၊ အပူပေးစနစ်၊ လျှပ်စစ်နှင့် ဆက်သွယ်ရေး စနစ် စသည်တို့အား လုပ်ဆောင်ရမည် ဖြစ်သည်။
စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် တည်ဆောက်ရေးအား ၂၀၁၈ ခုနှစ်တွင် ပြီးစီးနိုင်မည်ဟု မျှော်မှန်းထားကြောင်း ဒေသခံမြို့ဆိုင်ရာ အစိုးရက ပြောသည်။
အဆိုပါ စီမံကိန်း တည်ဆောက်ရေးအား တရုတ်နှင့် မွန်ဂိုးလီးယားနိုင်ငံတို့က မေလတွင် လက်မှတ်ရေးထိုးခဲ့ကြောင်း၊ မွန်ဂိုးလီးယားနိုင်ငံဘက်ခြမ်းမှ တည်ဆောက်ရေးအပိုင်းမှာ ပြီးစီးခဲ့ပြီ ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဇုန်သည် တရုတ်၊ မွန်ဂိုလီးယားနှင့် ရုရှား သုံးနိုင်ငံအကြား ပို့ဆောင်ရေး ချိတ်ဆက်မှုနှင့် နယ်စပ်ဒေသအတွင်း စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အတွက် ရည်ရွယ်ထားသည့် စီးပွားရေး စြင်္က ံ တည်ဆောက်ရေးအတွက် အထောက်အပံ့ ဖြစ်စေမည် ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.