Connect with us

Economy

သြဂုတ်လအတွင်း တရုတ်နိုင်ငံရှိ မြို့များတွင် အိမ်ဈေးနှုန်းများ မြင့်တက်ခဲ့

တရုတ်နိုင်ငံရှိ နေအိမ် တိုက်ခန်းများအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ပေကျင်း၊ စက်တင်ဘာ ၁၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံအတွင်းရှိ မြို့ကြီးများ၌ အိမ်အသစ် ဈေးနှုန်းများသည် တစ်လထက်တစ်လ မြင့်တက်လာခြင်း နှင့်အတူ သြဂုတ်လအတွင်း တရုတ်နိုင်ငံ၏ အိမ်ခြံမြေ ဈေးကွက် မြင့်တက်လာခဲ့ကြောင်း စက်တင်ဘာလ ၁၉ ရက်၌ ထုတ်ပြန်လိုက်သည့် တရားဝင် လေ့လာမှု တစ်ခု သိရသည်။

မြို့ကြီးနှင့် အလယ်အလတ် အဆင့်ရှိ မြို့ပေါင်း ၇၀ အား သြဂုတ်လအတွင်း စာရင်းကောက်ယူခဲ့ရာ မြို့ပေါင်း ၆၄ ခုတွင် အိမ်အသစ် ဈေးနှုန်းများသည် တစ်လထက်တစ်လ မြင့်တက်လာကြောင်း တွေ့ခဲ့ရပြီး ဇွန်လတွင် ၅၅ ရာခိုင်နှုန်းနှင့် ဇူလိုင်လတွင် ၅၁ ရာခိုင်နှုန်း စသဖြင့် အသီးသီး မြင့်တက်လာကြောင်း အမျိုးသား ဗဟို စာရင်းအင်း (NBS) က ပြောကြားထားသည်။
ထို့ပြင် မြို့ လေးမြို့ရှိ အိမ်ဈေးနှုန်းများမှမူ တစ်လထက် တစ်လ ကျဆင်းလာခဲ့ကြောင်း၊ ထိုသို့ ကျဆင်းမှုသည် ဇွန်လတွင် ၁၀ ရာခိုင်နှုန်းနှင့် ဇူလိုင်လတွင် ၁၆ ရာခိုင်နှုန်း ရှိကြောင်း NBS အချက်အလက်အရ သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117