Connect with us

Economy

အလီဘာဘာ ကုမ္ပဏီ ပိုင်ရှင်များသည် ၎င်းတို့၏ ရှယ်ယာပိုင်ဆိုင်မှုများအား တိုးမြှင့်

အလီဘာဘာ ကုမ္ပဏီ ဥက္ကဌ ဂျက်မားအားတွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဟန်ကျိုး၊ မတ် ၁ ရက် (ဆင်ဟွာ)

အလီဘာဘာကုမ္ပဏီ ဥက္ကဌ ဂျက်မား နှင့် ဒုတိယဥက္ကဌ Joe Tsai တို့သည် ကိုယ်ပိုင်ငွေကြေးများဖြင့် ၎င်းတို့ ကုမ္ပဏီ၏ စတော့ရှယ်ယာများ ကို စတင်ဝယ်ယူခဲ့ကြောင်း အလီဘာဘာ အုပ်စုက ဖေဖော်ဝါရီလ ၂၉ ၌ပြောကြားခဲ့သည်။

၎င်းတို့ နှစ်ဦး သည် အမေရိကန် ဒေါ်လာ သန်း၅၀၀ တန်ဖိုးရှိသော စတော့ရှယ်ယာဝယ်ယူခြင်းစာချုပ် အား လက်မှတ်ရေးထိုးခဲ့ကြသည်။

၂၀၁၅ခုနှစ် သြဂုတ်လမှ စ၍ အလီဘာဘာသည် ၎င်း၏ စတော့ရှယ်ယာများကို ၂နှစ်အတွင်း အမေရိကန် ဒေါ်လာ ၄ ဘီလီယံ အထိ ပြန်လည်ဝယ်ယူသွားမည့် အစီအစဉ်ကို ကြေညာခဲ့ကြောင်းသိရသည်။

အလီဘာဘာသည် စတော့ရှယ်ယာ ပြန်လည်ဝယ်ယူခြင်း နှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်ကို ထုတ်ဖော်ပြောကြားခြင်း မရှိကြောင်း သိရသည်။

၂၀၁၅ခုနှစ် အောက်တိုဘာလ အကုန်တွင် ဂျက်မားသည် အလီဘာဘာ ၏ ရှယ်ယာ ၇.၈ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားပြီး Tsai က ၃.၂ ရာခိုင်နှုန်းပိုင်ဆိုင်ထားကြောင်း သိရသည်။အလီဘာဘာ ၏ စတော့ဈေးနှုန်းသည် လွန်ခဲ့သည့် ဖေဖော်ဝါရီလ ၂၆ရက်နေ့တွင် ဝ.၃၈ရာခိုင်နှုန်း မြင့်တက်လာပြီး ရှယ်ယာတစ်စုလျှင် အမေရိကန်ဒေါ်လာ ၆၆.၉၁ ဒေါ်လာဖြစ်လာကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.