Connect with us

Economy

ကုန်ပစ္စည်း၏ ဝန်ဆောင်မှုအပေါ် စည်းကြပ်သည့် အခွန် ပြုပြင်ပြောင်းလဲရေးအတွက် နောက်ဆုံးသတ်မှတ်ရက် တရုတ် ထုတ်ပြန်

တရုတ် ဘဏ္ဍာရေးဝန်ကြီး လျူကျိဝေအား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မတ် ၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံတွင် ငွေကြေးနှင့် အခွန်စည်းကြပ်ခြင်း ပြုပြင်ပြောင်းလဲမှု အခြေအနေအရ ခိုင်မာသော အဆင့်တစ် ခုအဖြစ် စက်မှုလုပ်ငန်းများ အားလုံးတွင် ကုန်သွယ်လုပ်ငန်းခွန်နေရာ၌ ကုန်ပစ္စည်း၏ ဝန်ဆောင်မှုအပေါ် စည်းကြပ်သည့် အခွန် (Value-added tax= VAT) အား မေလမတိုင်မီ အစားထိုးမည်ဖြစ်ကြောင်း တရုတ် ဘဏ္ဍာရေးဝန် ကြီး က မတ်လ ၇ ရက်က ပြောကြားလိုက်သည်။

“ပြီးခဲ့တဲ့နှစ်ကစခဲ့တဲ့ VAT ပြုပြင်ပြောင်းလဲရေးလုပ်ငန်းဟာ အစီအစဉ်ထက် နှေးကွေးနေခဲ့ပြီး ဒီနှစ် မေလ ၁ ရက်နေ့မှာတော့ နောက်ဆုံးလုပ်ဆောင်နိုင်ဖို့ရက် သတ်မှတ်ထားတယ်” ဟု တရုတ်နိုင်ငံ အမျိုးသား ကွန်ဂရက် နှစ်ပတ်လည် အစည်းအဝေးနှင့်တွဲလျက် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဘဏ္ဍာရေးဝန်ကြီး လျူကျိဝေ က ပြောသည်။

မေလ ၁ ရက်တွင် စတင်မည့် ကုန်သွယ်လုပ်ငန်းခွန်နေရာ၌ အစားထိုးမည့် VAT သည် ဆောက်လုပ်ရေး လုပ်ငန်း၊ အိမ်ခြံ မြေ၊ ငွေရေးကြေးရေးနှင့် စားသုံးသူဝန်ဆောင်မှု လုပ်ငန်းစသည်များလည်း အကျုံးဝင်မည် ဖြစ်ပြီး လုပ်ငန်းများအနေဖြင့် အခွန်ထမ်းဆောင်ရသည့် ဝန်အား လျှော့ချပေးနိုင်မည် ဟု အမျိုးသား ဥပဒေပြု လွှတ်တော်သို့ တင်သွင်းသည့် အစိုးရ၏ အစီရင်ခံစာ၌ ဝန်ကြီးချုပ် လီခဲ့ချန်က ပြောကြားထားသည်။

ကုန်သွယ်လုပ်ငန်းခွန် ဆိုသည်မှာ စီးပွားရေးလုပ်ငန်းမှ ရရှိသည့် ဝင်ငွေ စုစုပေါင်းအပေါ် စည်းကြပ်ခြင်း ဖြစ်ပြီး VAT မှာမူ အခွန်မဆောင်မီနှင့် ထုတ်လုပ်မှု ကုန်ကျစရိတ် မတိုင်မီ ကုန်ပစ္စည်း တစ်ခု၏ ဈေးနှုန်းအပေါ် စည်းကြပ်ခြင်း ဖြစ်သည်။ကုန်သွယ်လုပ်ငန်းခွန်မှ VAT စနစ်သို့ ပြောင်းလဲမည့် ကနဦး စီမံချက်အား ၂၀၁၂ ခုနှစ်၌ စမ်းသပ်ခဲ့သည်။

၂၀၁၂ ခုနှစ်မှ ၂၀၁၅ ခုနှစ် ပထမနှစ်ဝက် တိုင်းတာချက်အရ အခွန်ငွေ ယွမ် ၄၈၄.၈ ဘီလီယံ (အမေရိကန်ဒေါ် လာ ၇၅ ဘီလီယံ) ကျော် ရရှိခဲ့ပြီး ယင်းကာလအတွင်း ဂျီဒီပီ ဝ.၂ ရာခိုင်နှုန်း တိုးတက်လာခဲ့ကြောင်း ဖက်စပ် ရင်းနှီးမြှုပ်နှံမှုဘဏ် China International Corp လီမိတက်၏ အစီရင်ခံစာအရ သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.