Connect with us

Environment, Disasters & Accidents

တရုတ်နိုင်ငံ၌ ယခုနှစ်အတွက် ပထမဆုံး ပန်ဒါဝက်ဝံ အထီး-အမ အမွှာနှစ်ကောင် မွေးဖွား


ချန်ဒူး ၊ ဇွန် ၆ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံအနောက်တောင်ပိုင်း စီချွန်းပြည်နယ်တွင် ဇွန်လ ၅ ရက် နံနက်ပိုင်းက ယခုနှစ်အတွက် ပထမဆုံး ပန်ဒါဝက်ဝံ အထီး-အမ အမွှာနှစ်ကောင် မွေးဖွားခဲ့ကြောင်း သိရသည်။

ပန်ဒါမကြီး ယယန်(Ya Yun) သည် ချန်ဒူး ပန်ဒါသားဖေါက် သုတေသနစင်တာ၌ ပန်ဒါဝက်ဝံအမွှာနှစ်ကောင်ကို မွေးဖွားပေးခဲ့ခြင်းဖြစ်သည်။

သားပေါက် ပန်ဒါဝက်ဝံအမသည် ကိုယ်အလေးချိန် ၁၃၅.၃ ဂရမ် ရှိပြီး ၎င်းကို ဒေသစံတော်ချိန် နံနက် ၈ နာရီ ၂ဝ မိနစ်တွင် မွေးဖွားခဲ့သည်။ နောက် ၉ မိနစ်အကြာတွင် ပန်ဒါဝက်ဝံအထီးကို မွေးဖွားခဲ့ခြင်းဖြစ်ကြောင်း နှင့် ၎င်းမှာ ကိုယ်အလေးချိန် ၁၄၈.၈ ဂရမ်ရှိကြောင်း သိရသည်။

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း၌ ပန်ဒါဝက်ဝံ အမွှာ သားပေါက်နှစ်ကောင်အား နို့တိုက်ကျွေးနေစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း၌ ပန်ဒါဝက်ဝံ အမွှာ သားပေါက်နှစ်ကောင်အား နို့တိုက်ကျွေးနေစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း၌ ပန်ဒါဝက်ဝံ အမွှာ သားပေါက်နှစ်ကောင်အား နို့တိုက်ကျွေးနေစဉ်(ဆင်ဟွာ)

“ ဒီနှစ်ကောင်ကတော့ ယခုနှစ်အတွက် ပထမဆုံး ပန်ဒါဝက်ဝံ အထီးအမ အမွှာစုံတွဲ တစ်ခုပဲ။ ပန်ဒါအမေရော ပန်ဒါပေါက်လေးနှစ်ကောင်ရော အားလုံး ကျန်းမာရေး ကောင်းကြပါတယ်” ဟု စင်တာမှ ဝန်ထမ်းတစ်ဦးက ဆိုသည်။

ပန်ဒါဝက်ဝံမကြီး ယယန် ကို ၂ဝ၁ဝ ပြည့်နှစ် စက်တင်ဘာ ၁ဝ ရက်တွင် မွေးဖွားခဲ့ပြီး ၎င်းသည် ၁၉၉ဝ ပြည့်နှစ်တွင် ကျင်းပခဲ့သည့် ပေကျင်းအာရှအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားနေ့၌ မွေးဖွားခဲ့သော ပန်ဒါဝက်ဝံ ယယ ( Ya Ya) ၏ အငယ်ဆုံး သားပေါက်ကလေးဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.