Connect with us

Environment, Disasters & Accidents

တရုတ်နိုင်ငံ၏ စိမ့်မြေအရပ်နယ်မြေက ကမ္ဘာ့နံပါတ်လေး အဆင့်သတ်မှတ်ထား

ကွေ့ယန်၊ ဇူလိုင် ၁၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံတွင် စိမ့်မြေအရပ် (Wetland) နယ်မြေ ၅၃.၆ သန်းဟက်တာရှိကြောင်း၊ ယင်းအကျယ်အဝန်းသည် အာရှတွင် အကြီးဆုံးဖြစ်ပြီး ကမ္ဘာပေါ်တွင် စတုတ္ထအကြီးဆုံးဖြစ်ကြောင်း တရားဝင် အချက်အလက်များက ဖော်ပြထားသည်။

တရုတ်နိုင်ငံ ကွေ့ကျိုးပြည်နယ် အနောက်တောင်ဘက်တွင် ပြုလုပ်သော ကမ္ဘာလုံးဆိုင်ရာ ဂေဟစ်နစ်ဖိုရမ် နှစ်ပတ်လည်ညီလာခံ၌ အမျိုးသား သစ်တောနှင့် မြက်ခင်းပြင်စီမံအုပ်ချုပ်ရေးက ထုတ်ပြန်သည့် စာရင်းအင်းအရ သိရသည်။

တရုတ်နိုင်ငံ၏ စိမ့်မြေအရပ် ဂေဟစနစ်တွင် အပင်မျိုးစိတ် ၄၂၂၀ နှင့် တိရစ္ဆာန်မျိုးစိတ်၂၃၁၂ ရှိကြောင်း၊ စိမ့်မြေအရပ် ကာကွယ်ရေးနှုန်းမှာ ၄၉ ရာခိုင်နှုန်းအထိရှိလာပြီဖြစ်ကြောင်း စာရင်းဇယား၌ ဖော်ပြထားသည်။

china

တရုတ်နိုင်ငံတွင် စိမ့်မြေအရပ်ဆိုင်ရာ ထောက်ပံ့ရေးမူဝါဒနှင့် ဘဏ္ဍာရေးရင်းနှီးမြှုပ်နှံမှု တိုးမြင့်လာသည်နှင့်အမျှ စိမ်မြေအရပ် ကာကွယ်ရေးတွင် မှတ်သားလောက်ဖွယ် ရလဒ်များ ရရှိခဲ့ကြောင်း အမျိုးသား သစ်တောနှင့် မြက်ခင်းပြင်စီမံအုပ်ချုပ်ရေး ဒုတိယ ညွှန်ကြားရေးမှူး လီချွမ်းလျန်က ပြောကြားခဲ့သည်။

၂၀၁၃ ခုနှစ်မှ ၂၀၁၇ ခုနှစ်အတွင်း ဗဟိုမှ ရင်းနှီးမြှုပ်နှံမှုမှာ ယွမ် ၈.၁၅ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁.၂၃ ဘီလီယံ) ရှိခဲ့ကြောင်း၊ စိမ့်မြေအရပ် ကာကွယ်ရေးနှင့် ထိန်းသိမ်းရေး စီမံချက် ၁၅၀၀ ကျော်အတွက် သုံးစွဲခဲ့ကြောင်း လီ၏ အဆိုအရ သိရသည်။

၂၀၃၅ ခုနှစ်တွင် တရုတ်နိုင်ငံ စိမ့်မြေအရပ် ဂေဟစနစ် အရည်အသွေး သိသိသာသာ တိုးတက်လာမည် ဖြစ်ကြောင်း လီက ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.