Connect with us

Environment, Disasters & Accidents

တရုတ်နိုင်ငံ ဟောင်ကောင်နှင့် တောင်ပိုင်းဒေသများသို့ တိုင်ဖွန်းမုန်တိုင်း ဟတ်တို တိုက်ခတ်

တရုတ်နိုင်ငံ တောင်ပိုင်းတွင် ဟတ်တို တိုင်ဖွန်းမုန်တိုင်း တိုက်ခတ်နေစဉ် (ဆင်ဟွာ)

ကွေ့ကျိုး၊ သြဂုတ် ၂၃ ရက် (ဆင်ဟွာ)

ယခုနှစ်၏ ၁၃ လုံးမြောက် တိုင်ဖွန်းမုန်တိုင်းအဖြစ် ဟတ်တို (Hato) သည် ယနေ့ (သြဂုတ်လ ၂၃ ရက်) နံနက်ပိုင်းက မကာအိုနှင့် ဟောင်ကောင်ဒေသများသို့ ဝင်ရောက်ခဲ့ရာ ဟောင်ကောင်၌ ရုံးများနှင့် ကျောင်းများ ပိတ်ထားခဲ့ရပြီး လူ သုံးဦး သေဆုံးကာ လေယာဉ်ခရီးစဉ်များလည်း ဖျက်သိမ်းခဲ့ရကြောင်း သိရသည်။

အဆိုပါ ဟတ်တိုမုန်တိုင်းသည် သြဂုတ်လ ၂၃ ရက် မွန်းတည့်ချိန်တွင် တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုံပြည်နယ် ကျူဟိုင်မြို့အတွင်း လေတိုက်နှုန်း တစ်စက္ကန့်လျှင် ၄၅ မီတာနှုန်းဖြင့် တိုက်ခတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဟတ်တို တိုင်ဖွန်းမုန်တိုင်းသည် အနောက်ဘက်သို့ ရွေ့လျားသွားခဲ့ပြီး ကွမ်ရှီးကျောင်း ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသတွင် သြဂုတ်လ ၂၃ ရက် ညပိုင်းအထိ အပူပိုင်း မုန်တိုင်းအဖြစ် အားလျော့သွားနိုင်မည် ဖြစ်ကြောင်း အမျိုးသား မိုးလေဝသ စင်တာက ပြောသည်။

မိုးလေဝသစင်တာ၏ ခန့်မှန်းချက်အရ ကွမ်တုံ၊ ကွမ်ရှီးနှင့် ဟိုင်နန် ကမ်းရိုးတမ်းများ၌ လေတိုက်နှုန်း အဆင့် ၇ မှ ၁၀ အထိ ရှိနိုင်ကြောင်း ခန့်မှန်းထားသည်။

အဆိုပါ တိုင်ဖွန်းမုန်တိုင်း တိုက်ခတ်သည့် အရှိန်ကြောင့် ဒေသအတွင်း မိုးသည်းထန်စွာ ရွာသွန်းခဲ့ကြောင်း၊ ကွမ်တုံနှင့် ကွမ်ရှီးတို့တွင် မိုးရေချိန်လက်မ ၂၅၀ မှ ၃၀၀ မီလီမီတာ အထိရှိကြောင်း သိရသည်။

မုန်တိုင်း၏ အရှိန်ကြောင့် တောင်ကျရေများနှင့် မြေပြိုခြင်းများ စသည့် သဘာဝဘေးအန္တရာယ်များအား သတိထား စောင့်ကြည့်ရန် မိုးလေဝသစင်တာက တိုက်တွန်းထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.