Connect with us

Environment, Disasters & Accidents

မြေပြိုမှုတွင် နစ်မြုပ်သူများအားလုံးကို ကယ်တင်ရန် တရုတ် သမ္မတ ရှီကျင့်ဖိန် တိုက်တွန်း

တရုတ်နိုင်ငံ အနောက်တောင်ဘက် စီချွမ်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် မြေပြိုမှုတွင် ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇွန် ၂၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်တောင်ဘက် စီချွမ်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် မြေပြိုမှုကြောင့် နစ်မြုပ်သွားသူများ အားလုံးကို ဖြစ်နိုင်သည့် နည်းလမ်းများ အားလုံး အသုံးပြု၍ ကယ်ဆယ်ရန် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ညွှန်ကြားခဲ့ကြောင်း သိရသည်။

အဆိုပါ မြေပြိုမှုမှာ ဒေသစံတော်ချိန် နံနက် ၆း၀၀ နာရီခန့်က တိဘက်ဒေသရှိ တောင် တစ်လုံး၏ ထိပ်ဆုံးပိုင်း ပြိုကျခဲ့ခြင်း ဖြစ်ပြီး ချန်း ကိုယ်ပိုင်အုပ်ချုပ်ခွင့် စီရင်စု၊ ချင်းမိုကျေးရွာရှိ နေအိမ် ၆၂ လုံး လူပေါင်း ၁၀၀ ကျော် မြေမြုပ်ခဲ့ပြီး ယင်း ဒေသရှိ မြစ် တစ်စင်းမှာလည်း ၂ ကီလိုမီတာခန့် ပိတ်ဆို့သွားခဲ့သည်။

အပျက်အစီးများအား လျော့ပါးရေးနှင့် နောက်ဆက်တွဲ သဘာဝဘေးကို ကာကွယ်ရန် အစွမ်းကုန် အားထုတ် လုပ်ဆောင်ကြရန် ရှီက ပြောသည်။

ထို့ပြင် သဘာဝဘေးကြောင့် မိသားစုဝင် ပျောက်ဆုံးခဲ့ရသူများနှင့် ဆုံးရှုံးခဲ့မှုများအတွက် သင့်လျော်သော စောင့်ရှောက်မှုများ ပေးရမည် ဖြစ်ကြောင်း သမ္မတ ရှီ၏ ညွှန်ကြားချက်တွင် ပါရှိသည်။

ဒါ့အပြင် ရှီက မြေပြိုမှု ဖြစ်ပွားရာနေရာသို့ ကယ်ဆယ်ရေးအဖွဲ့ တစ်ဖွဲ့ စေလွှတ်ရန် နိုင်ငံတော် ကောင်စီ၊ တရုတ် အစိုးရထံလည်း ညွှန်ကြားထားသည်။

တရုတ်နိုင်ငံသည် ရေကြီးသည့် ရာသီရောက်ရှိလာသဖြင့် ပြည်သူများ၏ ဘဝများနှင့် နေအိမ် ပိုင်ဆိုင်မှုများ ဘေးကင်းလုံခြုံရေးအတွက် သဘာဝဘေး ကာကွယ်ရေး အခိုင်အမာ လုပ်ဆောင်သင့်ကြောင်း နိုင်ငံတစ်ဝန်းရှိ အစိုးရများအား ညွှန်ကြားထားခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.