Connect with us

Environment, Disasters & Accidents

၂၀၁၇ခုနှစ်အတွင်း ပေကျင်းမြို့ ၌ ပန်းခြံအသစ် ၁၅ခု ထပ်မံတည်ဆောက်သွားမည်

ပေကျင်းမြို့ ရှိ နွေရာသီနန်းတော်အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ပေကျင်း၊ သြဂုတ် ၂၈ ရက် (ဆင်ဟွာ)

ပေကျင်းမြို့၌ ၂၀၁၇ခုနှစ်အတွင်း ပန်းခြံအသစ် ၁၅ခု ထပ်မံတည်ဆောက်သွားမည်ဖြစ်ကြောင်း ဒေသခံအာဏာပိုင်များကပြောကြားခဲ့သည်။

ယင်းပန်းခြံများတည်ဆောက်ပြီးစီးပါက ပေကျင်းမြို့၌နေထိုင်သူ ၇၇ရာခိုင်နှုန်းသည် ၎င်းတို့၏ နေအိမ်မှ ၅၀၀မီတာ အကွာအတွင်း၌ ပန်းခြံတစ်ခုစီရှိလာမည်ဖြစ်ကြောင်း မြေယာ နှင့် သစ်တော စည်ပင်သာယာရေးဗျူရို က ပြောကြားခဲ့သည်။မြို့တော် တည်ဆောက်ပုံအစီအစဉ်အရ ၂၀၂၀ခုနှစ် တွင် အလားတူခံစားခွင့်အား ပေကျင်းမြို့နေသူ ၈၀ရာခိုင်နှုန်း ရရှိရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ပေကျင်းမြို့တွင် နွေရာသီနန်းတော် နှင့် ထျန်းထန်ပန်းခြံ (ကောင်းကင်ဘုံကျောင်းတော်) အပါအဝင် မှတ်ပုံတင်ထားသည့် ပန်းခြံပေါင်း ၄၀၃ခုရှိပြီး ၎င်းတို့အနက် ၃၆၃ခုမှာ မြို့ပြဒေသတွင်တည်ရှိကာ မြေဟက်တာစုစုပေါင်း ၁၃,၈၀၀ ဟက်တာကို လွှမ်းခြုံထားကြောင်း ဗျူရိုမှတာဝန်ရှိသူတစ်ဦးဖြစ်သည့် လျိုလီလီ ကပြောကြားခဲ့သည်။လျိုက ပေကျင်းမြို့ရှိ ပန်းခြံများသို့ တစ်နှစ်လျှင် လာရောက်လည်ပတ်သူ သန်း ၃၀၀နီးပါးရှိပြီး မြို့ပြပန်းခြံ ၈၈ရာခိုင်နှုန်းကျော်သို့ အများပြည်သူများ အခမဲ့ဝင်ရောက်နိုင်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.