Connect with us

Environment, Disasters & Accidents

တရုတ်နိုင်ငံတွင် ပန်ဒါကြီးမျိုး အကောင်ရေ ၄၂၂ ကောင် ကို ထိန်းသိမ်း စောင့်ရှောက်


ပေကျင်း၊ ဇန်နဝါရီ ၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံတွင် ပန်ဒါကြီးမျိုး ၄၂၂ ကောင်ကို ထိန်းသိမ်း စောင့်ရှောက် ခဲ့သည်မှာ ယခုအထိ အသက်ရှင် ကျန်ရစ်နှုန်း ၈၈ ရာခိုင်နှုန်း ရှိကြောင်း နိုင်ငံပိုင် သစ်တောရေးရာ စီမံခန့်ခွဲရေး (SFA) က ဇန်နဝါရီလ ၇ ရက် နေ့တွင် ပြောကြားခဲ့သည်။

၂၀၁၅ ခုနှစ် တွင် ပန်ဒါ ၄၃ ကောင် ပေါက်ဖွားခဲ့ပြီး ပန်ဒါအမွှာ ၂၈ ကောင် အပါအဝင် အကောင် ၄၀ အသက်ရှင် ကျန်ရစ်ခဲ့ကြောင်း SFA ၏ ထုတ်ပြန်ချက် အရ သိရသည်။

တရုတ်နိုင်ငံတွင် ထိန်းသိမ်း စောင့်ရှောက်ထားသည့် ပန်ဒါကြီးမျိုး တစ်ကောင်အား တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် ၂၀၂၀ ခုနှစ်တွင် ထိန်းသိမ်း စောင့်ရှောက် ထားသည့် ပန်ဒါကြီးမျိုး အရေအတွက် ကို ၅၀၀ အထိ တိုးတက်လာ စေရန် မျှော်မှန်း ထားကြောင်း သိရသည်။

တရုတ်နိုင်ငံ တောနက်များထဲ၌ သဘာဝအတိုင်း ကျင်လည် ကျက်စားနေသည့် ပန်ဒါကြီးမျိုး အရေအတွက် စုစုပေါင်း ၁,၈၆၅ ကောင် ရှိကြောင်း သိရသည်။ တရုတ်နိုင်ငံ တွင် ပန်ဒါ ဘေးမဲ့တော ၆၇ ခုရှိကာ ပန်ဒါများ နေထိုင်ရာ အသိုက်အမြုံ ၅၃.၈ ရာခိုင်နှုန်းနှင့် တောရိုင်း တိရစ္ဆာန် ဦးရေ ၆၆.၈ ရာခိုင်နှုန်းကို ဖုံးလွှမ်း ပေးထားကြောင်း သိရသည်။ လွန်ခဲ့သည့် ငါးနှစ်က ပန်ဒါကြီးမျိုး ၄ ကောင်ကို တောနက်ထဲသို့ အောင်မြင်စွာ လွှတ်ပေးနိုင်ခဲ့ပြီး SFA အနေဖြင့် ထိုသို့ ဆက်လက် လွှတ်ပေးသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.