Connect with us

Environment, Disasters & Accidents

လေထုညစ်ညမ်းမှု ပြုလုပ်သည့် လုပ်ငန်းငယ် ၂,၅၀၀ ကို တရုတ် ပိတ်သိမ်းမည်

ပေကျင်းတွင် မီးခိုးမြူများ ဖုံးလွှမ်းနေစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇန်နဝါရီ ၁၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် ၂၀၁၆ ခုနှစ်အတွင်း နောက်ဆုံးပေါ် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကာကွယ်မှု အဖြစ် လေထု ညစ်ညမ်းမှု ထုတ်လွှတ်သည့် လုပ်ငန်းငယ်ပေါင်း ၂,၅၀၀ ကို လုပ်ငန်း ပိတ်သိမ်းမည် ဖြစ်ကြောင်း ပေကျင်း စည်ပင်သာယာ အုပ်ချုပ်ရေး အဖွဲ့က ပြောသည်။

ယခုနှစ် နှစ်ကုန်ပိုင်းတွင် ဖိန်တိုင်၊ ဖိန်ရှန်၊ တန်ကျိုးနှင့် ဒါရှင်း ခရိုင်များ၌ လေထုညစ်ညမ်းမှု ပြုလုပ်သော လုပ် ငန်းငယ် ၂,၅၀၀ အား ပိတ်သိမ်းရန် ရှိပြီး ယင်းလုပ်ငန်းစဉ်သည် မြို့တော် တစ်ခုလုံးတွင် ၂၀၁၇ ခုနှစ်အထိ လုပ်ဆောင်သွားမည် ဖြစ်သည်။

လက်ရှိနှစ်များအတွင်း တရုတ်နိုင်ငံ မြို့တော်အတွင်းရှိ နည်းပညာမြင့် စွမ်းအင်သုံး လုပ်ငန်းများ၏ လေထု ညစ်ညမ်းမှု ကြီးမားစွာ ထုတ်လွှတ်ခြင်းအား လက်တွေ့ လျှော့ချနိုင်ရေး လုပ်ဆောင်သွားမည် ဖြစ်သည်။ သို့သော်လည်း စားသောက်ဆိုင်များ၊ ဟိုတယ်များ၊ ဓာတ်ဆီဆိုင်များနှင့် အများသုံး ရေချိုးခန်းများ စသည့် လေထုညစ်ညမ်းမှု အနည်းအကျဉ်း ထုတ်လုပ်သည့် လုပ်ငန်းများကတော့ တိုးမြင့်လာလျက်ရှိကြောင်း ဇန်နဝါ ရီလ ၈ ရက်က ပြောသည်။

ထိုသို့ လုပ်ဆောင်ရခြင်း၏ ရည်ရွယ်ချက်မှာ လာမည့် နှစ်နှစ်အတွင်း မြို့တွင်း ခြောက်မြို့နယ်၌ ကျောက်မီး သွေး သုံးစွဲမှု တားမြစ်ခြင်းနှင့် ငါးနှစ်အတွင်း အိမ်ထောင်စု ၆၀၀,၀၀၀ အား ကျောက်မီးသွေးမှ သန့်စင်သော စွမ်းအင် သုံးစွဲနိုင်ရေး အတွက် အကူအညီပေးနိုင်ရန် ဖြစ်သည်။

ယခုနှစ် ဆောင်းရာသီတွင် မီးခိုမြူ အကြီးအကျယ် ထူထပ်မှုများကြောင့် မြို့တော် ပေကျင်းတွင် ၂၀၁၆ ခုနှစ် အတွင်း ကျောက်မီးသွေး သုံးစွဲမှု တန် ၅၀၀,၀၀၀ လျှော့ချရန် စီစဉ်ထားပြီး ၂၀၂၀ ခုနှစ်တွင် မြို့တော် အတွင်းရှိ ကျောက်မီးသွေးသုံး ဘွိုင်လာများအားလုံး ပိတ်သိမ်းသွားမည် ဖြစ်သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.