Environment, Disasters & Accidents
ယန်စီမြစ် သင်္ဘော နစ်မြုပ်မှုတွင် သေဆုံးသူ ၃၉၆ ဦး အထိရှိလာ ၊ ၄၆ ဦး ပျောက်ဆုံးနေဆဲ

ဝူဟန့် ၊ ဇွန်လ ၆ ရက် (ဆင်ဟွာ)
ဇွန်လ ၆ ရက်နေ့ ဒေသ စံတော်ချိန် နေ့လည် ၂ နာရီတွင် ပြုလုပ်သည့် ယန်စီ မြစ် သင်္ဘော နစ်မြုပ်မှု သတင်းစာ ရှင်းလင်းပွဲတွင် ဇွန်လ ၆ ရက်နေ့ နေ့လည် ၁၂ နာရီ အထိ သေဆုံးသူ ဦးရေ ၃၉၆ ဦး ရှိကြောင်း အတည်ပြု နိုင်ခဲ့ပြီး ၁၄ ဦး အသက်ရှင်ကာ ၄၆ ဦး ပျောက်ဆုံးနေဆဲ ဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။
ယန်စီမြစ်အတွင်း နစ်မြုပ်ခဲ့သော“Eastern Star” သင်္ဘောကို ပြန်လည် တည့်မတ် ပြီးနောက် သင်္ဘောကိုယ်ထည် အတွင်း ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေသည်ကို ဇွန်လ ၆ ရက်နေ့က တွေ့ရစဉ် (ဆင်ဟွာ)
ဇွန်လ ၅ ရက်နေ့က “Eastern Star” သင်္ဘောအား ပြန်လည် တည့်မတ် ပြီးနောက် ရေအောက် ရှာဖွေရေး နှင့် သင်္ဘော ကိုယ်ထည် အတွင်း ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းများအာ တစ်ပြိုင်တည်း ဆောင်ရွက် လျှက်ရှိသည်။ ဇွန်လ ၆ ရက်နေ့ မနက်ပိုင်း အထိ ကယ်ဆယ်ရေး အဖွဲ့ဝင်များ မှ သင်္ဘော ကိုယ်ထည် အတွင်း ၁၀ နာရီကြာ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
ယန်စီမြစ် သင်္ဘောနစ်မြုပ်မှုအတွက် ဆောင်ရွက်နေသော ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများအကြောင်းကို ဇွန်လ ၆ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားနေစဉ် (ဆင်ဟွာ)
ယန်စီမြစ် အတွင်း ကယ်ဆယ်ရေး နေရာ ၈ ခု တိုးမြှင့်၍ စုစုပေါင်း ကယ်ဆယ်ရေးနေရာ ၂၇ ခု သတ်မှတ်ခဲ့ပြီး ကယ်ဆယ်ရေး အဖွဲ့ဝင် ၃၃၈၄ ဦးပါဝင်သည့် သင်္ဘော ၁၉၇ စီးဖြင့် ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက် နေကြောင်း သိရှိရသည်။ (Xinhua)