Connect with us

Environment, Disasters & Accidents

တရုတ် နိုင်ငံ၏ ယန်စီမြစ် သင်္ဘော မတော်တဆ ဖြစ်ပွားမှုအပေါ် တစ်ကမ္ဘာလုံး ဝမ်းနည်း ပူဆွေး

သင်္ဘော မတော်တဆဖြစ်ပွားမှုကြောင့် သေဆုံးသွားသော အလောင်းတစ်လောင်းအား ကယ်ဆယ်ရေးသမားများက ဇွန်လ ၃ ရက်နေ့တွင် ယန်စီမြစ်အတွင်းမှ ဆယ်ယူနေစဉ် (ဆင်ဟွာ)

ပေကျင်း ၊ ဇွန် ၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံတွင် ဖြစ်ပွားခဲ့သော ယန်စီမြစ်အတွင်း သင်္ဘောနစ်မြုပ်မှုသည် နှစ်ပေါင်း (၇၀) အတွင်း အဆိုးဝါးဆုံး သဘောၤ နစ်မြုပ်ခြင်း ဖြစ်ပြီး ထိုဖြစ်ရပ် အပေါ် နိုင်ငံပေါင်း များစွာနှင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများက ဝမ်းနည်းကြောင်း ပေးပို့ခဲ့သည်။

လူပေါင်း ၄၅၀ ကျော်လိုက်ပါလာသည့် Eastern Star သင်္ဘောသည် Hubei ပြည်နယ် Jianli တွင် လေဆင်နှာမောင်း ကြောင့် ယန်စီမြစ်တွင်း၌ ဇွန်လ ၁ ရက်နေ့ ညတွင် နစ်မြုပ်ခဲ့သည်။ယနေ့ နံနက် ၁၁ နာရီ အထိ ရရှိသော စာရင်းများအရ ခရီးသည် ၁၅ ဦးကို ကယ်ဆယ်နိုင်ခဲ့ပြီး အလောင်း ၁၈ လောင်း ရှာဖွေ တွေ့ရှိခဲ့ကြောင်း သိရသည်။ထို ဝမ်းနည်းဖွယ် ဖြစ်ရပ် အပေါ် နိုင်ငံပေါင်း များစွာနှင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်း များက တရုတ်ပြည်သူများ နှင့် ထပ်တူ ဝမ်းနည်းကြောင်း အသက်ရှင် ကျန်ရစ်သူ များလာစေရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းအနေဖြင့် နစ်မြုပ် သင်္ဘောပေါ်တွင် ပါဝင် သူများ၏ မိသားစုများ အတွက်လည်း လွန်စွာ ဝမ်းနည်းရပါကြောင်း၊ တရုတ်နိုင်ငံနှင့် ပြည်သူများ အတွက်လည်း လွန်စွာ စာနာမိပါကြောင်း၊ အသက်ရှင် ကျန်ရစ်သူ ဦးရေ များစေရန် ၎င်းအနေဖြင့် ထက်သန်စွာ မျှော်လင့်ကြောင်း ပြောကြားခဲ့သည်ဟု ဘန်၏ ပြောရေးဆိုခွင့် ရှိသူ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အိန္ဒိယ နိုင်ငံ ဝန်ကြီးချုပ် Narendra Modi ကလည်း ထိုသတင်းကြောင့် လွန်စွာ စိတ်မကောင်း ဖြစ်ရပါကြောင်း နှင့် သင်္ဘောပေါ်မှ ပျောက်ဆုံးနေသောသူများ အန္တရာယ် ကင်းရှင်းစေရန် ဆုတောင်းကြောင်း ဇွန်လ ၂ ရက်နေ့တွင် ပြောကြားသည်။

ထို့ပြင် တရုတ်နိုင်ငံ လူမှုကွန်ရက်ရှိ အိန္ဒိယ ဝန်ကြီးချုပ် ၏ တရားဝင် Weibo အကောင့် စာမျက်နှာတွင်လည်း “ အကုန်လုံး ဘေးအန္တရာယ် ကင်းရှင်းဖို့ ဆုတောင်းပါတယ်” ဟု လေးလေးနက်နက် ဆုတောင်း ပေးထားသည်။

ဥရောပ သမဂ္ဂ ကလည်း နစ်မြုပ် သင်္ဘောပေါ်က တရုတ် ခရီးသည်များ အတွက် ဝမ်းနည်းကြောင်း ပြောကြားခဲ့ သည်။“ ပျောက်ဆုံး နေသူများကို ရှာဖွေရေး လုပ်ငန်းတွေ အောင်မြင်မယ်လို့ ကျွန်တော်တို့ မျှော်လင့် ပါတယ်။ ကျွန်တော်တို့ အနေနဲ့ မိသားစုဝင်တွေကို ဆုံးရံှုးလိုက်ရတဲ့ မိသားစုတွေ အတွက်လည်း ဝမ်းနည်းကြောင်း ပြောကြားချင်ပါတယ်” ဟု ဥရောပ သမဂ္ဂ အဖွဲ့ EEAS ( External Action Service) မှ ပြောရေးဆိုခွင့် ရှိသူ က ပြောကြားသည်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Marie Harf ကလည်း အမေရိကန် နိုင်ငံအနေဖြင့် တရုတ်နိုင်ငံ နှင့် သက်ဆိုင်ရာ မိသားစုများအတွက် လွန်စွာ ဝမ်းနည်းကြောင်း ပြောကြား ခဲ့သည်။ပြင်သစ် နိုင်ငံခြားရေး ဝန်ကြီး ဌာနက ပြောရေးဆိုခွင့် ရှိသူ Romain Nadal ကလည်း “ ထိခိုက် ခံစားရသူ မိသားစုများနှင့် ထပ်တူ ဝမ်းနည်းကြောင်း” ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်သည် သင်္ဘော နစ်မြုပ်ရာသို့ ဇွန်လ ၂ ရက်နေ့ နံနက်တွင် ရောက်ရှိခဲ့ပြီး ပျောက်ဆုံး နေသူ များကို ဖြစ်နိုင်ချေ ရှိသည့် နေရာတိုင်းတွင် အချိန်နှင့်အမျှ ရှာဖွေရန် ကွင်းဆင်းလေ့လာ ညွှန်ကြား ထားသည်။

လီသည် ရှာဖွေရေး လုပ်ငန်းစဉ်များ ၊ စုံစမ်းမှု များအတွက် လုံလောက်သည့် ငွေအား၊ လူအားများဖြင့် ပံ့ပိုး ပေးရန် ညွှန်ကြားထားသည်။

Eastern Star သင်္ဘော ပေါ်တွင် ခရီးသည် ၄၀၅ ဦး ၊ ဧည့်လမ်းညွှန် ၅ ဦး ၊ သဘောၤ ဝန်ထမ်း ၄၆ ဦး တို့ စီးနင်း လိုက်ပါလာပြီး ယန်စီမြစ် အတွင်းတွင် လေဆင်နှာမောင်း တိုက်ခတ်ခြင်းကြောင့် နစ်မြုပ်ခဲ့ခြင်း ဖြစ်သည်။ခရီးသည် အများစုသည် ရှန်ဟိုင်း နှင့် Jiangsu ဒေသ တို့မှ ဖြစ်ပြီး အသက် ၃ နှစ် နှင့် ၈၃ နှစ် အကြား အသက်အရွယ် များ ဖြစ်ကြသည်။ (Xinhua)