Connect with us

China

တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ CPC ဗဟိုကော်မတီ နိုင်ငံခြားရေးရာ ကော်မရှင်ရုံးအကြီးအကဲ ဝမ်ရိနှင့် နယူးဇီလန်နိုင်ငံခြားရေးဝန်ကြီး Nanaia Mahuta တွေ့ဆုံဆွေးနွေး

တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ CPC ဗဟိုကော်မတီ နိုင်ငံခြားရေးရာ ကော်မရှင်ရုံးအကြီးအကဲ ဝမ်ရိသည် နယူးဇီလန်နိုင်ငံခြားရေးဝန်ကြီး Nanaia Mahutaနှင့် မတ် ၂၄ ရက်က ပေကျင်းမြို့တွင် တွေ့ဆုံစဉ်(ဆင်ဟွာ)

ပေကျင်း၊ မတ် ၂၅ ရက် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ CPC ဗဟိုကော်မတီ နိုင်ငံခြားရေးရာ ကော်မရှင်ရုံးအကြီးအကဲ ဝမ်ရိသည် နယူးဇီလန်နိုင်ငံခြားရေးဝန်ကြီး Nanaia Mahutaနှင့် မတ် ၂၄ ရက်က ပေကျင်းမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။

ထိုသို့ တွေ့ဆုံရာတွင် ဝမ်ရိက တရုတ်-နယူးဇီလန် နှစ်နိုင်ငံ ဆက်ဆံရေးသည် တရုတ်နိုင်ငံနှင့် အနောက်တိုင်း ဖွံ့ဖြိုးပြီးနိုင်ငံများ ဆက်ဆံရေး၏ အရှေ့တွင် ရေရှည်တည်ရှိခဲ့ကြောင်း ပြောကြားခဲ့သည်။ မိမိတို့သည် နယူးဇီလန်နိုင်ငံအား အဓိက ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်အဖြစ် ရှုမြင်ရာ တရုတ်-နယူးဇီလန်ဆက်ဆံရေး သေချာမှု၊ တည်ငြိမ်မှု ရှိသည့်အပေါ် ယုံကြည့်ချက် အပြည့်အဝ ရှိကြောင်း ၊ နှစ်နိုင်ငံအနေဖြင့် ဦးစားပေးအခန်းကဏ္ဍကို ဆက်လက်ကောင်းမွန်စွာ ဖော်ဆောင်သွားရမည် ဖြစ်ရာ အပြန်အလှန် ယုံကြည်မှု တိုးပွားစေရန်၊ ဘုံအကျိုးဖြစ်ထွန်းမှုကို ဖော်ဆောင်ရန်၊ နှစ်နိုင်ငံဆက်ဆံရေးကို ခေတ်သစ်အနက်အဓိပ္ပါယ် ထပ်ဖြည့်ဆည်းနိုင်ရန်၊ လက်တွေ့ပူးပေါင်းဆောင်ရွက်မှုများ အဆင့်သစ်သို့ ဖော်ဆောင်ရန် တွန်းအားပေးသွားရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Nanaia Mahutaက နယူးဇီလန်နိုင်ငံသည် တရုတ်နိုင်ငံနှင့်အတူ အဆင့်မြင်အရာရှိ ဆက်ဆံရေးကို အားဖြည့်၍ ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများကို နက်ရှိုင်းအောင် ဆောင်ရွက်သွားလိုပြီး နောက်ထပ် နှစ် ၅၀ ပို၍ ပြည့်စုံမှုရှိသော နယူးဇီလန်-တရုတ် ဆက်ဆံရေးကို တည်ဆောက်သွားလိုကြောင်း ပြောကြားခဲ့သည်။ (Xinhua)

………………………………
(Chinese Version)
王毅会见新西兰外长马胡塔
新华社北京3月24日电3月24日,中共中央政治局委员、中央外办主任王毅在北京会见新西兰外长马胡塔。
王毅说,中新双边关系长期走在中国同西方发达国家关系前列。我们视新方为重要合作伙伴,对中新关系的确定性稳定性充满信心。双方要继续发扬“争先”精神,增进互信,实现共赢,为双边关系注入新的时代内涵,推动务实合作迈上新水平。
马胡塔表示,新方期待同中方加强高层交往,深化各领域合作,创造更多“第一”,打造下一个50年更加成熟的新中关系。
1. 3月24日,中共中央政治局委员、中央外办主任王毅在北京会见新西兰外长马胡塔。新华社记者 燕雁 摄