Connect with us

Politics, Law & Military

ကပ်ရောဂါအလွန်ကာလ တရုတ်-ဥရောပဆက်ဆံရေး အရေးပါသည့် ဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းများဖြင့် ကြုံတွေ့လာဟု ပညာရှင်များ ဆို

အီတလီနိုင်ငံ ရောမမြို့တွင် ကပ်ရောဂါတိုက်ဖျက်ရေး အကူအညီပေးရန် လာရောက်သည့် တရုတ်နိုင်ငံ ဆေးပညာရှင်အဖွဲ့အား မတ် ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ) 

တရုတ်၊ဂျာမနီ၊ ဥရောပသမဂ္ဂနိုင်ငံ ခေါင်းဆောင်များ ဗွီဒီယို တွေ့ဆုံဆွေးနွေးပွဲ ကျင်းပတော့မည် ဖြစ်သည်။ တရုတ်-ဥရောပသည် ကမ္ဘာ့ အင်အားကြီး နှစ်ရပ်၊ ဈေးကွက်ကြီး နှစ်ခု၊ ယဉ်ကျေးမှုကြီး နှစ်ခု ဖြစ်ရာ နှစ်ဖက်ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုတွင် အရေးပါသည့် အခွင့်အလမ်းများဖြင့် ကြုံတွေ့လာခြင်း ဖြစ်ကြောင်း ထိုသို့ တွေ့ဆုံဆွေးနွေးမှုအပေါ် တရုတ်နိုင်ငံ နိုင်ငံတကာဆက်ဆံရေး ပညာရှင်များက ပြောကြားခဲ့သည်။

တရုတ်-ဂျာမနီ ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ၊ ဂျာမနီနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီးဟောင်း ရှီမင်တဲက တရုတ်-ဂျာမနီ-ဥရောပ ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးပွဲသည် တရုတ်-ဥရောပ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရန်နှင့် တရုတ်-ဥရောပ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် အရေးကြီးသည့် ဆောင်ရွက်မှုဖြစ်ကြောင်း ဆိုသည်။ အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် အရေးကြီးခေါင်းစဉ်များခွဲ၍ ဆွေးနွေးသွားမည်ဖြစ်ပြီး ကပ်ရောဂါအလွန်ကာလ ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ယုံကြည်ချက်နှင့် တွန်းအားကို သွေးသစ်လောင်းပေးမည်ဖြစ်ပြီး တရုတ်-ဥရောပ ညှိနှိုင်းဆွေးနွေး ပူးပေါင်းဆောင်ရွက်မှု များ မောင်းတင်နိုင်ရန် ၊ ဘက်ပေါင်းစုံဝါဒနှင့် လွတ်လပ်သော ကုန်သွယ်ရေးကို အတူကာကွယ် ထိန်းသိမ်းရန်၊ ကမ္ဘာ့ ငြိမ်းချမ်းရေး၊တည်ငြိမ်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး၏ အပြုသဘောဆောင်သည့် ထပ်ဆင့်တိုးလက္ခဏာဖြစ်ကြောင်း ဆိုသည်။

 ပိုလန်နိုင်ငံတွင် ဝူဟန့်အားပေး ကူညီရေး ဂီတဖျော်ဖြေပွဲကျင်းပနေသည်ကို ဖေဖော်ဝါရီ ၂၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံမှပေးပို့သော ရောဂါတိုက်ဖျက်ရေးအထောက်အပံ့များကို စလိုဗေးနီးယားနိုင်ငံ လယူဘွန်ယူနာမြို့တွင် ဧပြီ ၁၄ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဂရိနိုင်ငံတွင် အစိုးရ၏ထောက်ခံအားပေးမှုဖြင့် ပြည်သူများ အေသင်မြို့ Propylaeaတောင်ခြေ၌ တရုတ်နိုင်ငံ ကပ်ရောဂါတိုက်ဖျက်ရေးအတွက် ဆုတောင်းမေတ္တာပြုကြပုံအား ဖေဖော်ဝါရီ ၁၄ ရက် ညပိုင်းက တွေ့ရစဉ်(ဆင်ဟွာ)

ဩစတြီးယားနိုင်ငံ ဗီယင်နာမြို့၌ တရုတ်နိုင်ငံကပ်ရောဂါတိုက်ဖျက်ရေး ရန်ပုံငွေဖျော်ဖြေပွဲ၌ လှူဒါန်းသော ပစ္စည်းများအား ဖေဖော်ဝါရီ ၄ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံမှ ပေးပို့သော ကပ်ရောဂါတိုက်ဖျက်ရေးအထောက်အပံ့ပစ္စည်းများကို ဘယ်လ်ဂျီယမ်နိုင်ငံ အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် မတ် ၁၆ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်-ဥရောပ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုသည် အရေးပါသည့် အခွင့်အလမ်းနှင့်ကြုံတွေ့နေ ကြောင်း ရှီမင်တဲက ပြောကြားခဲ့သည်။ လက်ရှိ ဥရောပသမဂ္ဂ အလှည့်ကျ ဥက္ကဋ္ဌနိုင်ငံဖြစ်သည့် ဂျာမနီနိုင်ငံသည် အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှပါဝင်ကာ တရုတ်-ဥရောပ ဆက်ဆံရေး ဖွံဖြိုးတိုးတက်ရန် တွန်းအားပြုစေလိုကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။ 

ကပ်ရောဂါတိုက်ဖျက်ရေးတွင် တရုတ်-ဥရောပ အစဉ်တစိုက်လက်တွဲဆောင်ရွက်ခဲ့ရာ တစ်ဖက်သတ်ဝါဒ၊ အများနှင့်ဆက်သွယ်ရေးကွင်းဆက်ဖြုတ်သော လုပ်ဆောင်ချက်များကို ဆန့်ကျင်၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့စသည့် နိုင်ငံတကာအဖွဲ့အစည်းများ၏ပူးပေါင်းဆောင်ရွက်မှုကို အားဖြည့်ဆောင်ရွက်လိုကြကြောင်း၊ တရုတ်-ဥရောပ ပူးပေါင်းဆောင်ရွက်မှုသည် ကဏ္ဍသစ် ဖွင့်လှစ်လိုက်သလို အားသာချက်များ ပေါ်လွင်လာကြောင်း ၊ ကမ္ဘာ့အင်အားကြီးနှစ်ရပ်၊ ဈေးကွက်ကြီး နှစ်ခု၊ ယဉ်ကျေးမှုကြီး နှစ်ခု အနေဖြင့် တရုတ်-ဥရောပသည် မည်သည့်အမြင်သဘောထားကို လက်ကိုင်ထားခြင်း ဆန့်ကျင်ခြင်းသည် ကမ္ဘာလုံးဆိုင်ရာအပေါ် အရေးကြီးသည့် အနက်အဓိပ္ပါယ်ရှိကြောင်း ဆိုသည်။ 

တရုတ်နိုင်ငံ မျက်မှောက်ခေတ် နိုင်ငံတကာဆက်ဆံရေး သုတေသနဌာန ဒုတိယ ဌာနမှူး ဖုန်ကျုံးဖိန်က ဥရောပသမဂ္ဂသည် ကမ္ဘာ့အရေးကြီးသည့် စီးပွားရေးအသိုက်အဝန်းနှင့် အကြီးဆုံး တစ်သားတည်းရှိသည့် ဈေးကွက်ဖြစ်သလို တရုတ်နိုင်ငံ၏ အကြီးဆုံး ကုန်သွယ်ရေး မိတ်ဖက်အနေဖြင့် ကာလကြာရှည်တည်ရှိခဲ့ကြောင်း ဆိုသည်။

ပူးပေါင်းဆောင်ရွက်မှုသည် တရုတ်-ဥရောပဆက်ဆံရေး၏ ပင်မရေစီးကြောင်းဖြစ်ပြီး ကုန်သွယ်စီးပွားသည် တရုတ်-ဥရောပဆက်ဆံရေး၏ အရေးပါဆုံး ဘုံအကျိုးစီးပွားဖြစ်ကြောင်း ၊ ထို့အပြင် တရုတ်-ဥရောပ နှစ်ဖက်စလုံးသည် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု ၊ ဥတုပြောင်းလဲမှု၊ နိုင်ငံတကာနှင့်ဒေသရေးရာ အရေးကြီးကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်သည့် အလားအလာ များစွာရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။ 

တရုတ်-ဥရောပ နှစ်ဖက်စလုံး အနေဖြင့် အရည်အသွေးမြင့် ရင်းနှီးမြုပ်နှံမှုဆိုင်ရာ သဘောတူညီချက်ရရှိရန် အထူးဆန္ဒရှိရာ ၎င်းမှာ တရုတ်-ဥရောပ စီးပွားရေးဆက်ဆံမှု အချို့အရေးကိစ္စများကို ဖြေရှင်းရာတွင် အထောက်အကူပြုလိမ့်မည်ဟု ဖုန်ကျုံးဖိန်က ဆိုသည်။ 

တရုတ်နိုင်ငံ မျက်မှောက်ခေတ် နိုင်ငံတကာဆက်ဆံရေး သုတေသနဌာန ကမ္ဘာစီးပွားရေးဌာန ဌာနမှူးဟောင်း ချန်ဖုန့်ရင်းက ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရေးသည် ခေတ်ကာလ၏ အဓိကပင်မဦးတည်ရာ ဖြစ်ကြောင်း ဆိုသည်။ 

ကပ်ရောဂါအလွန်ကာလ တရုတ်-ဥရောပသည် ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရေး တွန်းအား၏  အဓိက အင်အားကြီး နှစ်ရပ်ဖြစ်ရာ ဘက်ပေါင်းစုံဝါဒ စိန်ခေါ်မှုများခံနေရချိန်နှင့် ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှုများ အတားအဆီးဖြစ်နေချိန်တွင် တရုတ်နိုင်ငံနှင့် ဥရောပတိုက်တို့သည် စနစ်တည်ဆောက်ရန်၊ စည်းစနစ်နှင့်သိပ္ပံနည်းပညာ ဖန်တီးရန် စသည့် ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်များ လိုအပ်ကာ ကပ်ရောဂါအလွန်ကာလ စိန်ခေါ်မှုအမျိုးမျိုးကို အတူရင်ဆိုင်ရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ 

တရုတ်နိုင်ငံ နိုင်ငံတကာဆက်ဆံရေး သုတေသနဌာန ဥရောပရေးရာဌာန ဌာနမှူး ချွေးဟုန်ကျန့်က လက်ရှိနိုင်ငံတကာအခြေအနေ အပြောင်းအလဲအခင်းအကျင်းအောက်တွင် တရုတ်-ဥရော၌ အင်အားကြီး နှစ်ရပ်၏ ပူးပေါင်းဆောင်ရွက်မှုသည် ကမ္ဘာလုံးဆိုင်ရာ တည်ငြိမ်မှုအတွက် အင်အားဖြစ်စေကြောင်း ဆိုသည်။ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ဖြစ်ပွားပြီးနောက် ဆက်သွယ်ရေးဖြတ်ချရန်၊ ဂလိုဘယ်လိုက်ဇေးရှင်း ဖြစ်တည်မှုကို ပယ်ဖျက်ရန်စသည့် ပြောဆိုမှုများ ခေါင်းထောင်လျက်ရှိရာ တရုတ်-ဥရောပ ဈေးကွက်ကြီးနှစ်ခုအကြား ကုန်သွယ်စီးပွား ပူးပေါင်းဆောင်ရွက်မှုသည့် ကမ္ဘာ့ စီးပွားရေး ပြန်လည်နှိုးထစေရန် လေးနက်သည့် အဓိပ္ပါယ်ဆောင်ကြောင်း ၊ ယဉ်ကျေးမှုကြီး နှစ်ခု၏ အပြန်အလှန် လက်ခံခြင်း၊ တွေ့ဆုံဆွေးနွေးခြင်းသည် နှစ်ဖက် ရေရှည် ပူပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးဖြစ်ထွန်းစေမည် ဖြစ်ကြောင်း ချွေးဟုန်ကျန့်က ပြောကြားခဲ့သည်။(  Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.