Connect with us

Politics, Law & Military

ဂျပန်၌ ကျင်းပမည့် သုံးနိုင်ငံဆွေးနွေးပွဲသို့တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ တက်ရောက်ရန်ရှိ

တရုတ်နိုင်ငံ နိုင်ငံခြားရေး ဝမ်ရိ အားတွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း ၊ သြဂုတ် ၁၉ ရက် (ဆင်ဟွာ)

ဂျပန်နိုင်ငံတွင်ကျင်းပမည့် တရုတ် ၊ ဂျပန် နှင့် တောင်ကိုးရီးယားနိုင်ငံခြားရေးဝန်ကြီးများ ဆွေးနွေးပွဲကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ရိ တက်ရောက်မည်ဟု ဝန်ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ် Lu Kang က သြဂုတ်လ ၁၈ ရက်တွင်ပြောကြားသည်။

နှစ်ပတ်လည် သုံးနိုင်ငံဆွေးနွေးပွဲကျင်းပမည့် ရက်အတိအကျကို သုံးဖက်စလုံးက ဆွေးနွေးလျက်ရှိကြောင်း၊ တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ရိအနေဖြင့် ဆွေးနွေးပွဲတက်ရောက်မည်ဖြစ်သော်လည်း နှစ်နိုင်ငံအလည်အပတ်ခရီးစဉ် ပါဝင်မည်မဟုတ်ကြောင်း Lu က ဆက်လက်ပြောကြားသည်။
တရုတ်နိုင်ငံ၏မူဝါဒသည် တရုတ်-ဂျပန်ဆက်ဆံရေးတွင် အပြောင်းအလဲမရှိ ၊ ရှင်းရှင်းလင်းလင်း ရပ်တည်ရေးကိုဦးတည်လျက် နှစ်ဖက်ဆက်ဆံရေးတိုးတက်ကောင်းမွန်အောင်ပြုလုပ်ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်က ဂျပန်နိုင်ငံနှင့် အမြင်များကို ဖလှယ်သွားမည်ဖြစ်ကြောင်း Lu ကဆိုသည်။
တရုတ်-ဂျပန်နှစ်နိုင်ငံကြားသဘောတူထားသည့် အခြေခံမူလေးချက် နှင့် နိုင်ငံရေးသဘောတူညီချက်လေးခုအရ နှစ်နိုင်ငံဆက်ဆံရေးတိုးတက်ခိုင်မာအောင်ပြုလုပ်သွားရန် နှင့် အရေးကြီးသော ထိလွယ်ရှလွယ် ကိစ္စရပ်များကို သင့်တင့်လျောက်ပတ်စွာကိုင်တွယ်သွားရန် တရုတ်နိုင်ငံက ဂျပန်နိုင်ငံအား တိုက်တွန်းကြောင်း Lu က ဖြည့်စွက်ပြောကြားခဲ့သည်။
ကမ္ဘာ့အရေးကိစ္စရပ်များတွင် ခေါင်းဆောင်များ၏အကြို ညှိနှိုင်းဆွေးနွေးမှုများ၊ ပူးပေါင်းဆောင်ရွက်မှုများအပါအဝင် အရှေ့အာရှသုံးနိုင်ငံအကြား ဆွေးနွေးပွဲများပြုလုပ်ရေး ယန္တယားအစိတ်အပိုင်းတစ်ခုအဖြစ် ၂ဝဝ၇ ခုနှစ်တွင် နိုင်ငံခြားရေးဝန်ကြီးများ ဆွေးနွေးပွဲကို စတင်ကျင်းပ ခဲ့သည်။ ယန္တယားလုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်ရန် ဂျပန်နိုင်ငံက ၂ဝ၁၆ ခုနှစ်အတွက် ညှိနှိုင်းရေးမှူးအဖြစ် တာဝန်ယူရမည်ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.