Connect with us

Politics, Law & Military

ဟန်ကျိုးတွင် ကျင်းပမည့် G20 ထိပ်သီး အစည်းအဝေးကို တရုတ် သမ္မတ တက်ရောက်မည်

တရုတ် သမ္မတ ရှီကျင့်ဖိန်အား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ သြဂုတ် ၁၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံအရှေ့ပိုင်း ဟန်ကျိုးတွင် စက်တင်ဘာလ ၄ ရက်နှင့် ၅ ရက်များ၌ ကျင်းပရန် စီစဉ်ထားသည့် G20 ထိပ်သီး အစည်းအဝေးအား တရုတ် သမ္မတ ရှီကျင့်ဖိန်က အိမ်ရှင်အဖြစ် လည်းကောင်း၊ အစီအစဉ်မှူးအဖြစ် လည်းကောင်း လက်ခံကျင်းပမည် ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဋ္ဌာနက ယနေ့တွင် ကြေညာလိုက် သည်။

ထို့ပြင် ရှီသည် BRICS အဖွဲ့ဝင် ခေါင်းဆောင်များ အစည်းအဝေး၊ B20 (Business 20) ထိပ်သီး အစည်းအဝေး သို့ တက်ရောက်၍ စက်တင်ဘာလ ၃ ရက်၊ ၄ ရက်တွင် ပြုလုပ်မည့် B20 (Business 20) ထိပ်သီး အစည်းအဝေး၌ မိန့်ခွန်းပြောကြားမည် ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဋ္ဌာန ပြောရေးဆိုခွင့်ရှိသူ လုခန်က သတင်းထုတ်ပြန်ချက်၌ ပြောကြားထား သည်။
ယခုနှစ် “G20 ထိပ်သီး အစည်းအဝေးအား ဆန်းသစ်ခြင်း၊ စွမ်းအားရှိခြင်း၊ အချင်းချင်း ဆက်သွယ်ခြင်းနှင့် သီးသန့်ဖြစ်သော ကမ္ဘာ့ စီးပွားရေးဆီသို့” ဟူသော ရည်ရွယ်ချက်ဖြင့် ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.