Connect with us

Politics, Law & Military

တရုတ်နိုင်ငံက နော်ဒစ် နှင့် ဘော်လ်တစ်ဒေသနိုင်ငံများ နှင့် အပြန်အလှန်ဖလှယ်မှု တိုးမြှင့်လုပ်ဆောင်ရန် မျှော်လင့်

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန် နှင့် နော်ဒစ် နှင့် ဘော်လ်တစ် ဒေသနိုင်ငံများမှ ခေါင်းဆောင်များ စုပေါင်းအမှတ်တရ ဓာတ်ပုံရိုက်ကူးနေစဉ်(ဆင်ဟွာ)

ပေကျင်း ၊ ဇန်နဝါရီ ၁၁ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က ဇန်နဝါရီလ ၁ဝ ရက်တွင် နော်ဒစ် နှင့် ဘော်လ်တစ်ဒေသ နိုင်ငံများမှ ပါလီမန်ခေါင်းဆောင်များနှင့်တွေ့ဆုံစဉ် နှစ်ဖက်အကြား နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်မှု နှင့် အဆင့်မြင့်ကိုယ်စားလှယ်များအကြား အပြန်အလှန်ဖလှယ်မှု တိုးမြှင့်လုပ်ဆောင်သွားရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါ ကိုယ်စားလှယ်အဖွဲ့တွင် ဖင်လန်နိုင်ငံ လွှတ်တော်ဥက္ကဋ္ဌ Maria Lohela ၊ နော်ဝေနိုင်ငံမှ Olemic Thommessen ၊ အိုက်စလန်နိုင်ငံမှ Steingrimur J.Sigfusson ၊ အက်စတိုးနီးယားနိုင်ငံမှ Eiki Nestor ၊ လတ်ဗီးယားနိုင်ငံမှ Inara Muriece ၊ လစ်သူယေးနီးယားနိုင်ငံမှ Viktoras Pranckietes နှင့် ဆွီဒင်နိုင်ငံ လွှတ်တော်ဒုတိယဥက္ကဋ္ဌ Eva Thalen Finne တို့ပါဝင်ခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲအတွင်း သမ္မတရှီက အလည်အပတ်ခရီးစဉ်သည် တရုတ်နိုင်ငံ နှင့် နော်ဒစ် နှင့် ဘော်လ်တစ်နိုင်ငံများအကြား အဆင့်မြင့်ကိုယ်စားလှယ်အဆင့် အပြန်အလှန်ဖလှယ်မှု မှ အသစ်တစ်ခု ဖြစ်ကြောင်းပြောကြားခဲ့သည်။

ခရီးစဉ်သည် နှစ်ဖက်အစိုးရများအကြား ဆက်ဆံရေး ခေတ်သစ်တစ်ခုကို ဖွင့်လှစ်ခဲ့ကြောင်း ၊ နှစ်ဖက်အကြား ပူးပေါင်းဆောင်ရွက်မှု နှင့် အပြန်အလှန်ဖလှယ်မှုကို လျင်မြန်စွာ တိုးတက်စေရန် နှင့် နိုင်ငံရေးတွင် နှစ်ဖက်ယုံကြည်မှု တိုးမြှင့်စေရန် ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

နှစ်ဖက်စလုံးအနေဖြင့် အပြန်အလှန်လေးစားမှု ၊ အားလုံးပါဝင်မှု နှင့် တန်းတူညီမျှမှု ၊ တစ်ဖက်နှင့်တစ်ဖက် စိုးရိမ်ပူပန်မှုများ နှင့် အကျိုးစီးပွားကို အပြန်အလှန် လေးစားမှု ၊ မှန်ကန်သောလမ်းကြောင်းတစ်လျှောက် နှစ်ဖက်ဆက်ဆံရေး ရှေ့ဆက်တွန်းအားပေးသွားရန် အမြဲလုပ်ဆောင်သင့်ကြောင်း ၎င်းက ဆိုသည်။

ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်မှု မူဘောင်နှင့်အတူ နှစ်ဖက်က လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုကို လုပ်ဆောင်ရန် သမ္မတရှီက အကြံပြုခဲ့ပြီး ၊ ဥရောပတိုက် နှင့် အာရှတိုက်ကို ချိတ်ဆက်ခြင်းမှ အကျိုးအမြတ်များကို မျှဝေခံစားကြရန် ထည့်သွင်းပြောကြားခဲ့သည်။

တရုတ်နိုင်ငံ၏ စီးပွားရေး နှင့် လူမှုဖွံ့ဖြိုးတိုးတက်မှုသည် ၎င်း၏ ငြိမ်းချမ်းရေးဆိုင်ရာ နိုင်ငံခြားရေးမူဝါဒ အကြောင်းကိုလည်း ဧည့်သည်တော်များအား ရှင်းလင်းပြောကြားခဲ့သည်။

ဧည့်သည်တော်များက ပြန်လည်ပြောကြားရာတွင် နော်ဒစ် နှင့် ဘော်လ်တစ်ဒေသနိုင်ငံများသည် တရုတ်နိုင်ငံနှင့် ဆက်ဆံရေးကို တန်ဖိုးထားပါကြောင်း နှင့် ၎င်းတို့နိုင်ငံများကတရုတ်နိုင်ငံနှင့် အနာဂတ်ကာလပူးပေါင်းဆောင်ရွက်မှုအတွက် လုပ်ဆောင်ရန် အသင့်ရှိပါကြောင်း ပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.