Connect with us

Politics, Law & Military

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက တရုတ်နိုင်ငံ၏ပြည်တွင်းရေးကိုဝင်ရောက်စွက်ဖက်ခြင်းမပြုရန် အမေရိကန်ကို တိုက်တွန်း

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး ဝမ်ရိအားတွေ ့ရစဉ်(ဆင်ဟွာ)

နယူးယောက် ၊ စက်တင်ဘာ ၂၅ ရက်(ဆင်ဟွာ)

တရုတ်-အမေရိကန် နှစ်နိုင်ငံဆက်ဆံရေးကို တည်ငြိမ်စွာ ဆက်လက်ထိန်းသိမ်းထားလိုလျှင် တစ်နိုင်ငံ၏ အချုပ်အခြာအာဏာကို အခြားတစ်နိုင်ငံက 5အပြန်အလှန်လေးစားလိုက်နာရန် နှင့်  နှစ်ဖက်အကြား လူမှုရေးစနစ် နှင့်ဖွံ ့ဖြိုးရေးကို အပြန်အလှန်လေးစားရန် အလွန်အရေးကြီးကြောင်း တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင် နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက စက်တင်ဘာ ၂၄ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။

တရုတ်နိုင်ငံအနေဖြင့် အမေရိကန်နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်လိမ့်မည်မဟုတ်ကြောင်း နှင့် အမေရိကန်အနေဖြင့်လည်း အလားတူစိတ်ဓာတ်မျိုးဖြင့် တရုတ်နိုင်ငံကို ပြန်လည်ပြုမူရန် နှင့် တရုတ်နိုင်ငံ၏ ပြည်တွင်းရေးများကို ဝင်ရောက်စွက်ဖက်ခြင်းမပြုရန် တရုတ်နိုင်ငံက မျှော်လင့်ကြောင်း အမေရိကန်-တရုတ် ဆက်ဆံရေး အမျိုးသားကော်မတီ ၊ အမေရိကန်-တရုတ် စီးပွားရေးကောင်စီ ၊ အမေရိကန်ကုန်သွယ်ရေး နှင့် နိုင်ငံတကာဆက်ဆံရေးကောင်စီ တို ့မှ ပူးတွဲကျင်းပသော ညစာစားပွဲ၌ အမှာစကားပြောကြားစဉ် ဝမ်ရိက အထက်ပါအတိုင်းထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။(Xinhua)