Connect with us

Politics, Law & Military

တရုတ်နိုင်ငံနှင့် သံတမန်ဆက်ဆံရေး ပြန်လည်စတင်ခြင်းဖြင့် သမိုင်းကြောင်းမှန်ကန်မှုဘက်ခြမ်းတွင် ရပ်တည်လျက်ရှိ

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ခီရီဘာတီနိုင်ငံ သမ္မတ မမ်မာအူအား အခမ်းအနားဖြင့် ကြိုဆိုနေစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇန်နဝါရီ ၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ခီရီဘာတီ (Kiribati) နိုင်ငံ သမ္မတ တန်နက်တီ မမ်မာအူ (Taneti Mamau) နှင့် ၎င်း၏နိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့် သံတမန်ဆက်ဆံရေးပြန်လည်စတင်ခြင်းဖြင့် သမိုင်းကြောင်းမှန်ကန်မှုဘက်ခြမ်းတွင် ရပ်တည်လျက်ရှိကြောင်း ပြောကြားခဲ့သည်။မြို့တော် ပေကျင်းရှိ ပြည်သူ့ခန်းမကြီးတွင် မမ်မာအူနှင့် တွေ့ဆုံစဉ် ရှီက မှတ်ချက်ပြုပြောကြားခဲ့ခြင်းဖြစ်သည်။

တရုတ်နိုင်ငံနှင့် ခီရီဘာတီနိုင်ငံတို့သည် တရုတ်တစ်နိုင်ငံတည်းမူဝါဒအား အခြေခံကာ နှစ်နိုင်ငံဆက်ဆံရေး ကဏ္ဍသစ် ဖွင့်လှစ်ခြင်းဖြင့် ၂၀၁၉ ခုနှစ် စက်တင်ဘာတွင် သံတမန်ဆက်ဆံရေးများ ပြန်လည်စတင်ခဲ့ခြင်း ဖြစ်ကြောင်း သမ္မတ ရှီက ဆိုသည်။“ခီရီဘာတီ သမ္မတနဲ့ အစိုးရအနေနဲ့ သမိုင်းကြောင်းမှန်ကန်မှုဘက်ခြမ်းမှာ ရပ်တည်လျက်ရှိပါတယ်” ဟု ရှီက မမ်မာအူကို ပြောကြားခဲ့သည်။ သံတမန်ဆက်ဆံရေး ပြန်လည်စတင်ခြင်းက “၎င်းတို့ရဲ့ မဟာဗျူဟာမြောက် အမြော်အမြင်နဲ့ နိုင်ငံရေးရဲရင့်မှုကို အပြည့်အဝ အပြည့်အဝဖော်ပြခြင်းဖြစ်သည်ဟု ဖြည့်စွက်ပြောခဲ့သည်။

 တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် (ယာဘက်ဒုတိယမြောက်) နှင့် ဇနီး ဖုန်းလိယွမ် (ယာဘက်ပထမ) တို့အား ခီရီဘာတီနိုင်ငံ သမ္မတ မမ်မာအူနှင့်ဇနီးတို့နှင့်အတူ မှတ်တမ်းဓာတ်ပုံရိုက်ကူးနေကြစဉ် (ဆင်ဟွာ)

သံတမန်ဆက်ဆံရေး ပြန်လည်စတင်ကတည်းက တရုတ်နိုင်ငံနှင့် ခီရီဘာတီနိုင်ငံတို့သည် မတူညီသောနယ်ပယ်များစွာတွင် ဖလှယ်မှုများစွာ လုပ်ဆောင်ခဲ့ပြီး မတူညီသော အဆင့်များ၌ အသီးအပွင့်များစွာ ရရှိခဲ့ကြောင်း ရှီက ဆိုသည်။တရုတ်နိုင်ငံသို့ လာရောက်လည်ပတ်သည့် မမ်မာအူ၏ ခရီးစဉ်သည် “တရုတ်-ခီရီဘာတီ ဆက်ဆံရေးမှာ အရေးပါသော အထိမ်းအမှတ်တစ်ခုဖြစ်တယ်” ဟု ရှီက ပြောကြားခဲ့သည့်အပြင် တရုတ်နိုင်ငံအနေဖြင့် ပစိဖိတ်ကျွန်းနိုင်ငံ တစ်ခုဖြစ်သော ခီရီဘာတီနိုင်ငံနှင့် နှစ်နိုင်ငံ ဆက်ဆံရေးအဆင့်သစ်သို့ မြှင့်တင်ရေး လုပ်ဆောင်ရန် အသင့်ရှိပါကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

နှစ်နိုင်ငံရေး အပြန်အလှန် ယုံကြည်မှုနှင့် နားလည်မှု နက်ရှိုင်းစေရန် ပြောကြားခဲ့ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ကြီးငယ်မဟူ နိုင်ငံများအားလုံးအပေါ် အမြဲတစေ သာတူညီမျှသဘောထားကြောင်း၊ နိုင်ငံများအားလုံး အနေဖြင့်လည်း အခြားတစ်နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နိုင်ငံပိုင်နက် တည်တံ့ခိုင်မြဲမှုများကို လေးစားသင့်ကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံက ငြိမ်းချမ်းရေး ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းကို အခိုင်အမာ လုပ်ဆောင်မည်ဖြစ်ကြောင်းနှင့် ကိုယ်ပိုင်နိုင်ငံရပ်တည်ချက် ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းအပေါ် ခီရီဘာတီနိုင်ငံ၏ ရွေးချယ်မှုကို လေးစားကြောင်း ရှီက ပြောခဲ့သည်။ထို့ပြင် တရုတ်နိုင်ငံအနေဖြင့် တရုတ် စီးပွားရေးလုပ်ငန်းများကိုလည်း ခီရီဘာတီနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန်  တွန်းအားပေးသွားမည်ဖြစ်သလို ခီရီဘာတီနိုင်ငံကိုလည်း တရုတ်ခရီးသွားဧည့်သည်များ သွားရောက်ရာ နိုင်ငံစာရင်းအဖြစ် ခွင့်ပြုထားခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံက ကုလသမဂ္ဂနှင့် ပစိဖိတ်ကျွန်းနိုင်ငံများဖိုရမ် အပါအဝင် နိုင်ငံစုံပါဝင်သော လုပ်ထုံးလုပ်နည်းများအတွင်း ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် ဆန္ဒရှိပါကြောင်း၊ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ဘုံအကျိုးစီးပွားများကို စောင့်ထိန်းရန် ကမ္ဘာ့တောင်ခြမ်းနိုင်ငံများ ဖွံ့ဖြိုးတိုးတက်ရေးမူဘောင်အရ ခီရီဘာတီနိုင်ငံအား ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ အကူအညီ ထောက်ပံ့ရန်နှင့် ပံ့ပို့ပေးရန် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရှီက ပြောကြားခဲ့သည်။

ခီရီဘာတီနိုင်ငံ သမ္မတ မမ်မာအူကလည်း တရုတ်နိုင်ငံအား ယုံကြည်မှုနှင့် စိတ်ချမှုအပေါ် အခြေခံကာ ၎င်း၏ နိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့် သံတမန်ဆက်ဆံရေး ပြန်လည်စတင်ရေး အရေးပါသည့်ဆုံးဖြတ်ချက် ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း ပြန်လည်ပြောကြားခဲ့သည်။

ခီရီဘာတီနိုင်ငံက တရုတ်တစ်နိုင်ငံတည်းမူဝါဒကို အခိုင်အမာစောင့်ထိန်းသွားမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံ၏ အချုပ်အခြာနှင့် ပိုင်နက်တည်တံ့ခိုင်မြဲမှုကို လေးစားလိုက်နာပါကြောင်း၊ တရုတ်နိုင်ငံ၏ “တစ်နိုင်ငံ၊ စနစ်နှစ်မျိုး” မူဝါဒနှင့် ပြန်လည်ပေါင်းစည်းမှုကို ထောက်ခံပါကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

တရုတ်နိုင်ငံ၏ ထောက်ပံ့မှုကို ကျေးဇူးတင်ကြောင်း ပြောကြားရင်း မမ်မာအူက တရုတ်နိုင်ငံနှင့် စီးပွားရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ခရီးသွားလုပ်ငန်း၊ ငါးဖမ်းလုပ်ငန်းများ၊ ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် အခြေခံအဆောက်အအုံ တည်ဆောက်ရေး နည်ပယ်များ၌ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်သွားရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။နှစ်နိုင်ငံ သမ္မတများ တွေ့ဆုံဆွေးနွေးပြီးနောက် ရှီနှင့် မမ်မာအူတို့ရှေ့မှောက်တွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု သဘောတူညီစာချုပ်များ ချုပ်ဆိုခဲ့ကြသည်။မမ်မာအူသည် တရုတ်နိုင်ငံသို့ ဇန်နဝါရီ ၄ ရက်မှ ၁၁ ရက်အထိ ချစ်ကြည်ရေးခရီးစဉ် လာရောက်နေခြင်း ဖြစ်သည်။ (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117