Connect with us

Politics, Law & Military

တရုတ် နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် နှင့် လာအို နိုင်ငံ ဝန်ကြီးချုပ် တွေ့ဆုံဆွေးနွေး

တရုတ် နိုင်ငံ နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီခဲ့ချန် နှင့် လာအို နိုင်ငံ ဝန်ကြီးချုပ် သောင်လွန်းစီဆိုလစ်သ် တို့ လက်ဆွဲနှုတ်ဆက်နေစဉ်(ဆင်ဟွာ)

ပေကျင်း ၊ ဇန်နဝါရီ ၇ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီခဲ့ချန် နှင့် တရုတ် နိုင်ငံ သို့ တရားဝင် လည်ပတ်ရေး ခရီးစဉ် ဖြင့် ရောက်ရှိလာသည့် လာအို နိုင်ငံ ဝန်ကြီးချုပ် သောင်လွန်းစီဆိုလစ်သ် (Thongloun Sisoulith) တို့ သည် ဇန်နဝါရီ ၆ ရက် နံနက်ပိုင်း တွင် ပေကျင်းမြို့ ရှိ ပြည်သူ့ခန်းမကြီး တွင် တွေ့ဆုံ ဆွေးနွေးပွဲ တစ်ရပ် ကျင်းပ ပြုလုပ် ခဲ့သည်။

တွေ့ဆုံ ဆွေးနွေးရာတွင် တရုတ် နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် က တရုတ်-လာအို နှစ်နိုင်ငံ သည် တောတောင်ရေမြေချင်း ထိစပ် နေသည့် ချစ်ခင်ရင်းနှီးသော အိမ်နီးချင်း နိုင်ငံ များ ဖြစ်ကြပြီး တရုတ် နိုင်ငံ က တရုတ်-လာအို ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု အား လွန်စွာ အလေးထားကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် လာအို နိုင်ငံ နှင့် အတူတကွ နိုင်ငံရေး အရ အပြန်အလှန် ယုံကြည်မှု အား ပိုမို နက်ရှိုင်းအောင် ဆောင်ရွက်ပြီး တရုတ်-လာအို ကံကြမ္မာ အကျိုးတူ အသိုက်အဝန်း တည်ဆောက်ရေး လှုပ်ရှားမှု အစီအစဉ် အား လက်တွေ့ အကောင်အထည်ဖော် သွားလိုကြောင်း ၊ အပြန်အလှန် အကျိုး ဖြစ်ထွန်းစေသည့် ပူးပေါင်းဆောင်ရွက်မှု  ကို တွန်းအားပေး ဆောင်ရွက်ပြီး နှစ်နိုင်ငံ ဆက်ဆံရေး နှင့် ပူးပေါင်းဆောင်ရွက်မှု အား ပိုမို မြှင့်မားသည့် အဆင့် သို့ ရောက်ရှိ အောင် တွန်အားပေး ဆောင်ရွက်သွားလိုကြောင်း ပြောကြား ခဲ့သည်။

တရုတ် နိုင်ငံ နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီခဲ့ချန် နှင့် လာအို နိုင်ငံ ဝန်ကြီးချုပ် သောင်လွန်းစီဆိုလစ်သ် တွေ့ဆုံ ဆွေးနွေးမှု ကျင်းပ ပြုလုပ်နေစဉ်(ဆင်ဟွာ)

ထို့ ပြင် ဝန်ကြီးချုပ် လီခဲ့ချန် က တရုတ်-လာအို လက်တွေ့ပူးပေါင်း ဆောင်ရွက်မှု က အလားအလာ လွန်စွာ ကြီးမား ပြီး တရုတ် နိုင်ငံ အနေဖြင့် လာအို နိုင်ငံ နှင့် အတူတကွ အကြီးစား အခြေခံ အဆောက်အဦ တည်ဆောက်ရေး စီမံကိန်း အား တွန်းအားပေး ဆောင်ရွက်သွားလိုကြောင်း ၊ ငွေကြေး ကဏ္ဍ နှင့် စိုက်ပျိုးရေး ကဏ္ဍ  ပူးပေါင်းဆောင်ရွက်မှု အား နက်ရှိုင်းအောင် ဆောင်ရွက်ပြီး လာအို နိုင်ငံ မှ အရည်အသွေး ကောင်းမွန်သည့် စိုက်ပျိုးရေး ထွက်ကုန် များ တရုတ် နိုင်ငံ ဈေးကွက် သို့ ဝင်ရောက် ရန် ဖိတ်ခေါ်ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် လာအို နိုင်ငံ အပါအဝင် အရှေ့တောင် အာရှ နိုင်ငံများ နှင့် အတူတကွ ဒေသတွင်း စီးပွားရေး အသိုက်အဝန်း အား တွန်းအားပေး ဆောင်ရွက်သွားပြီး ယခု နှစ် အတွင် သတ်မှတ်ထားသည့် အချိန် ၌ ဒေသတွင်း ဘက်စုံ စီးပွားရေး မိတ်ဖက် ဆက်ဆံရေး သဘောတူညီမှုစာချုပ် (RCEP ) တွန်းအားပေး ဆောင်ရွက်သွားလိုကြောင်း ၊ အတူတကွ ဒေသတွင်း တည်ငြိမ်အေးချမ်းရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေး ကို တွန်းအားပေး ဆောင်ရွက်သွားလိုကြောင်း ပြောကြား ခဲ့သည်။

တရုတ် နိုင်ငံ နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီခဲ့ချန် နှင့် လာအို နိုင်ငံ ဝန်ကြီးချုပ် သောင်လွန်းစီဆိုလစ်သ် တို့ အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

တရုတ် နိုင်ငံ နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီခဲ့ချန် နှင့် လာအို နိုင်ငံ ဝန်ကြီးချုပ် သောင်လွန်းစီဆိုလစ်သ် တို့ အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

တရုတ် နိုင်ငံ နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီခဲ့ချန် နှင့် လာအို နိုင်ငံ ဝန်ကြီးချုပ် သောင်လွန်းစီဆိုလစ်သ် တို့ အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

တရုတ် နိုင်ငံ နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီခဲ့ချန် နှင့် လာအို နိုင်ငံ ဝန်ကြီးချုပ် သောင်လွန်းစီဆိုလစ်သ် တို့ အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

လာအို နိုင်ငံ ဝန်ကြီးချုပ် သောင်လွန်းစီဆိုလစ်သ် က ယခင် နှစ် တွင် လာအို-တရုတ် ကံကြမ္မာ အကျိုးတူ အသိုက်အဝန်း တည်ဆောက်ရေး လှုပ်ရှားမှု အစီအစဉ် အား လက်မှတ်ရေးထိုး နိုင်ခဲ့သည့် အတွက် နှစ်နိုင်ငံ နိုင်ငံရေး အရ အပြန်အလှန် ယုံကြည်မှု နှင့် လက်တွေ့ ပူးပေါင်းဆောင်ရွက်မှု အတွက် ပိုမို ခိုင်မာ ကောင်းမွန်သည့် အခြေခံ ဖြစ်စေခဲ့ကြောင်း ၊ လာအို နိုင်ငံ အနေဖြင့် တရုတ် နိုင်ငံ နှင့် အနီးကပ် ညှိနှိုင်းဆောင်ရွက်မှု ထားရှိပြီး လှုပ်ရှားမှု အစီအစဉ်  အား ကောင်းမွန်စွာ အကောင်အထည် ဖော်ဆောင်ရွက် ကာ အပြန်အလှန် အကျိုးဖြစ်ထွန်းစေသည့် ပူးပေါင်းဆောင်ရွက်မှု များအား လက်တွေ့ တွန်းအားပေး အကောင်အထည် ဖော်သွားလိုကြောင်း ၊ လာအို နိုင်ငံ အနေဖြင့် တရုတ် နိုင်ငံ နှင့် အတူတကွ ကဏ္ဍ အသီးသီး ပူးပေါင်းဆောင်ရွက်မှု အား တိုးချဲ့သွားပြီး လာအို-တရုတ် ရထားလမ်း စီမံကိန်း အား အစွမ်းကုန် အကောင်အထည် ဖော်သွားလိုကြောင်း ၊ လာအို နိုင်ငံ အနေဖြင့် ကုန်သွယ်ရေး လွယ်ကူချောမွေ့မှု အား ဆက်လက် တွန်းအားပေး ဆောင်ရွက်ပြီး ကောင်းမွန်သည့် လုပ်ငန်း လုပ်ကိုင်မှု ပတ်ဝန်းကျင် ကို ဖန်တီးကာ တရုတ် နိုင်ငံ လုပ်ငန်း ကုမ္ပဏီ များ လာအို နိုင်ငံ သို့ လာရောက် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရန် ဖိတ်ခေါ်ကြောင်း ပြောကြား ခဲ့သည်။ဆွေးနွေးပွဲ မစတင်မီ တရုတ် နိုင်ငံ ဝန်ကြီးချုပ် က ပြည်သူ့ခန်မကြီး တွင် လာအို နိုင်ငံ ဝန်ကြီးချုပ် အား  ကြိုဆိုပွဲ အခမ်းအနား ကျင်းပ ပြုလုပ် ခဲ့ပြီး ဆွေးနွေးပွဲ ပြီးနောက် တွင် နှစ်နိုင်ငံ ဝန်ကြီးချုပ် တို့၏ ရှေ့မှောက် ၌ ကဏ္ဍ အသီးသီး ပူးပေါင်းဆောင်ရွက်မှု စာချုပ်များ ချုပ်ဆိုခဲ့ကြသည်။(Xinhua)