Connect with us

Politics, Law & Military

တရုတ်နိုင်ငံ၏ နိုင်ငံတကာ စစ်ဘက်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှု အောင်မြင်မှုများအား ပြပွဲတွင် ပြသ

တရုတ်ပြည်သူ့သမ္မတနိုင်ငံ (PRC) တည်ထောင်ခဲ့ချိန် တည်ထောင်ခြင်း နှစ် ၇၀ ပြည့် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားအား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ)

တရုတ်ပြည်သူ့သမ္မတနိုင်ငံ (PRC) တည်ထောင်ခဲ့ချိန် ၁၉၄၉ ခုနှစ်မှစ၍ နှစ် ၇၀ အတွင်း နိုင်ငံတကာ စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွင် တရုတ်နိုင်ငံ၏ အောင်မြင်မှုများကို ပြသရန် ပေကျင်းမြို့၌ ပြပွဲတစ်ခု ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပြပွဲတွင် စာပေနှင့် သဘောတူစာချုပ်များ အပါအဝင် ဓာတ်ပုံ ၄၀၀ ကျော်နှင့် စီမံကိန်း ၂၀၀ ကျော်အား နှစ်ကာလအလိုက် စီစဉ်ကာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ နိုင်ငံတကာ စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု၏ သမိုင်းကြောင်း၊ အဓိက ဆောင်ရွက်မှုများနှင့် အတွေ့အကြုံများအား အပိုင်းသုံးပိုင်းဖြင့် ခင်းကျင်းပြသထားသလို ၂၀၁၂ ခုနှစ် ၁၈ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ အမျိုးသားကွန်ဂရက်မှစ၍ ကဏ္ဍများအား မီးမောင်းထိုးပြထားသည်။

တရုတ်နိုင်ငံ၏ နိုင်ငံတကာ စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုက ဘာမျှမရှိခြင်းနှင့် အားနည်းခြင်း အနေအထားမှ ခိုင်မာ၍ အင်အားကြီးသော အခြေအနေသို့ အံ့မခန်းသော လမ်းကြောင်းတစ်ခု ဖြတ်ကျော်ခဲ့ရကြောင်း၊ အရေးပါသော အတွေ့အကြုံနှင့် အားပေးမှုများ ကမ်းလှမ်းနေကြောင်း နိုင်ငံတော် ကောင်စီဝင်နှင့် ကာကွယ်ရေးဝန်ကြီး ဝေဘုန်းဟယ်က ဖွင့်ပွဲအခမ်းအနား၌ ပြောကြားခဲ့သည်။

ယင်းပြပွဲအား ဗဟိုစစ်ကော်မရှင်အောက်ရှိ နိုင်ငံတကာ စစ်ဘက်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုရုံးက ဦးစီးကျင်းပခြင်းဖြစ်ပြီး အောက်တိုဘာလကုန်ပိုင်းအထိ ပြသထားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.