Connect with us

Politics, Law & Military

တရုတ်ပြည်သူ့သမ္မတနိုင်ငံက Gaofen-10 သုတေသနဂြိုဟ်တုအားအောင်မြင်စွာလွှတ်တင်

Gaofen-10 သုတေသနဂြိုဟ်တု အား Long March-4C ဒုံးပျံဖြင့် တိုင်ယွန်ဂြိုဟ်တု လွှတ်တင်ရေး စခန်းမှ ပစ်လွှတ်နေစဉ်(ဆင်ဟွာ)

တိုင်ယွန် ၊ အောက်တိုဘာ ၅ ရက်(ဆင်ဟွာ)

တရုတ်ပြည်သူ့သမ္မတနိုင်ငံက နိုင်ငံမြောက်ပိုင်းရှန်ဇီပြည်နယ်အတွင်းရှိ တိုင်ယွန်ဂြိုဟ်တုလွှတ်တင်ရေး စခန်းမှ ၎င်း၏သုတေသနဂြိုဟ်တုတစ်စင်းကို အာကာသအတွင်းသို့ အောက်တိုဘာလ ၅ ရက်၊တရုတ် စံတော်ချိန် နံနက် ၂း၅၁ နာရီတွင်လွှတ်တင်ခဲ့ကြောင်း သတင်းများအရသိရသည်။

Gaofen-10 အမည်ရှိထိုသုတေသနဂြိုဟ်တု ကို Long March-4C ဒုံးပျံဖြင့်လွှတ်တင်ခဲ့ခြင်းဖြစ်ရာစီစဉ် ထားသည့်အတိုင်း ကမ္ဘာပတ်လမ်းကြောင်းအတွင်းသို့အောင်မြင်စွာရောက်ရှိသွားခဲ့ကြောင်းလည်းသိရ သည်။ ၎င်းက Long March ဒုံးပျံဖြင့် ပစ်လွှတ်ခဲ့သော ဂြိုဟ်တုများ အနက် ၃၁၄ ခုမြောက်လည်း ဖြစ် ကြောင်းလည်းသိရသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ကမ္ဘာမြေသုတေသန စီမံကိန်း၏အစိတ်အပိုင်းတစ်ခုအရ လွှတ်တင်ခဲ့သော Gaofen-10 ဂြိုဟ်တုက မိုက်ခရိုဝေ့ဗ်ထိန်းချုပ် အာရုံခံဂြိုဟ်တု အမျိုးအစားဖြစ်ပြီးတစ်မီတာထက်နည်း သော ပုံရိပ်ပြတ်သားမှုဖြင့် ဓါတ်ပုံများကိုရိုက်ကူးရယူနိုင်သည်။

Gaofen-10 ဂြိုဟ်တုအား မြေပြင်သုတေသန၊မြို့ပြစီမံကိန်း၊လမ်းကွန်ရက်ဒီဇိုင်း၊ကောက်ပဲသီးနှံထွက်ရှိ သည့်ပမာဏခန့်မှန်းမှု တို့အပြင် သဘာဝဘေးကယ်ဆယ်ရေးလုပ်ငန်းများအတွက်လည်းအသုံးပြုသွား မည်ဖြစ်ကြောင်းသိရသည်။၎င်းဂြိုဟ်တု က ရပ်ဝန်းနှင့်ပိုးလမ်းမ အဆိုပြုချက်ကဲ့သို့ အဓိကကျသောအ မျိုးသားမဟာဗျူဟာလုပ်ငန်းများအတွက်လည်း အထောက်အကူပေးသွားမည်ဖြစ်သည်။

Gaofen-10 ဂြိုဟ်တုနှင့် Long March ဒုံးပျံ နှစ်ခုစလုံးအား တရုတ်အာကာသသိပ္ပံနှင့်နည်းပညာကော် ပိုရေးရှင်းလက်အောက်ရှိ ရှန်ဟိုင်းအာကာသပျံသန်းရေးနည်းပညာအကယ်ဒမီ ကတည်ဆောက်ခဲ့ခြင်း ဖြစ်သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.