Connect with us

Politics, Law & Military

တရုတ်နိုင်ငံ လေယာဉ်ထုတ်လုပ်မှုက ခေတ်သစ်ပိုးလမ်းမကြီးပေါ်ရှိ ၂၈ နို်င်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုကြီး ပြုလုပ်

MA60 စီးရီး တာဗိုဂျက်အင်ဂျင်တပ် ခရီးသည်တင်လေယာဉ်တစ်စင်းအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ပေကျင်း၊ စက်တင်ဘာ ၁၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ လေယာဉ်ထုတ်လုပ်ရေး ကော်ပိုရေးရှင်း (AVIC) သည် ခေတ်သစ်ပိုးလမ်းမကြီးတစ်လျှောက်ရှိ ၂၈ နိုင်ငံနှင့်အတူ ပူးပေါင်းဆောင်ရွက်မှုများရှိခဲ့ကြောင်း နိုင်ငံပိုင် လေယာဉ်ထုတ်လုပ်မှုလုပ်ငန်းကြီးထံမှ သိရသည်။

MA60 စီးရီး တာဗိုဂျက်အင်ဂျင်တပ် ခရီးသည်တင်လေယာဉ်များ၊ LE500 နှင့် Y-12 စီးရီး အထွေထွေသုံး လေယာဉ်များနှင့် Y-8 ပို့ဆောင်ရေးလေယာဉ် ကဲ့သို့သော တရုတ်နိုင်ငံထုတ် လေယာဉ်များအား ခေတ်သစ်ပိုးလမ်းမကြီးရှိနိုင်ငံများက ပိုမိုလက်ခံလာကြပြီဖြစ်ကြောင်း သိရသည်။

ယခုနှစ် ဇွန်လအထိ တရုတ်နိုင်ငံက MA60 စီးရီး လေယာဉ် ၅၇ စင်းအား ခေတ်သစ်ပိုးလမ်းမကြီးပေါ်ရှိ နိုင်ငံ ၁၈ နိုင်ငံသို့လည်ကောင်း၊ Y-12 စီးရီးလေယာဉ် ၁၀၃ စင်းအား ခေတ်သစ်ပိုးလမ်းကြီးပေါ်ရှိနိုင်ငံ ၂၈ နိုင်ငံသို့လည်းကောင်း ပို့ဆောင်ခဲ့သည်။

၂၀၁၇ ခုနှစ်တွင် AVIC သည် နိုင်ငံတကာ စီးပွားရေး ဝင်ငွေ ယွမ် ၉၆.၇ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၄.၀၈ ဘီလီယံ) ၊ စုစုပေါင်း ဝင်ငွေ၏ ၂၄ ရာခိုင်နှုန်းရှိခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.