Connect with us

Politics, Law & Military

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် ချစ်ကြည်ရေးခရီးစဉ်နှင့် တရုတ်-ရုရှား အစိုးရခေါင်းဆောင်များ၏ ၂၄ ကြိမ်မြောက် ပုံမှန်အစည်းအဝေး တက်ရောက်ရန် ရုရှားနိုင်ငံသို့ ထွက်ခွာ

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်အား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၁၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်သည် ရုရှားနိုင်ငံ ဝန်ကြီးချုပ် ဒီမီထရီ မက်ဗီဒက်ဗ် (Dmitry Medvedev) ၏ ဖိတ်ကြားချက်ဖြင့် ရုရှားနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ် သွားရောက်ရန် စက်တင်ဘာလ ၁၆ ရက်က ပေကျင်းမှထွက်ခွာခဲ့ကြောင်း သိရသည်။

ခရီးစဉ်အတွင်း လီနှင့် မက်ဗီဒက်ဗ်တို့သည် တရုတ်-ရုရှား အစိုးရခေါင်းဆောင်များ၏ ၂၄ ကြိမ်မြောက် ပုံမှန်အစည်းအဝေးကိုလည်း ပြုလုပ်မည်ဖြစ်သည်။

ရုရှားနိုင်ငံ ခရီးစဉ်သို့ ဝန်ကြီးချုပ် လီနှင့်အတူ ဇနီး ချိန်ဟုန်၊ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိတို့လည်း လိုက်ပါသွားကြောင်း သိရသည်။ (Xinhua)