Connect with us

Politics, Law & Military

တရုတ်ပြည်သူ့သမ္မတနိုင်ငံတည်ထောင်ခြင်း က တရုတ်နိုင်ငံ ၏ ကံကြမ္မာ ကိုလုံးဝပြောင်းလဲသွားစေခဲ့ကြောင်း သမ္မတရှီပြောကြား

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်အားတွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၁ ရက် (ဆင်ဟွာ)

နှစ်ပေါင်း ၁၀၀ကျော်မှ မျက်မှောက်ကာလအထိ  တရုတ်နိုင်ငံ၏ မကောင်းသောကံကြမ္မာကြောင့်ဖြစ်ခဲ့သည့် ဆင်းရဲခြင်း နှင့် မခိုင်မာခြင်းတို့ ကြောင့် အနိုင်ကျင့်ခံရခြင်း နှင့် အရှက်ရခဲ့ခြင်းတို့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံတည်ထောင်ခြင်းကြောင့် ကံကြမ္မာကောင်းသို့လုံးဝပြောင်းလဲသွားစေခဲ့ကြောင်း တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က အောက်တိုဘာ ၁ရက်တွင်ပြောကြားခဲ့သည်။ 

တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီအထွေထွေအတွင်းရေးမှူး နှင့် ဗဟိုစစ်ကော်မရှင်ဥက္ကဋ္ဌ ဖြစ်သူ ရှီက တရုတ်ပြည်သူ့သမ္မတနိုင်ငံတည်ထောင်ခြင်းနှစ်၇၀ပြည့်အခမ်းအနားတွင် မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ 

 “လွန်ခဲ့တဲ့နှစ်ပေါင်း ၇၀ အောက်တိုဘာ ၁ရက် နေ့မှာ ခေါင်းဆောင်ကြီးမော်စီတုံးက တရုတ်ပြည်သူ့သမ္မတနိုင်ငံကိုထောင်မယ်ဆိုပြီး ကမ္ဘာကို အလေးအနက်ကြေညာခဲ့ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံထူထောင်ပြီးတဲ့နောက်ပြည်သူတွေ ဆင်းရဲခြင်းကရုန်းထွက်နိုင်ခဲ့တယ်’’ ဟု ထျန်းအန်းမင်ရင်ပြင် တွင် သမ္မတရှီက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည်ထိုအချိန်မှစ၍ အမျိုးသားသွေးသစ်လောင်းမှု လမ်းကြောင်းပေါ်သို့ စတင်ရောက်ရှိခဲ့ကြောင်း သမ္မတရှီကဆိုသည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.