Connect with us

Politics, Law & Military

တရုတ်ဝန်ကြီးချုပ် လီခဲ့ချန် နှင့် ဥရောပကော်မရှင် ဒုတိယဥက္ကဋ္ဌ တို့တွေ့ဆုံ

တရုတ်နိုင်ငံဝန်ကြီးချုပ် လီခဲ့ချန် (ယာ) နှင့် ဥရောပကော်မရှင် ဒုတိယဥက္ကဋ္ဌ Jyrki Katainen (ဝဲ)တို့ ဇွန် ၂၅ ရက်တွင် ပေကျင်းမြို့၌တွေ့ဆုံစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇွန် ၂၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံဝန်ကြီးချုပ် လီခဲ့ချန် သည် ၇ကြိမ်မြောက် တရုတ်-အီးယူ အဆင့်မြင့် စီးပွားရေး နှင့် ကုန်သွယ်ရေး စကားဝိုင်း သို့ တက်ရောက်လာသော ဥရောပကော်မရှင် ဒုတိယဥက္ကဋ္ဌ Jyrki Katainen နှင့် ဇွန် ၂၅ရက်တွင် တွေ့ဆုံခဲ့ကြောင်း သိရသည်။

လီ က ကမ္ဘာပေါ်တွင် အဓိက စီးပွားရေးအင်အားများဖြစ်သော တရုတ်နိုင်ငံ နှင့် ဥရောပသမဂ္ဂ တို့သည် တစ်ဘက် နှင့် တစ်ဘက် အကြီးမားဆုံးသော အဓိက ပို့ကုန် နှင့် သွင်းကုန် ဈေးကွက်များဖြစ်ကြကြောင်း ပြောကြားခဲ့သည်။

၂၀၁၈ခုနှစ်သည် တရုတ်-ဥရောပ ပြီးပြည့်စုံသော မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး တည်ထောင်သည့် ၁၅နှစ် ပြည့်အထိမ်းအမှတ် ဖြစ်ကြောင်း သိရသည်။

ဥရောပပေါင်းစည်းမှု အတွက် အခိုင်အမာ ထောက်ပံ့သူတစ်ဦးအဖြစ် တရုတ်နိုင်ငံ က ဥရောပသမဂ္ဂအနေဖြင့် ၎င်း၏ စည်းလုံးမှု၊ တည်ငြိမ်မှု၊ ပွင့်လင်းမှု၊ သာယာဝပြောမှု တို့ကို ထိန်းသိမ်းသွားမည်ဟု မျှော်လင့်ပါကြောင်း၊ လာမည့်လတွင် ကျင်းပမည့် တရုတ်-အီးယူ ခေါင်းဆောင်များ အစည်းအဝေးတွင် တရုတ်-အီးယူ ရင်းနှီးမြှုပ်နှံမှု သဘောတူညီချက်၊ ရာသီဥတုပြောင်းလဲမှု ဆိုင်ရာ သဘောတူညီချက်များကို ဆွေးနွေးညှိနှိုင်းရာတွင် အပြုသဘောဆောင်ပြီး လက်တွေ့ကျသည့် ရလဒ်များ ထွက်ပေါ်လာမည်ဟု မျှော်မှန်းပါကြောင်း လီက ပြောကြားခဲ့သည်။

Katainen က အီးယူ နှင့် တရုတ်နိုင်ငံတို့သည် ယခုကျင်းပခဲ့သော အဆင်မြင့်စကားဝိုင်းတွင် အထွေထွေသဘောတူညီချက်များကို ဆွေးနွေးညှိနှိုင်းနိုင်ခဲ့ကြောင်း၊ နှစ်ဖက်စလုံးသည် ကိုယ်ကျိုးစီးပွားကာကွယ်မှု နှင့် တစ်ကိုယ်ကောင်းဆန်မှုများကို ဆန့်ကျင်သွားပြီး လက်ရှိ အခြေအနေတွင် နိုင်ငံပေါင်းစုံ ဆက်ဆံရေး နှင့် လွတ်လပ်သော ကုန်သွယ်ရေး စနစ်ကို ထိန်းသမ်းစောင့်ရှောက်သွားရန် တိုက်တွန်းပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.