Connect with us

Politics, Law & Military

ရှီကျင့်ဖိန် နှင့် ကင်ဂျုံအန် တို့ပေကျင်းမြို့၌ တွေ့ဆုံဆွေးနွေး

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန် နှင့် မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင်ကင်ဂျုံအန် တို့ ဇွန်လ ၁၉ ရက်က လက်ဆွဲနှုတ်ဆက်စဉ်(ဆင်ဟွာ)

ပေကျင်း ၊ ဇွန် ၂ဝ ရက်(ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး နှင့် တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် ကိုရီးယားအလုပ်သမားပါတီ(WPK) ဥက္ကဋ္ဌ နှင့် မြောက်ကိုရီးယားနိုင်ငံ နိုင်ငံရေးရာကော်မရှင် ဥက္ကဋ္ဌ ကင်ဂျုံအန် အား ပေကျင်းမြို့၌ ဇွန်လ ၁၉ ရက်တွင် လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။

နှစ်နိုင်ငံ ခေါင်းဆောင်တို့သည် ကိုရီးယားကျွန်းဆွယ်အခြေအနေ နှင့် တရုတ်- မြောက်ကိုရီးယား ဆက်ဆံရေး လက်ရှိတိုးတက်မှု အခြေအနေများအပေါ် နက်ရှိုင်းစွာ နှင့် ပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
တရုတ်-မြောက်ကိုရီးယား ဆက်ဆံရေးတွင် လုံခြုံမှု ၊ စည်းလုံးမှု နှင့် တိုးတက်မှု တို့အတွက် နှစ်ဖက်သဘောတူညီခဲ့ကြကြောင်း နှင့် ကမ္ဘာလုံခြုံရေး နှင့်ဒေသတွင်းငြိမ်းချမ်းရေး ၊ တည်ငြိမ်ရေး၊အကျိုးဖြစ်ထွန်းရေး နှင့်ဖွံ့ဖြိုးတိုးတက်ရေး တို့တွင် အပြုသဘောဆောင်သည့် ပူးပေါင်းပါဝင်မှုလုပ်ဆောင်သွားရန် ၊ ကိုရီးယားကျွန်းဆွယ် ငြိမ်းချမ်းရေး နှင့် တည်ငြိမ်ရေးကို အရှိန်အဟုန်မြှင့်တင်ရေးကို ရှေးရှုပြီး နှစ်ဖက်ပူးတွဲလုပ်ဆောင်သွားရန် သဘောတူညီခဲ့ကြောင်း သိရသည်။
စင်ကာပူနိုင်ငံ၌ ပြုလုပ်ခဲ့သည့် ဥက္ကဋ္ဌကြီးကင် နှင့် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်တို့အကြား ထိပ်သီးအစည်းအဝေးတွင် အခြေခံစည်းမျဉ်းစည်းကမ်းသဘောတူညီချက်များ၊ကိုရီးယားကျွန်းဆွယ် နျူကလီးယားကင်းစင်ရေးအတွက် အပြုသဘောဆောင်သည့် ရလဒ်များ နှင့် ကိုရီးယားကျွန်းဆွယ် ငြိမ်းချမ်းရေးယန္တယားတစ်ခုတည်ဆောက်ရန် သဘောတူညီချက်များ ရရှိခဲ့ခြင်းအပေါ် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း ရှီက ဆိုသည်။
“ ထိပ်သီးအစည်းအဝေးနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံက မှန်ကန်စွာပြောဆိုခဲ့ပါတယ်” ရှီက ဆိုသည်။
ရဲဘော်ဥက္ကဋ္ဌကြီး ၏ တရုတ်နိုင်ငံအလည်အပတ်ခရီးစဉ်သည် နှစ်ဖက်ပါတီ နှင့် နှစ်နိုင်ငံအကြား မဟာဗျူဟာမြောက်ဆက်နွယ်မှု အလွန်အရေးပါပုံကို ပြသလိုက်ခြင်းဖြစ်ကြောင်း ရှီက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် ပြီးဆုံးသည်အထိ အပြုသဘောဆောင်သည့်အခန်းကဏ္ဍမှ ပါဝင်သွားမည်ဖြစ်ကြောင်း ရှီက ဆိုသည်။
မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်က မြောက်ကိုရီးယား-အမေရိကန်ထိပ်သီးအစည်းအဝေးသည် နိုင်ငံတကာအသိုင်းအဝိုင်း၏ မျှော်လင့်ချက်များ နှင့် သက်ဆိုင်ရာနိုင်ငံများ၏ အကျိုးစီးပွားဆိုင်ရာ စိုးရိမ်ပူပန်မှုအတွက် အပြုသဘောဆောင်သည့် ရလဒ်များ စွမ်းဆောင်နိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.