Connect with us

Politics, Law & Military

တရုတ်သမ္မတ ရှီကျင့်ဖိန် သည် ဘီနင်၊ ဆီရှယ်လီးစ်၊ ဂီနီ နှင့် လိုက်ဘေးရီးယားနိုင်ငံများမှ သမ္မတများ နှင့် တွေ့ဆုံ

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်အား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၁ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ၂၀၁၈ခုနှစ် တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှုဖိုရမ် ဆိုင်ရာ ပေကျင်းထိပ်သီးအစည်းအဝေးပွဲ မတိုင်မီ ဘီနင်နိုင်ငံ သမ္မတ Patrice Talon၊ ဆီရှယ်လီးစ်နိုင်ငံ သမ္မတ Danny Faure၊ ဂီနီနိုင်ငံ သမ္မတ Alpha Conde၊ လိုက်ဘေးရီးယားနိုင်ငံသမ္မတ George Weah တို့နှင့် စက်တင်ဘာ ၁ရက်တွင် ပေကျင်းမြို့၌တွေ့ဆုံခဲ့ကြောင်း သိရသည်။

ယင်းသို့တွေ့ဆုံရာတွင် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်က တရုတ်ပြည်သူများအတွက် အာဖရိကနိုင်ငံသားများ၏ အဖိုးတန်သော ထောက်ခံမှု နှင့် လေးနက်သည့် မိတ်ဆွေရင်းစိတ်ဓါတ်ကို အမြဲသတိရနေမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။

ရှီက ကိုယ်ပိုင်ဖွံ့ဖြိုးတိုးတက်မှုကို ရှာဖွေရာတွင် နိုင်ငံအချင်းချင်း အပြန်အလှန် ကူညီထောက်ပံ့သွားရန် တရုတ်နိုင်ငံသည် အာဖရိကနိုင်ငံများနှင့် ခိုင်မာစွာ လက်တွဲလုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ ဘုံဖွံ့ဖြိုးတိုးတက်မှုကို ရှာဖွေသွားမည်ဖြစ်ကြောင်း နှင့် ပိုမိုနီးကပ်သော အနာဂါတ်မျှဝေသည့် လူမှုအသိုက်အဝန်းအား တည်ဆောက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

၎င်းက တရုတ်နိုင်ငံသည် အာဖရိကနိုင်ငံများ နှင့် အုပ်ချုပ်မှုအတွေ့အကြုံ များဖလှယ်ပြီး ပြည်သူအချင်းချင်း ရင်းနှီးချစ်ကြည်မှု တိုးတက်အောင်ဆောင်ရွက်ရန် ဆန္ဒရှိပါကြောင်း ပြောကြားခဲ့သည်။

ရှီက ခေတ်သစ်ပိုးလမ်းမကြီး အကောင်အထည်ဖော်ဆောင်ရွက်မှုတွင် အာဖရိကနိုင်ငံများ၏ တက်ကြွစွာပါဝင်ဆောင်ရွက်မှုကိုလည်း ကြိုဆိုပါကြောင်းပြောကြားခဲ့သည်။

တွေ့ဆုံပွဲများအပြီး နိုင်ငံအချင်းချင်း ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်များအား တရုတ်နိုင်ငံ သမ္မတ နှင့် အာဖရိကနိုင်ငံများမှ သမ္မတတို့၏ ရှေ့မှောက်လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.