Connect with us

Politics, Law & Military

တရုတ်သမ္မတ ရှီ နှင့် ဂျပန်ဝန်ကြီးချုပ် တို့တွေ့ဆုံဆွေးနွေး

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် (ယာ) နှင့် ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ရှင်ဇိုအာဘေး (ဝဲ) တို့ ပေကျင်းမြို့ ၌ အောက်တိုဘာ ၂၆ရက်က တွေ့ဆုံစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၂၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ရှင်ဇိုအာဘေးတို့သည် တရုတ်နိုင်ငံ ပေကျင်းမြို့ ၌ အောက်တိုဘာ ၂၆ရက်က တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေးတွင် အပြုသဘောဆောင်သည့် လုပ်ဆောင်ချက်များကို နှစ်နိုင်ငံစလုံးက မြတ်နိုးတန်ဖိုးထားရန် ပြောကြားခဲ့ကြောင်း သိရသည်။

ရှီက အာဘေး၏ တရုတ်နိုင်ငံ တရားဝင်ခရီးစဉ်အား ကြိုဆိုခဲ့ပြီး မကြာသေးမီ နှစ်များအတွင်း တရုတ်-ဂျပန်ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်အောင် ၎င်း၏ ကြိုးစားဆောင်ရွက်ခဲ့မှုများကို အထူးအလေးပေး ပြောကြားခဲ့သည်။၂၀၁၈ခုနှစ်သည် တရုတ်-ဂျပန် ငြိမ်းချမ်းရေးနှင့် ချစ်ကြည်ရေးစာချုပ် ချုပ်ဆိုသည့် နှစ် ၄၀ပြည့် အထိမ်းအမှတ် ဖြစ်ကြောင်း သိရသည်။

ရှီက အခြေအနေအသစ်များအောက်တွင် တရုတ်နိုင်ငံ နှင့် ဂျပန်နိုင်ငံတို့သည် နှစ်နိုင်ငံနှင့်သက်ဆိုင်သော နယ်ပယ်များ၌ အပြန်အလှန်မှီခိုမှုများ မြင့်တက်လာပြီး ဘုံအကျိုးစီးပွားဆိုင်ရာကိစ္စရပ်များအား မျှဝေဆောင်ရွက်လာသလို နိုင်ငံပေါင်းစုံကိစ္စရပ်များတွင်လည်း ပါဝင်လာကြကြောင်းပြောကြားခဲ့သည်။

အာဘေးက ငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုသည့် နှစ် ၄၀ ပြည့်အထိမ်းအမှတ်ဖြစ်သော အရေးပါသည့် အခိုက်အတန့်တွင် တရုတ်နိုင်ငံသို့ တရားဝင်ခရီးစဉ်ရောက်ရှိခဲ့သည့်အတွက် ကျေနပ်ဝမ်းသာရကြောင်း ပြောကြားခဲ့သည်။၎င်းက ယခုခရီးစဉ်မှ တစ်ဆင့် နှစ်နိုင်ငံစလုံးသည် ပြိုင်ဆိုင်မှု အခြေအနေမှ ညှိနှိုင်းဆောင်ရွက်မှုအခြေအနေသို့ ပြောင်းလဲကာ ခေတ်သစ်သို့ တက်လှမ်းနိုင်မည်ဟု မျှော်လင့်ပါကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.