Connect with us

Politics, Law & Military

တရုတ် နိုင်ငံက အီရန် နိုင်ငံ၌ လေယာဉ် ပျက်ကျမှု အပေါ် ဝမ်းနည်းကြောင်း ပြောကြား 

အီရန် နိုင်ငံ၌ လေယာဉ် ပျက်ကျခဲ့သည့် အခင်း ဖြစ် နေရာအား တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ ဇန်နဝါရီ ၉ ရက်(ဆင်ဟွာ)

တရုတ် နိုင်ငံ အနေဖြင့် ယူကရိန်း လေကြောင်းလိုင်း လေယာဉ်ပျက်ကျမှုတွင် သေဆုံးသွားခဲ့သူများ အတွက် လွန်စွာ ကြွေကွဲ ဝမ်းနည်းရပါကြောင်း နှင့် ၎င်းတို့၏ မိသားစုဝင်များ အတွက် စာနာ ထောက်ထားမိပါကြောင်း ဇန်နဝါရီ ၈ ရက်က တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူ၏ ပြောကြားချက် အရ သိရသည်။

ယူကရိန်း လေကြောင်းလိုင်းမှ လူ ၁၇၆ ဦး လိုက်ပါလာသော ခရီးသည်တင် လေယာဉ် တစ်စင်းသည် ဇန်နဝါရီ ၈ ရက် နံနက်ပိုင်းတွင် အီရန် နိုင်ငံ အီမမ်ခိုမီ အပြည်ပြည် ဆိုင်ရာ လေဆိပ် အနီး ပျံတက်ပြီး မကြာမီမှာပင် ပျက်ကျသွားခဲ့ရာ လေယာဉ်ပေါ်ပါ ခရီးသည်များ နှင့် ဝန်ထမ်းများ အားလုံး သေဆုံးသွားခဲ့ကြောင်း သတင်းများက ဆိုသည်။

လေယာဉ် ပျက်ကျမှုကို ဖြစ်နိုင်သမျှ အမြန်ဆုံး ဖော်ထုတ် နိုင်ရန် သက်ဆိုင်ရာ အဖွဲ့အစည်းများ အားလုံး အနေဖြင့် အသေအချာ လုပ်ဆောင်နိုင်မည်ဟု တရုတ် နိုင်ငံက မျှော်လင့်ကြောင်း တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူ ကိန်းစွမ်(Geng Shuang) က ဆိုသည်။

 “ယူကရိန်း နိုင်ငံမှာ ရှိတဲ့ တရုတ် သံရုံး နှင့် ကောင်စစ်ဝန်ရုံးက အခြေအနေတွေကို အတည်ပြုဖို့ ယူကရိန်း တာဝန်ရှိသူတွေရဲ့ ဆက်သွယ်ပြီးပါပြီ။”ဟု ကိန်းစွမ်က ပြောကြားခဲ့ပြီး ယင်းလေယာဉ်ပေါ်တွင် တရုတ် နိုင်ငံသားများ လိုက်ပါ သွားခြင်း ရှိသည် ဆိုသည့် သတင်းများ မရှိကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။(Xinhua)