Connect with us

Politics, Law & Military

တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ဝန်ကြီး ဝမ်ရိ ၏ ဖိလစ်ပိုင် နိုင်ငံ လည်ပတ်ရေး ခရီးစဉ် ပြီးဆုံး ခဲ့ပြီး အောင်မြင်ပြည့်စုံသော လည်ပတ်ရေး ခရီးစဉ် ဖြစ်ခဲ့

တရုတ် နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန ဝန်ကြီး ဝမ်ရိ (ယာ) နှင့် ဖိလစ်ပိုင် နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး Albert del Rosario တို့ ဖိလစ်ပိုင် နိုင်ငံ မနီလာမြို့၌ နိုဝင်ဘာလ ၁၁ ရက်က တွေ့ဆုံခဲ့စဉ် (ဆင်ဟွာ)

မနီလာ ၊ နိုဝင်ဘာ ၁၁ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန ဝန်ကြီး ဝမ်ရိသည် ဖိလစ်ပိုင် နိုင်ငံ၏ ဖိတ်ကြားမှု အရ တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ ဖိလစ်ပိုင် နိုင်ငံသို့ APEC အစည်းအဝေး တက်ရောက်ရန် နှင့် ပတ်သက်သော ကြိုတင် ဆွေးနွေး ညှိနှိုင်းတိုင်ပင်မှုများ ပြုလုပ်ရန် ဖိလစ်ပိုင် နိုင်ငံသို့ သွားရောက် ခဲ့သည်။

တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ဝန်ကြီး ဝမ်ရိ၏ လည်ပတ်ရေး ခရီးစဉ် အပြီးတွင် ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲတွင် တရုတ်-ဖိလစ်ပိုင် နှစ်နိုင်ငံ ဆက်ဆံရေးသည် လက်ရှိချိန်တွင် အခက်အခဲများစွားကို ရင်ဆိုင်နေရကြောင်း ၊ ယင်းကဲ့သို့သော အခြေအနေအောက်တွင် ဖိလစ်ပိုင် နိုင်ငံမှ ယခုကဲ့သို့ တက်ကြွစွာ ၊ ဂရုစိုက်စွာဖြင့် ဖိလစ်ပိုင် နိုင်ငံ သမ္မတ ၊ နိုင်ငံခြားရေး ဝန်ကြီး စသည်တို့မှ သမ္မတ ရှီကျင့်ဖိန် အစည်းအဝေး တက်ရောက်ရေး အတွက် ဆောင်ရွက်နေမှုကို သိရှိခဲ့ရကြောင်း ၊ ဖိလစ်ပိုင် နိုင်ငံရှိ လူတော်တော် များများသည် တရုတ် လူမျိုးများပင် ဖြစ်ကြောင်း ၊ လက်ရှိ ဖိလစ်ပိုင် နိုင်ငံ သမ္မတ၏ မိခင် တရုတ်နိုင်ငံ ဖူကျန့် မြို့သို့ လာရောက်ကာ ဆွေမျိုးများအား ရှာဖွေ လည်ပတ် ကန်တော့ရာတွင် ပြောကြား ခဲ့သည့် စကား တစ်ခွန်းမှာ အလွန် နာမည်ကြီးခဲ့ကြောင်း၊ ထိုစကားမှာ ကျွန်မသည် ဖိလစ်ပိုင် နိုင်ငံ သမ္မတ၏ မိခင် ဖြစ်သည် သို့သော်လည်း ဤရွာတွင် မွေးဖွား ခဲ့သည့် သမီး တစ်ယောက် ဖြစ်သည်ဟု ပြောကြား ခဲ့ကြောင်း ၊ ကျွန်တော့ အနေဖြင့် တရုတ်-ဖိလစ်ပိုင် နှစ်နိုင်ငံ ဆက်ဆံရေး အမြန်ဆုံး ကောင်းမွန်သည့် လမ်းကြောင်းပေါ်သို့ ပြန်လည် ရောက်ရှိလာရန် မျှော်လင့်ကြောင်း ပြောကြား ခဲ့သည်။

တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် နိုဝင်ဘာ ၁၀ ရက်နေ့တွင် ဖိလစ်ပိုင် နိုင်ငံ သမ္မတ Benigno Aquino III နှင့် သမ္မတ အိမ်တော်တွင် တွေဆုံခဲ့ကြသည်။ ဖိလစ်ပိုင် နိုင်ငံ သမ္မတ က ဝမ်ရိ မှတစ်ဆင့် တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် အား မေးမြန်းကြောင်း ကိုပြောကြားပေးလိုကြောင်း ၊ ဖိလစ်ပိုင် နိုင်ငံ အနေဖြင့် တရုတ် နိုင်ငံ သမ္မတ မှ ဖိလစ်ပိုင် နိုင်ငံသို့ လာရောက်မည့် အစီအစဉ်တွင် အလွန် ချစ်ကြည် ခမ်းနားသည့် ပုံစံဖြင့် ကြိုဆို သွားမည် ဖြစ်ပြီး အဆင်ပြေ စေရန် ၊ လုံခြုံစေရန် ၊ စိတ်ချမ်းမြေ့မှု ရရှိရန် အစွမ်းကုန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းကို ပြောကြား ခဲ့သည်။
ထို့ပြင် ဝမ်ရိမှ မနီလာ မြို့တွင် ဖိလစ်ပိုင် နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး Albert del Rosario နှင့် အစည်းအဝေး တစ်ရပ် ပြုလုပ် ခဲ့သည်။ အစည်းအဝေး တွင် Albert del Rosario မှ တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် အနေဖြင့် ဖိလစ်ပိုင် နိုင်ငံသို့ APEC အစည်းအဝေး တက်ရောက်မည် ဖြစ်သည့် အတွက် အလွန် ကျေးဇူးတင်ရှိကြောင်း ၊ တရုတ် နိုင်ငံ ခြားရေး ဝန်ကြီး ဝမ်ရိ မှလည်း တရုတ် နိုင်ငံ သည် ဖိလစ်ပိုင် နိုင်ငံအပေါ် အိမ်နီးချင်း မိတ်ဆွေ ဆက်ဆံရေး မူဝါဒ ထားရှိမှုသည် ပြောင်းလဲမည် မဟုတ်ကြောင်း ၊ ဖိလစ်ပိုင် နိုင်ငံ နှင့်အတူ နှစ်နိုင်ငံ ဆက်ဆံရေး ကောင်းမွန်တိုးတက်ရန် ဆောင်ရွက်သွားလိုကြောင်း ပြောကြား ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.