Connect with us

Politics, Law & Military

တရုတ် နိုင်ငံ ကွန်မြူနစ် ပါတီ ဗဟို နိုင်ငံရေး ဗျူရို အမြဲတန်း ကောင်စီဝင် ဟောင်း ကျိုးယုံခမ်း အား ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်

တရုတ် နိုင်ငံ ကွန်မြူနစ် ပါတီ ဗဟို နိုင်ငံရေး ဗျူရို အမြဲတန်း ကောင်စီဝင် ဟောင်း ကျိုးယုံခမ်း အား အမှုစစ်ဆေးနေစဉ်(ဓာတ်ပုံ-အင်တာနက်)

ထင်းကျင်း ၊ ဇွန် ၁၁ ရက်(ဆင်ဟွာ)

တရုတ် နိုင်ငံ ထင်းကျင်း မြို့ အမှတ်တစ် အလယ်တန်း ပြည်သူ့တရားရုံး မှ ဇွန်လ ၁၁ ရက်နေ့က တရုတ် နိုင်ငံ ကွန်မြူနစ် ပါတီ ဗဟို နိုင်ငံရေး ဗျူရို အမြဲတန်း ကောင်စီဝင် ဟောင်း ကျိုးယုံခမ်း အား လာဘ်စားမှု ၊ အာဏာ အလွှဲသုံးစား မှု ၊ ရည်ရွယ်ချက်ဖြင့် နိုင်ငံတော် လျှို့ဝှက်ချက် ပေါက်ကြားစေမှု တို့ နှင့် ပတ်သက်၍ ထောင်ဒဏ် တစ်သက်တစ်ကျွန်း အမိန့် ချမှတ် ခဲ့သည်။

တရားရုံး မှ ကျိုးယုံခမ်း အား လာဘ်စားမှု အတွက် ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ် ခဲ့ပြီး နိုင်ငံရေး အခွင့်အရေး ကို ရာသက်ပန် ဖယ်ရှားခဲ့သည် ၊ အာဏာ အလွှဲသုံးစား မှု အတွက် ထောင်ဒဏ် ၇ နှစ် နှင့် ရည်ရွယ်ချက်ဖြင့် နိုင်ငံတော် လျှို့ဝှက်ချက် ပေါက်ကြားစေမှု အတွက် ထောင်ဒဏ် ၄ နှစ် ကို အသီးသီး ချမှတ် ခဲ့သည် ၊ ထို ပြစ်ဒဏ် ၃ ရပ်လုံးအား တစ်ပြိုင်တည်း ကျခံစေခဲ့သည်။ ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ် ၍ နိုင်ငံရေး အခွင့်အရေး ကို ရာသက်ပန် ဖယ်ရှားကာ ပိုင်ဆိုင်မှု အားလုံးကိုလည်း သိမ်းယူ ခဲ့သည်။

ကျိုးယုံခမ်း မှ တရာရုံး ၌ ထွက်ဆိုရာတွင် တရားရုံး မှ စီရင်ချက် ကို လက်ခံ ပြီး အယူခံ မဝင်တော့ကြောင်း ၊ စစ်ဆေးမှု တစ်လျှောက် တွင် တရားရေး ဌာန များမှ ဥပဒေ အတိုင်းဆောင်ရွက်ခဲ့ကြောင်း ၊ အမှန်တရား အတိုင်း တရားမျှသ စွာ ဆောင်ရွက် ခဲ့သောကြောင့် နိုင်ငံတော် ဥပဒေ ၏ တိုးတက်မှုကို သိရှိခဲ့ကြောင်း ၊ မိမိ ၏ အပြစ်ကျူးလွန်မှု ကြောင့် ပါတီ လုပ်ငန်းစဉ် အတွက် နစ်နာမှု ဖြစ်ခဲ့သည် ကို သိရှိရကြောင်း ၊ လူမှု ပတ်ဝန်းကျင် အတွက် ကြီးမားသော အနောက်အယှက် ဖြစ်စေခဲ့ကြောင်း ၊ မိမိ၏ အပြစ်ကို ဝန်ခံပြီး နောင်တရ ကြောင်း ပြောကြားခဲ့သည်။

ကျိုးယုံခမ်းသည် တရုတ် ယွမ်ငွေ ၁၂၉.၇၇၂၁၁၃ သန်း တန်ဖိုးရှိ လာဘ်စားမှု ပြုလုပ် ခဲ့ကြောင်း စစ်ဆေး တွေ့ရှိခဲ့သည်။ လာဘ်ပေးသူ များသည် ၂.၁၃၆ ဘီလီယံ ယွမ်ငွေ အကျိုးအမြတ် ရရှိစေ ခဲ့ပြီး နိုင်ငံတော် စီးပွားရေး နစ်နာမှု ၁.၄၈၆ ဘီလီယံ ယွမ်ငွေ ဖြစ်စေခဲ့သည်။ ထိုပြင် သက်သေ ထွက်ဆိုချက်အရ ထိပ်တန်း လျှို့ဝှက်ချက် စာရွက်စာတမ်း ၅ ခု နှင့် လျှို့ဝှက်ချက် စာရွက်စာတမ်း တစ်ခု တို့ကို မသက်ဆိုင်သူ ထံသို့ ပေးခဲ့ကြောင်း ကို လည်း ဝန်ခံခဲ့သည်။

ထင်းကျင်း အမှတ်တစ် အလယ်တန်း ပြည်သူ့ တရားရုံးမှ ကျိုးယုံခမ်းလာဘ်စားမှု သည် ငွေပမာဏ အလွန်များပြာကြောင်း သို့သော် အမှုစစ် ချိန်တွင် အမှန် အတိုင်းထွက်ဆို ခဲ့ပြီး အပြစ်ဝန်ခံခဲ့ကြောင်း ၊ လာဘ်ယူမှု အများစု သည် မိသားစုဝင် များယူခဲ့ပြီး နောက်ပိုင်းမှ သိရှိခဲ့ရကြောင်း ၊ အမှု ဖြစ်ပွားပြီးနောက် မိသားစု ဝင်များအား ကိုယ်တိုင် လာဘ်ယူ ထားသော ငွေနှင့် ပစ္စည်းများ အပ်နှံ စေခဲ့သဖြင့် ဥပဒေ အရ လျှော့ပေါ့ စဉ်စား ပေးခဲ့ကြောင်း ၊ အာဏာ အလွှဲသုံးစား မှု သည် အလွန်ကြီးမား သော ပြစ်မှု အခြေအနေ ရှိခဲ့ကြောင်း ၊ ရည်ရွယ်ချက် ဖြင့် နိုင်ငံတော် လျှို့ဝှက်ချက် ပေါက်ကြားမှု သည် အလွန်ကြီးမား သော ပြစ်မှု အခြေအနေ ရှိခဲ့ကြောင်း သို့သော် ပြင်းထန်သော အကျိုးဆက် မဖြစ်ပွား ခဲ့ကြောင်း ၊ ကျိုးယုံခမ်း ၏ အမှု တွင် ကျူးလွန်သော ပြစ်မှု ၊ အမျိုးအစား နှင့် အခြေအနေပေါ် မှုတည် ပြီး တရားရုံး မှ ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ် ခဲ့ကြောင်း ကြေညာ ခဲ့သည်။ (Xinhua)