Connect with us

Politics, Law & Military

တရုတ် နိုင်ငံ ယူနန် ပြည်နယ်တွင် မြေပြင် နှင့် ဝေဟင် ကျည်အစစ်ဖြင့် ပူးတွဲ စစ်ရေးလေ့ကျင့်မှု ယနေ့စတင်

ယူနန် ပြည်နယ်တွင် မြေပြင် နှင့် ဝေဟင် ကျည်အစစ်ဖြင့် ပူးတွဲ စစ်ရေးလေ့ကျင့်မှု မှ အမြောက် တပ်သား အားမြင်တွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ကူမင်း ၊ ဇွန် ၂ ရက်(ဆင်ဟွာ)

တရုတ် နိုင်ငံ ချိန်တူး စစ်ဌာန မှ ဇွန်လ ၂ ရက်နေ့က တရုတ်-မြန်မာ နယ်စပ် တရုတ်ဘက်တွင် မြေပြင် နှင့် ဝေဟင် ကျည်အစစ်ဖြင့် ပူးတွဲ စစ်ရေးလေ့ကျင့်မှု ကို စတင်ခဲ့သည်။ စစ်ရေးလေ့ကျင့် မှု တွင် လျှင်မြန်စွာ တိုက်ခိုက်ခြင်း ၊ ဘက်စုံ ကင်းထောက်စုံစမ်းခြင်း ၊ အတိအကျ ခြေမှုန်း ဖျက်ဆီးခြင်း ၊ ပူးပေါင်း တိုက်ခိုက်ခြင်း ၊ ရုပ်ဝတ္ထု တိုက်ခိုက်ရေး စွမ်းရည် ၊ ကာကွယ်ရေး ဆိုင်ရာ ရွှေ့ပြောင်း ဆောင်ရွက်ခြင်း ၊ အရံ စစ်သည်အင်အား ထောက်ပံ့ရေး ပြင်ဆင်ထားမှု စသည်တို့ကို စမ်းသပ် စစ်ဆေး လေ့ကျင့်ခဲ့သည်။

ချိန်တူး စစ်ဌာန စစ်ဆင်ရေး ဌာနခွဲ ဗိုလ်မှူးကြီး ထမ်ကျီပင်း ( Tang Jibing) မှ တပ်ဖွဲ့များ ပူးပေါင်း၍ လက်တွေ့ စစ်ရေး လေ့ကျင့်မှု ပြုလုပ်ခြင်းသည် ပူးပေါင်း တိုက်ခိုက်ရေး စွမ်းရည် မြှင့်တင် နိုင်ရန် အထိရောက်ဆုံး လေ့ကျင့်မှု ဖြစ်ကြောင်း ၊ နိုင်ငံတော် နယ်စပ် ကာကွယ်ရေး ၊ လေကြောင်း ကာကွယ်ရေး နှင့် ပြည်သူ လူထု အသက် အိုးအိမ် စည်းစိမ် လုံခြုံရေး ထိန်းသိမ်း နိုင်ရန် အတွက် လေ့ကျင့်မှု ဖြစ်ကြောင်း ၊ ယခု အကြိမ် စစ်ရေး လေ့ကျင့်မှု တွင် ကျပန်း ညွှန်ကြား တိုက်ခိုက်ရေး နှင့် ပြစ်မှတ် ရွှေ့ပြောင်း စစ်ဆင်ရေး စသည့် သွက်လက် သည့် စစ်ရေး လေ့ကျင့်မှု ပုံစံ ဖြင့် လေ့ကျင့် သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

စစ်ရေး လေ့ကျင့်မှု တွင် လေကြောင်း တပ်သား ၊ အမြောက် တပ်သား ၊ လေကြောင်း ကာကွယ်ရေး တပ်သား ၊ ကြည်းတပ် အထောက်ကူပြု လေကြောင်း တပ်သား ၊ သံချပ်ကာ တပ်သား ၊ ခြေလျင် တပ်သား ၊ မြေပြင် လမ်းညွှန် တပ်သား နှင် ရေဒါ တပ်သား စသည့် တပ်သား မျိုးစုံ ပါဝင်သည့် စစ်ရေး လေ့ကျင့်မှု ဖြစ်ကြောင်း သိရှိရသည်။ တိုက်ခိုက်ရေး တာဝန် နှင့် တိုက်ခိုက်ရေး ပတ်ဝန်းကျင် တို့ကို လက်တွေ့ တိုက်ခိုက်မှု ပုံစံ အသွင်ရောက် အောင် လေ့ကျင့် သွားမည် ဖြစ်ကြောင်း ၊ ဒေသတွင်းရှိ အစိုးရ ဌာန ၊ နိုင်ငံတော် ကာကွယ်ရေး ဌာန နှင့် ပြည်သူ့ စစ်သည် အချို့ မှ သက်ဆိုင်ရာ စစ်ရေး လေ့ကျင့်မှုတွင် ပါဝင်ခဲ့ကြကြောင်း သိရှိ ရသည်။ (Xinhua)