Connect with us

Politics, Law & Military

တရုတ် နိုင်ငံ သမ္မတ နှင့် အမေရိကန် နိုင်ငံ သမ္မတ ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးမှု ပြုလုပ်

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် လက်ဆွဲနှုတ်ဆက် နေစဉ်(ဆင်ဟွာ)

ပေကျင်း ၊ နိုဝင်ဘာ ၃၀ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် က နိုဝင်ဘာ ၂၉ ရက်နေ့၌ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် နှင့် ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးမှု တစ်ရပ် ပြုလုပ်ခဲ့ကြောင်း သိရှိခဲ့ရသည်။

ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးမှု အတွင်း တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် က အမေရိကန် သမ္မတ ၏ ပြီးခဲ့သည့် ရက်ပိုင်း အတွင်း တရုတ် နိုင်ငံ သို့ လာရောက်လည်ပတ်မှု သည် လွန်စွာ အောင်မြင်ကြောင်း ၊ နှစ်နိုင်ငံ ဆက်ဆံရေး နှင့် အတူတကွ စိတ်ဝင်စား သည့် ကိစ္စရပ်များတွင် နက်ရှိုင်းစွာ သဘောထား အမြင်များ ဖလှယ် ခဲ့ကြပြီး ဘက်ပေါင်းစုံ တွင် အရေးပါသည့် သဘောတူညီမှုများရရှိခဲ့ကြောင်း ၊ တရုတ်-အမေရိကန် ဆက်ဆံရေး ကောင်းမွန်တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်ရေး အတွက် လွန်စွာအရေးပါခဲ့ကြောင်း ၊ နှစ်နိုင်ငံ အနေဖြင့် နှစ်နိုင်ငံ ခေါင်းဆောင် တို့မှ ရရှိခဲ့သည့် သဘောတူညီချက်များကို ကောင်းမွန်စွာ အကောင်အထည် ဖော်သွားရမည် ဖြစ်ပြီး နှစ်နိုင်ငံ အဆင့်ဆင့်သော အစိုးရအဖွဲ့ တို့၏ ကူးလူးဆက်ဆံမှု ကို ကောင်းမွန်စွာ စီမံဆောင်ရွက် သွားရမည် ဖြစ်ကြောင်း ၊ တရုတ်-အမေရိကန် အဆင့်မြင့် အရာရှိ တွေ့ဆုံဆွေးနွေးမှု ၄ ခု ၏ ဒုတိယ အကြိမ်မြောက် တွေ့ဆုံမှု ကို ကောင်းမွန်စွာ စီစဉ်ဆောင်ရွက်သွားပြီး နှစ်နိုင်ငံ အကြား ပူးပေါင်းဆောင်ရွက်မှု နှင့် စီမံကိန်း များကို တက်ကြွစွာ အကောင်အထည် ဖော်သွားရမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် က တရုတ် နိုင်ငံ သို့ လာရောက်လည်ပတ်စဉ် အတွင်း တရုတ် နိုင်ငံ သမ္မတ ၏ နွေးထွေးစွာ ဧည့်ခံကြိုဆိုခဲ့ခြင်း အပေါ် ကျေးဇူးတင်ရှိကြောင်း ၊ တရုတ် နိုင်ငံ သမ္မတ ၏ နှစ်နိုင်ငံ ဆက်ဆံရေး အား တွန်းအားပေးမြှင့်တင် ရမည့် သဘောထား အမြင်ကို ထောက်ခံကြောင်း ၊ အမေရိကန် နိုင်ငံ အနေဖြင့် မြောက်ကိုရီးယား နိုင်ငံ မှ ဒုံးကျည် စမ်းသပ်မှု များ ထပ်မံ ပြုလုပ်ခဲ့ခြင်း ကြောင့် နိုင်ငံတကာ လုံခြုံရေး ကို ထိခိုက်လာခြင်း အပေါ် လွန်စွာ စိုးရိမ် မိကြောင်း ၊ အမေရိကန် နိုင်ငံ အနေဖြင့် တရုတ် နိုင်ငံ ၏ မြောက်ကိုရီးယား နိုင်ငံ နျူကလီးယား အရေး ဖြေရှင်းရေးတွင် အရေးပါမှု ကို အလေးထားကြောင်း ၊ တရုတ် နိုင်ငံ နှင့် ဆက်သွယ်ပြောဆိုမှု ကို တိုးမြှင့်သွားပြီး ကိုရီးယား ကျွန်းဆွယ် နျူကလီးယား ကင်းစင်ရေး အတွက် အဖြေရှာ လိုကြောင်း ပြောကြား ခဲ့သည်။

ထို့နောက်တွင် တရုတ် နိုင်ငံ သမ္မတ က ကိုရီးယား ကျွန်းဆွယ် နျူကလီးယား ကင်းစင်ရေး ၊ နိုင်ငံတကာ နျူကလီးယား မပြန့်ပွားရေး စနစ် ကို ထိန်းသိမ်းခြင်း နှင့် အရှေ့မြောက် အာရှ တည်ငြိမ်အေးချမ်းရေး ကို ထိန်းသိမ်းခြင်း စသည် တို့သည် တရုတ် နိုင်ငံ ၏ ခိုင်မြဲသည့် ရပ်တည်မှု ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် အမေရိကန် နိုင်ငံ အပါအဝင် သက်ဆိုင်ရာ နိုင်ငံ များနှင့် အနီးကပ် ဆက်သွယ်မှု ကို ထိန်းသိမ်းသွားပြီး ကိုရီးယား ကျွန်းဆွယ် နျူကလီးယား ကင်းစင်ရေး ကို ငြိမ်းချမ်းစွာ ဖြေရှင်းသည့် ဦးတည်ချက်သို့ ရောက်ရှိအောင် တွန်းအားပေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.