Connect with us

Politics, Law & Military

တရုတ် နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် နှင့် ရုရှား နိုင်ငံ သမ္မတ ပူတင် တို့ မော်စကို မြို့တွင် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်

တရုတ် နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် နှင့် ရုရှား နိုင်ငံ သမ္မတ ပူတင် တို့အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

မော်စကို ၊ နိုဝင်ဘာ ၃၀ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် နှင့် ရုရှား နိုင်ငံ သမ္မတ ပူတင် တို့က နိုဝင်ဘာ ၂၉ ရက်နေ့၌ မော်စကိုမြို့ရှိ ကရင်မလင် နန်းတော် တွင် တွေ့ဆုံဆွေးနွေးမှု တစ်ရပ် ပြုလုပ်ခဲ့သည်။

တွေ့ဆုံဆွေးနွေးမှု အတွင်း တရုတ် နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန် က ၁၉ ကြိမ်မြောက် တရုတ် နိုင်ငံ ကွန်မြူနစ်ပါတီ အမျိုးသား ညီလာခံ အပြီးတွင် တရုတ် နိုင်ငံ သမ္မတ နှင့် ရုရှား နိုင်ငံ သမ္မတ တို့က ဗီယက်နမ် နိုင်ငံ တွင် တွေဆုံခဲ့ကြပြီး တရုတ်-ရုရှား ဘက်စုံမဟာဗျူဟာ မိတ်ဖက် ဆက်ဆံရေး မှာလည်း တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်နေကြောင်း ၊ နှစ်နိုင်ငံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု သည်လည်း ခိုင်မြဲသည့် ခြေလှမ်း များဖြင့် ချီတက် နေကြောင်း ၊ နှစ်နိုင်ငံ ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှု ကို အဆက်မပြတ် တွန်းအားပေး ဆောင်ရွက်နိုင်ခဲ့ပြီး ခေတ်သစ်နည်းပညာ ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများတွင်လည်း တိုးတက်မှု အသစ်များ ရရှိ နိုင်ခဲ့ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်မှုဖြင့် ဥရောပ-အာရှ စီးပွားရေး အဖွဲ့ချုပ် နှင့် တိုးမြှင့်ချိတ်ဆက်သွား ပူးပေါင်းဆောင်ရွက်မှု ကို ကောင်းမွန်စွာ ဦးဆောင်သွားလိုကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် ရုရှား နိုင်ငံ နှင့် နိုင်ငံတကာ ကိစ္စရပ် များတွင် ဆက်သွယ်ညှိနှိုင်းမှု ကို တိုးမြှင့်သွားလိုပြီး ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုများ ကို တည်ငြိမ်တိုးတက်သွားစေကာ ကမ္ဘာ့တည်ငြိမ်အေးချမ်းရေး အတွက် အပြုသဘောဆောင်သည့် အားအင်များကို ပေးအပ် သွားလိုကြောင်း ပြောကြား ခဲ့သည်။

ရုရှား နိုင်ငံ သမ္မတ ပူတင် က တရုတ် နိုင်ငံ ဝန်ကြီးချုပ် မှ ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်မှု အဖွဲ့အစည်း အဖွဲ့ဝင် ဝန်ကြီးချုပ်များ အစည်းအဝေး ကို တက်ရောက်သည့် အတွက် ကြိုဆိုကြောင်း ၊ ရုရှား-တရုတ် နှစ်နိုင်ငံ တွင် အနီးကပ် ဆက်ဆံရေး တည်ရှိခြင်း သည် နှစ်နိုင်ငံ ဆက်ဆံရေး မှာ တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်နေပြီး အလွန် မြင့်မားသည့် အဆင့်တွင် တည်ရှိကြောင်း ကို သက်သေ ပြနိုင်ခဲ့ကြောင်း ၊ နှစ်နိုင်ငံ အစိုးရ နှင့် သက်ဆိုင်ရာ အဖွဲ့အစည်း တို့၏ ပူးပေါင်းဆောင်ရွက်မှု များသည် နှစ်နိုင်ငံ လက်တွေ့ပူးပေါင်းဆောင်ရွက်မှု အတွက် လွန်စွာ အရေးပါ ခဲ့ကြောင်း ၊ လက်ရှိချိန်တွင် နှစ်နိုင်ငံ ကုန်သွယ်ရေး သည် ကောင်းမွန်စွာ တိုးတက်သည့် အခြေအနေ တွင် တည်ရှိနေပြီး ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှု ကိုလည်း တွန်းအားပေး ဆောင်ရွက်နေကြောင်း ၊ ဥရောပ-အာရှ စီးပွားရေး အဖွဲ့ချုပ် နှင့် ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်မှု တို့တွင် အပြန်အလှန် ဖြည့်စွက်ပေး နိုင်သည့် သဘောသဘာဝ ရှိပြီး နှစ်ဘက် အနေဖြင့် ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာ ကို ကောင်းမွန်စွာ ချိတ်ဆက်သွားကာ ပိုမို အပြန်အလှန် အကျိုးဖြစ်ထွန်းခြင်း ကို အကောင်အထည် ဖော်သွားရမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။ (Xinhua)