Connect with us

Politics, Law & Military

တရုတ် နိုင်ငံ သမ္မတ နှင့် ဂျပန် နိုင်ငံ ဝန်ကြီးချုပ် တို့ တွေ့ဆုံ ဆွေးနွေး

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် ဂျပန် နိုင်ငံ ဝန်ကြီးချုပ် ရှင်ဇိုအာဘေး တို့ စက်တင်ဘာ ၁၂ ရက် ၌ ဗလာဒီဗော့စတော့ မြို့ တွင် တွေ့ဆုံစဉ်(ဆင်ဟွာ)

ဗလာဒီဗော့စတော့ ၊ စက်တင်ဘာ ၁၃ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် က စက်တင်ဘာ ၁၂ ရက် ၌ ဗလာဒီဗော့စတော့ မြို့ တွင် ဂျပန် နိုင်ငံ ဝန်ကြီးချုပ် ရှင်ဇိုအာဘေး နှင့် တွေ့ဆုံ ဆွေးနွေးမှု တစ်ရပ် ပြုလုပ်ခဲ့သည်။

တွေ့ဆုံဆွေးနွေးမှု တွင် တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် က ဦးစွာ လတ်တလော ရက်ပိုင်း အတွင်း ဂျပန် နိုင်ငံ ၌ ဖြစ်ပွား ခဲ့သည့် သဘာဝဘေးကြောင့် ဆုံးရှုံးမှုများ အပေါ် ဝမ်းနည်းကြောင်း ပြောကြား ခဲ့သည်။

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် က လက်ရှိ နိုင်ငံတကာ အခြေအနေ မှာ နက်ရှိုင်း ရှုပ်ထွေး စွာ ပြောင်းလဲမှု များ ဖြစ်ပေါ် နေပြီး မတည်ငြိမ်မှု နှင့် မသေချာမှု များစွာ ဖြစ်ပေါ်နေကြောင်း ၊ တရုတ်-ဂျပန် နှစ်နိုင်ငံ တို့က ကမ္ဘာ့ ပေါ်ရှိ အရေးပါသည့် အဓိက စီးပွားရေး အသိုက်အဝန်း နှင့် ဒေသတွင်း အရေးပါသည့် နိုင်ငံ ဖြစ်ကြကြောင်း ၊ ထို့ကြောင်း နှစ်နိုင်ငံ အနေဖြင့် သက်ဆိုင်ရာ တာဝန် များကို အတူတကွ ထမ်းဆောင်ပြီး ကမ္ဘာ့တည်ငြိမ်အေးချမ်းရေး ထိန်းသိမ်းရန် နှင့် ဖွံ့ဖြိုးတိုးတက်ရန် အတွက် အပြုသဘော ဆောင်သည့် ဆောင်ရွက်မှုများ ပြုလုပ်သွားရမည် ဖြစ်ကြောင်း ၊ ယခု နှစ်သည် တရုတ်-ဂျပန် ချစ်ကြည်ငြိမ်းချမ်းရေး သဘောတူ စာချုပ် ချုပ်ဆိုခဲ့သည့် ၄၀ ပြည့်နှစ် ဖြစ်ပြီး လတ်တလော ကာလ အတွင်း ဂျပန် နိုင်ငံ ဝန်ကြီးချုပ် နှင့် အစိုးရ တို့မှ တရုတ်-ဂျပန် ဆက်ဆံရေး နှင့် ပတ်သက်၍ တက်ကြွစွာ ဆောင်ရွက်ခဲ့သည် ကို တွေ့ရှိ ခဲ့ရကြောင်း ၊ လက်ရှိချိန်တွင် နှစ်နိုင်ငံ အတူတကွ ကြိုးပမ်း ဆောင်ရွက်မှု ကြောင့် နှစ်နိုင်ငံ ဆက်ဆံရေး မှာ ပုံမှန် အခြေအနေ သို့ ပြန်လည် ရောက်ရှိ လာခဲ့ပြီး ပိုမိုကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်ရန် အတွက် အခွင့်အလမ်း လည်း ရရှိနေကြောင်း ၊ နှစ်နိုင်ငံ ဆက်ဆံရေး အခြေအနေသစ် အောက်တွင် ဆက်လက်၍ ပိုမိုကောင်းမွန်စေရန် ထိန်းသိမ်းသွားပြီး ပိုမို ဖွံ့ဖြိုးတိုးတက်ရန် တွန်းအားပေး ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ထို့ပြင် ရှီကျင့်ဖိန် က တရုတ်-ဂျပန် နှစ်နိုင်ငံ အနေဖြင့် နှစ်နိုင်ငံ အကြား နိုင်ငံရေး ဆိုင်ရာ အချက် ၄ ချက် အား ခိုင်မြဲစွာ လိုက်နာ သွားရမည် ဖြစ်ကြောင်း ၊ အထူးသဖြင့် ဂျပန် နိုင်ငံ မှ သမိုင်းဖြစ်စဉ် နှင့် ထိုင်ဝမ် စသည့် ထိလွယ်ရှလွယ် သော ကိစ္စရပ် များတွင် ကောင်းမွန်သည့် အခြေအနေ ဖြစ်အောင် တက်ကြွစွာ ဆောင်ရွက်ပြီး နှစ်နိုင်ငံ အတူတကွ အကျိုးကျေးဇူး ကို အဆက်မပြတ် တိုးချဲ့ နိုင်ရန် ဆောင်ရွက် သွားရမည် ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် ဂျပန် နိုင်ငံ မှ ဆက်လက်၍ တရုတ် နိုင်ငံ ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ် များတွင် ပါဝင်ရန် ဖိတ်ခေါ်ပြီး ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်မှု မှာလည်း နှစ်နိုင်ငံ နက်ရှိုင်းစွာ အကျိုးတူ ပူးပေါင်းဆောင်ရွက်ရန် အတွက် စင်မြင့်သစ် တစ်ခု ဖြစ်စေခဲ့ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် ဂျပန် နိုင်ငံ နှင့် အတူတကွ နှစ်နိုင်ငံ လက်တွေ့ပူးပေါင်းဆောင်ရွက်မှု အတွက် နည်လမ်းသစ် များကို ဖော်ဆောင်သွားလိုကြောင်း ၊ တရုတ်-ဂျပန် နှစ်နိုင်ငံ အနေဖြင့် ဒေသတွင်း အသိုက်အဝန်း ဖြစ်တည်ရန် အတူတကွ တွန်းအားပေး ဆောင်ရွက်ပြီး တည်ငြိမ်အေးချမ်းဖွံ့ဖြိုးတိုးတက်သည့် အာရှ ဒေသ ဖြစ်တည်ရန် တည်ဆောက် သွားရမည် ဖြစ်ကြောင်း ၊ နှစ်နိုင်ငံ အနေဖြင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု မူဝါဒ ၊ လွတ်လပ်စွာ ကုန်သွယ်ရေး စည်းစနစ် နှင့် ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့ချုပ် ၏ စည်းမျဉ်းသတ်မှတ်ချက် များကို ခိုင်မြဲစွာ ထိန်းသိမ်းသွားပြီး လွတ်လပ်သည့် ကမ္ဘာ့စီးပွားရေး ပုံစံသစ် ကို တွန်းအားပေး တည်ဆောက်သွားရမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ဂျပန် နိုင်ငံ ဝန်ကြီးချုပ် ရှင်ဇိုအာဘေး က တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် မှ ဂျပန် နိုင်ငံ တွင် သဘာဝဘေး ကျရောက်မှု အပေါ် ဂရုပြုသည့် အတွက် ကျေးဇူးတင်ရှိကြောင်း ၊ ဂျပန် နိုင်ငံ အနေဖြင့် ကာလတစ်လျှောက် တရုတ် နိုင်ငံ ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ် တွင် အလေးထား ပါဝင် ခဲ့ပြီး တရုတ် နိုင်ငံ ၏ ဖွံ့ဖြိုးတိုးတက်မှု သည်လည်း ဂျပန် နိုင်ငံ အတွက် အရေးပါသည့် သက်ရောက်မှု များ ရရှိစေခဲ့ကြောင်း ၊ လက်ရှိချိန်တွင် ဂျပန်-တရုတ် ဆက်ဆံရေး မှာ ပုံမှန် အခြေအနေ သို့ ပြန်လည် ရောက်ရှိလာပြီး နှစ်နိုင်ငံ အနာဂတ် ပူးပေါင်းဆောင်ရွက်မှု အလားအလာ များစွာ တိုးချဲ့နိုင်ခဲ့ကြောင်း ၊ ဂျပန် နိုင်ငံ အနေဖြင့် တရုတ် နိုင်ငံ နှင့် ပိုမို နီးကပ်သည့် ဆက်ဆံရေး တည်ထောင်လိုပြီး အတူတကွ ဖွံ့ဖြိုးတိုးတက်ရေး အား အကောင်အထည် ဖော်သွားလိုကြောင်း ၊ ဂျပန် နိုင်ငံ အနေဖြင့် တရုတ် နိုင်ငံ နှင့် အဆင့်မြင့် အရာရှိ ကူးလူးဆက်ဆံရေး တိုးချဲ့နိုင်ရန် အတွက် တက်ကြွစွာ ကြိုးပမ်းဆောင်ရွက် သွားလိုပြီး ပူးပေါင်းဆောင်ရွက်မှု မှ အောင်မြင်မှုများ ပိုမို ရရှိအောင် ဆောင်ရွက်ကာ နှစ်နိုင်ငံ ဆက်ဆံရေး ကောင်းမွန် ၊ ဖွံ့ဖြိုးတိုးတက်ရန် တွန်းအားပေး ဆောင်ရွက်သွား လိုကြောင်း ၊ ဂျပန် နိုင်ငံ အနေဖြင့် နှစ်နိုင်ငံ ပြည်သူလူထု အကြား ချစ်ကြည်ဆက်ဆံရေး တိုးပွား စေရန် အတွက် ထိလွယ်ရှလွယ် သော ကိစ္စရပ် များကို ကောင်းမွန်စွာ ကိုင်တွယ်ဖြေရှင်းနိုင်ရန် ကြိုးပမ်း ဆောင်ရွက်သွားလိုကြောင်း ၊ ဂျပန် နိုင်ငံ အနေဖြင့် တရုတ် နိုင်ငံ ၏ နိုင်ငံတကာ နှင့် ဒေသတွင်း ကိစ္စရပ် များအပေါ် အရေးပါမှု ကို လွန်စွာ အလေးထားပြီး ဒေသတွင်း တည်ငြိမ်အေးချမ်းရေး နှင့် သက်ဆိုင်သည့် အရေးကြီး ကိစ္စရပ်များ တွင် တရုတ် နိုင်ငံ နှင့် ညှိနှိုင်းဆောင်ရွက်မှုများ ကို တိုးချဲ့သွားလိုကြောင်း ပြောကြား ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.