Connect with us

Politics, Law & Military

စတုတ္ထ အကြိမ်မြောက် အရှေ့တိုင်း စီးပွားရေး ဖိုရမ် တက်ရောက် ပြီးနောက် ပေကျင်း သို့ တရုတ် နိုင်ငံ သမ္မတ က ပြန်လည်ရောက်ရှိ

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် ရုရှား နိုင်ငံ သမ္မတ ပူတင် အတူတကွ တရုတ်-ရုရှား စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ဓာတ်ပုံ ပြခန်း သို့ သွားရောက်စဉ်(ဆင်ဟွာ)

ပေကျင်း ၊ စက်တင်ဘာ ၁၃ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် က ရုရှား နိုင်ငံ တွင် ကျင်းပ ပြုလုပ်သည့် စတုတ္ထ အကြိမ်မြောက် အရှေ့တိုင်း စီးပွားရေး ဖိုရမ် အား တက်ရောက် ခဲ့ပြီး နောက်တွင် စက်တင်ဘာ ၁၂ ရက် ညပိုင်း အချိန် ၌ တရုတ် နိုင်ငံ ပေကျင်း မြို့ သို့ ပြန်လည် ရောက်ရှိခဲ့သည်။

တရုတ် နိုင်ငံ ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ နိုင်ငံရေး ဗျူရို ကော်မတီဝင် ၊ ဗဟို အတွင်းရေးမှူးဌာန အတွင်းရေးမှူး ၊ ဗဟို အလုပ်ရုံး ညွှန်ကြားရေးမှူး သင်းရွှီးရှန် (Ding Xuexiang) ၊ CPC ဗဟိုကော်မတီ နိုင်ငံရေးဗျူရို ကော်မတီဝင် နှင့် CPC ဗဟိုကော်မတီ ပြည်ပရေးရာရုံးအဖွဲ့ ညွှန်ကြားရေးမှူး ယန်ကျဲ့ချီ (Yang Jiechi) ၊ နိုင်ငံတော်ကောင်စီ နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး ဝမ်ရိ (Wang Yi) ၊ CPPCC ဒုတိယ ဥက္ကဋ္ဌ နှင့် အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး နှင့် ပြုပြင်ပြောင်းလဲရေး ကော်မတီ ညွှန်ကြားရေးမှူး ဟယ်လိဖုန်း (He Lifeng) တို့ က တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် အတူတကွ ပေကျင်းမြို့ သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် က ရုရှား နိုင်ငံ ဗလာဒီဗော့စတော့ မြို့ မှ ပြန်လည် မထွက်ခွာမီ ရုရှား နိုင်ငံ သမ္မတ ပူတင် နှင့် အတူတကွ တရုတ်-ရုရှား စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ဓာတ်ပုံ ပြခန်း သို့ သွားရောက် လည်ပတ် ခဲ့ပြီး တရုတ် နိုင်ငံ သို့ ပြန်လည် ထွက်ခွာချိန်တွင် ရုရှား နိုင်ငံ အဆင့်မြင့် အရာရှိ တို့မှ လေဆိပ် သို့ လာရောက် ပို့ဆောင်ပေးခဲ့ကြသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.