Politics, Law & Military
တရုတ် နှင့် အီဂျစ် ကုမ္ပဏီများအကြား သဘောတူစာချုပ် ၁၂ ခု လက်မှတ်ရေးထိုး
ကိုင်ရို၊ ဇန်နဝါရီ ၂၁ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ကုန်သွယ်ရေးဝန်ကြီး ဌာန ဦးဆောင်လာသည့် ကုန်သွယ်ရေး ကိုယ်စားလှယ်အဖွဲ့နှင့် ကိုင်ရိုရှိ အီဂျစ် ကုမ္ပဏီတို့အကြား စုစုပေါင်း စာချုပ် တန်ဖိုး အမေရိကန် ဒေါ်လာ ၆၀.၄ သန်းရှိသည့် သဘောတူစာချုပ် ၁၂ ခုအား ချုပ်ဆိုခဲ့ကြောင်း သိရသည်။
သံလွင်ဆီ ထွက်ကုန်အမျိုးမျိုး၊ သစ်သီးဝလံများ၊ ဆေးဝါးအသုံးအဆောင် ပစ္စည်းများ၊ သတ္တု ထုတ်ကုန်များ၊ ဓာတု ပစ္စည်းများ၊ အထည်ချုပ်ကုန်ကြမ်းများ စသည့် ကုန်ပစ္စည်းများ ထုတ်လုပ်သည့် အီဂျစ် ကုမ္ပဏီများ ပါဝင်သည်။
“နှစ်ဘက် ကုမ္ပဏီများအနေနဲ့ ဒီနားလည်မှု စာချွန်လွှာများမှ တဆင့် ဘက်စုံ နားလည်မှုနှင့် အလားအလာရှိတဲ့ ပူးပေါင်းဆောင်ရွက်မှုများ ချဲ့ထွင်နိုင်ရန် ဆန္ဒပြုပါတယ်၊ အီဂျစ် နဲ့ တရုတ်နိုင်ငံတွေ အနေနဲ့လဲ ကုန်သွယ်ရေးနဲ့ စီးပွားရေးတွေမှာ တူညီတဲ့ အကျိုးကျေးဇူးတွေ ရရှိစေမှာပါ” ဟု တရုတ်နိုင်ငံ ကုန်သွယ်ရေးဝန်ကြီးဌာန အဆင့် မြင့် အရာရှိ ဝန်ဒေါင်တန်က မှတ်ချက်ပြု ပြောကြားခဲ့သည်။
အီဂျစ်နိုင်ငံ ကုန်သွယ်ရေးနှင့် စက်မှုလုပ်ငန်း ဝန်ကြီးဌာန ပထမ အကြီးအကဲ Ali Ellaithy က အီဂျစ်နိုင်ငံသို့ ကုန်သွယ်ရေး ကိုယ်စားလှယ်အဖွဲ့ စေလွှတ်ခြင်းသည် နှစ်နိုင်ငံအကြား ကုန်သွယ်ရေး နှင့် စီးပွားရေး ချိတ်ဆက် မှု၏ ခိုင်မာမှုအား လက်တွေ့တိုင်းတာခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။
တရုတ် ကုန်သွယ်ရေး ကိုယ်စားလှယ်အဖွဲ့သည် Horticultural Export Improvement Association (HEIA) မှ ကိုယ်စားလှယ်များနှင့်လည်း တွေ့ဆုံခဲ့သလို အထည်ချုပ်လုပ်ငန်း၊ နည်းပညာနှင့် စီးပွားရေး အကြံပေးလုပ် ငန်း စသည့် အီဂျစ် ကုမ္ပဏီများသို့ သွားရောက် လည်ပတ်ခဲ့ကြောင်း သိရသည်။ (Xinhua)