Connect with us

Politics, Law & Military

တရုတ်နိုင်ငံသည် ၎င်း၏ ကုမ္ပဏီများအား အီဂျစ်နိုင်ငံ၏ စီမံကိန်းကြီးများတွင် ပါဝင် ဆောင်ရွက်ကြရန် တိုက်တွန်း

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် အီဂျစ်နိုင်ငံ ဝန်ကြီးချုပ် Sherif Ismail တို့ ကိုင်ရိုမြို့လယ်ရှိ ဟိုတယ် တစ်ခုတွင် ဇန်နဝါရီလ ၂၀ ရက်က တွေ့ဆုံစဉ် (ဆင်ဟွာ)

ကိုင်ရို၊ ဇန်နဝါရီ ၂၁ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က တရုတ်အစိုးရသည် အရည်အသွေး ပြည့်ဝသည့် စီးပွားရေး လုပ်ငန်းများအား အီဂျစ်နိုင်ငံ၏ စီမံကိန်းကြီးများတွင် ပါဝင် ဆောင်ရွက် ကြရန် အားပေး ထောက်ပံ့ ပေးသွားမည် ဖြစ်ကြောင်း ကိုင်ရိုမြို့လယ်ရှိ ဟိုတယ် တစ်ခုတွင် ဇန်နဝါရီလ ၂၀ ရက်က အီဂျစ်နိုင်ငံ ဝန်ကြီးချုပ် Sherif Ismail နှင့် တွေ့ဆုံစဉ် မှတ်ချက်ပေး ပြောကြား ခဲ့ကြောင်း သိရသည်။

ရှီက အီဂျစ် ခရီးစဉ်သည် နှစ်နိုင်ငံ ချစ်ကြည်ရေး တည်တံ့ ခိုင်မြဲရန် နှင့် အကျိုးစီးပွားသစ်များ ရရှိရန် နှစ်နိုင်ငံကြား လက်တွေ့ကျသည့် ပူးပေါင်း ဆောင်ရွက်မှုများ လုပ်ဆောင်နိုင်ရန် ရည်ရွယ်ပါကြောင်း ပြောကြား ခဲ့သည်။

၎င်းက ဆက်လက်၍ နှစ်ဖက် စလုံးသည် ဖွံ့ဖြိုး တိုးတက်မှု နည်းဗျူဟာများကို ချိတ်ဆက်ပြီး အကျိုးအမြတ် ပိုမို ရရှိစေရန် ဆန္ဒ ရှိပါကြောင်း၊ ထို့အပြင် ပိုးလမ်းမကြီး အစပျိုးမှု မူဘောင် အတွင်း ပူးပေါင်း ဆောင်ရွက်မှု များကို အဆင့်မြှင့်တင် သွားကာ အထွေထွေ သဘောတူညီချက်များမှသည် ခိုင်မာသည့် ရလဒ်များ အဖြစ် ပြောင်းလဲ သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အီဂျစ် ဝန်ကြီးချုပ် Ismail က အီဂျစ်နိုင်ငံသည် ပိုးလမ်းမကြီး အစပျိုးမှုအား ထောက်ပံ့ ပေးသွားမည် ဖြစ်ပြီး မူဘောင်များ အတွင်း အရေးကြီးသည့် ကဏ္ဍများမှ ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကာ တရုတ်နိုင်ငံနှင့် ဥရောပနိုင်ငံများ အကြား ကုန်သွယ်ရေး စြင်္ကံ အဖြစ် လုပ်ဆောင် ပေးသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

နှစ်နိုင်ငံ အစည်းအဝေးပွဲ အတွင်း ရှီ နှင့် Ismail တို့က နိုင်ငံတကာ အရေးကိစ္စ များတွင် ပါဝင် ညှိနှိုင်း ဆောင်ရွက်မှုများ ပိုမို ပြုလုပ်သွားရန် သဘော တူညီခဲ့ကြောင်း သိရသည်။

အစည်းအဝေးပွဲ ပြီးနောက် ရှီနှင့်Ismail တို့သည် တရုတ် နိုင်ငံ စီးပွားရေး လုပ်ငန်း ၁၅ ခု ပါဝင် ပြသသည့် တရုတ် သိပ္ပံနှင့် နည်းပညာ ပြပွဲသို့ သွားရောက် လေ့လာခဲ့ကြကြောင်း သိရသည်။

ဇန်နဝါရီလ ၂၀ ရက် ညနေပိုင်းတွင် ရှီသည် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း Boutros Boutros-Ghali အပါအဝင် တရုတ်-အီဂျစ် ဆက်ဆံရေး အတွက် ကောင်းမွန်စွာ ဆောင်ရွက်ပေးခဲ့သည့် အတွက် ဆုရရှိသူ ၁၀ ဦးအား တွေ့ဆုံခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.