Connect with us

Politics, Law & Military

တရုတ်-အမေရိကန် နှစ်နိုင်ငံပုံမှန်ဆက်ဆံရေးနှင့်ပူးပေါင်းဆောင်ရွက်မှုကိုဖျက်ဆီးသည့် ဆောင်ရွက်မှု က အောင်မြင်မည်မဟုတ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောကြား

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်းဝန်ပင်း အားမြင်တွေ့ရစဉ်(ဓာတ်ပုံ-တရုတ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာန)

ပေကျင်း ၊ အောက်တိုဘာ ၃၀ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ပွန်ပီယို နှင့် အမေရိကန်နိုင်ငံသမ္မတ ၏ လက်ထောက်နှင့် အမေရိကန်အမျိုးသားလုံခြုံရေး ဒုတိယအကြံပေး Pottinger တို့၏ လတ်တလောရက်ပိုင်းအတွင်း တရုတ်နိုင်ငံအပေါ်ပြစ်တင်ဝေဖန်မှုများနှင့် ပတ်သက်၍ တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်းဝန်ပင်း က ပွန်ပီယို နှင့် Pottinger တို့သောသူများက တရုတ်နိုင်ငံလုပ်ငန်းဆောင်ရွက်မှုအပေါ်ပြောဆိုနေခြင်းသည် တရုတ်နိုင်ငံ၏ နိုင်ငံရေးစနစ်ကို နာမည်ဖျက်လိုခြင်းဖြစ်ပြီး တရုတ်-အမေရိကန် နှစ်နိုင်ငံပုံမှန်ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုကို ဖျက်ဆီးလိုခြင်းဖြစ်ကာ ၎င်းတို့၏အကြံအစည်က အောင်မြင်မည်မဟုတ်ကြောင်း အောက်တိုဘာ ၂၉ ရက်၌ ပြောကြားခဲ့သည်။

ဝမ်းဝန်ပင်းကသတင်းစာရှင်းလင်းပွဲ၌ မေးမြန်းမှုများအားဖြေကြားရာတွင် ပွန်ပီယို နှင့် Pottinger တို့၏ ပြောဆိုမှုများသည် အမှားအမှန်အား ပြောင်းပြန်ဖြစ်အောင်ပြောဆိုနေခြင်းဖြစ်ပြီး မဟုတ်မမှန်သော လုပ်ကြံဖန်တီးမှုများဖြစ်ကာ မကောင်းမွန်သည့်သဘောထားဖြင့် တရုတ်နိုင်ငံအား အသရေဖျက်နေခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် ဝမ်းဝန်ပင်း က တရုတ်နိုင်ငံ နှင့် တရုတ်နိုင်ငံအစိုးရ အနေဖြင့် အခြားနိုင်ငံနှင့်ဆက်ဆံရာတွင် ကာလတစ်လျှောက် မတူညီသောယဉ်ကျေးမှုကို အပြန်အလှန်လေးစားမှု ထားရှိခဲ့ပြီး ကမ္ဘာ့နိုင်ငံအသီးသီး ငြိမ်းချမ်းစွာနေထိုင်ရေး ၊ အကျိုးတူပူးပေါင်းဆောင်ရွက်ရေး နှင့် ငြိမ်းချမ်းစွာဖွံ့ဖြိုးတိုးတက်ရေး တို့ကို တွန်အားပေးဆောင်ရွက်ခဲ့ကြောင်း ၊ တရုတ်နိုင်ငံ နှင့် ကမ္ဘာ့နိုင်ငံအသီးသီးအကြား ပုံမှန်အရပ်ဖက်ဖလှယ်မှုကို တွန်းအားပေးဆောင်ရွက်ကာ ချစ်ကြည်ဆက်ဆံရေးကို ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၊ တရုတ်နိုင်ငံ၏ ဆောင်ရွက်မှုများက ပွင့်ပွင့်လင်းလင်းရှိပြီး မည်သည့်အပြစ်တင်လို့ရသောအချက်မှ မရှိကြောင်းပြောကြားခဲ့သည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.