Connect with us

Politics, Law & Military

တောင်တရုတ်ပင်လယ် စီရင်မှု ဆန်းစစ်ချက် – ၅ ] တောင်တရုတ် ပင်လယ် အရေးအား ဆွေးနွေးညှိနှိုင်း ဆောင်ရွက်မှု သာလျှင် မှန်ကန်သော နည်းလမ်း ဖြစ်ကြောင်း

ပေကျင်း ၊ ဇူလိုင် ၉ ရက် (ဆင်ဟွာ)

တောင်တရုတ် ပင်လယ် အရေးအား ဆွေးနွေးညှိနှိုင်း ဆောင်ရွက်မှု သာလျှင် မှန်ကန်သော နည်းလမ်း ဖြစ်ပါသည်။ တစ်ရုတ် နိုင်ငံမှ ဖော်ဆောင်သည့် လမ်းကြောင်း တစ်စုံဖြင့် ချဉ်းကပ်ခြင်း “dual-track approach” သည် တောင်တရုတ် ပင်လယ်အရေးအား ဆွေးနွေး ညှိနှိုင်းဆောင်ရွက်ခြင်းဖြင့် ငြိမ်းချမ်းစွာ ဖြေရှင်းသည့် နည်းလမ်း ဖြစ်ပါသည်။

“dual-track approach” ဆိုသည်မှာ အငြင်းပွားမှု ဖြစ်ပွားသည့် နိုင်ငံ နှစ်နိုင်ငံမှ တိုက်ရိုက် ဆွေးနွေးညှိနှိုင်း ဆောင်ရွက်ခြင်းဖြင့် အငြင်းပွားမှုအား ငြိမ်းချမ်းစွာ ဖြေရှင်းခြင်းဖြစ်ပြီး တောင်တရုတ်ပင်လယ် တည်ငြိမ်အေးချမ်းရေး အတွက် တရုတ် နိုင်ငံနှင့် အာဆီယံ အဖွဲ့ဝင် နိုင်ငံ များမှ အတူတကွ ပူးပေါင်း ထိန်းသိမ်းခြင်း ဖြစ်ပါသည်။ တရုတ် နိုင်ငံနှင့် အာဆီယံနိုင်ငံများသည် ၂၀၀၂ ခုနှစ် ကပင် တောင်တရုတ် ပင်လယ် နိုင်ငံများ အပြုအမူ ဆိုင်ရာ ကြေညာ စာတမ်း ( Declaration on the Conduct of Parties in the South China Sea = DOC) ကို သဘောတူညီမှု ချုပ်ဆို နိုင်ခဲ့ပြီး DOC တွင် အငြင်းပွားမှုအား တိုက်ရိုက် သက်ဆိုင်သည့် နိုင်ငံ နှစ်နိုင်ငံမှ ဆွေးနွေးညှိနှိုင်း ဆောင်ရွက်ရမည် ဟူသော အချက်ကို တိတိကျကျ ပါဝင် ခဲ့ပါသည်။

“dual-track approach” အား လိုက်နာ ဆောင်ရွက်မှု ဆိုသည်မှာ တိုက်ရိုက် သက်ဆိုင်သည့် နိုင်ငံမှ ဦးစွာ အငြင်းပွားမှု ဘေးဖယ်ကာ စုံစမ်းစစ်ဆေးခြင်းများ ဆောင်ရွက်ပြီး အငြင်းပွားမှုအား အတူတကွ ကိုင်တွယ် ထိန်းချုပ် နိုင်မည့် နည်းလမ်းကို ရှာဖွေ ခြင်း ဖြစ်သည်။ ထို့နောက်တွင် ချစ်ကြည် ဆွေးနွေးညှိနှိုင်းခြင်းမှ တစ်ဆင့် နှစ်ဦးနှစ်ဘက် လက်ခံနိုင်သော ထိရောက်သည့် ဖြေရှင်းပုံ နည်းလမ်းကို ရှာဖွေ သွားရမည် ဖြစ်သည်။ တရုတ် နိုင်ငံ နှင့် အာဆီယံ နိုင်ငံ များ အနေဖြင့်လည်း DOC ပါ အချက်အလက် များအား ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်ပြီး တောင်တရုတ် ပင်လယ် နိုင်ငံများ အပြုအမူဆိုင်ရာ သတ်မှတ်ချက် (Code of Conduct in the South China Sea=COC) ဆွေးနွေးမှု ကို တွန်းအား ပေး ဆောင်ရွက်သွားရမည် ဖြစ်သည်။ ထို့ပြင် နောက်တစ်ဆင့် အနေဖြင့် တရုတ် နိုင်ငံ အပါအဝင် တောင်တရုတ် ပင်လယ် ဒေသ တစ်လျှောက်ရှိ နိုင်ငံ များ အတူတကွ ပူးပေါင်းဆောင်ရွက်ခြင်းဟူသည့် အနာဂတ် လမ်းစဉ်ကို ဆောင်ရွက်ရမည် ဖြစ်ပါသည်။

“dual-track approach” သည် ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း (United Nation Charter) ၏ ဆွေးနွေးညှိနှိုင်း ဆောင်ရွက်ခြင်းဖြင့် အငြင်းပွားမှုအား ငြိမ်းချမ်းစွာဖြေရှင်းသည့် မူဝါဒ နှင့် လုံးဝ ကိုက်ညီမှု ရှိပြီး DOC တွင် ပါဝင်သည့် စတုတ္ထမြောက် အချက်နှင့်လည်း လုံးဝ ကိုက်ညီမှု ရှိသည်။ ထို့ကြောင့် “dual-track approach” သည် တောင်တရုတ် ပင်လယ်အရေး ဖြေရှင်းရန် အတွက် လက်တွေ့အကျဆုံးနှင့် ဖြစ်နိုင်ခြေ အရှိဆုံး နည်းလမ်းပင် ဖြစ်သည်။

တောင်တရုတ် ပင်လယ်အရေးအား ခုံရုံးတင် ဆောင်ရွက်မှုသည် “dual-track approach” အား ဆန့်ကျင်သော ဆောင်ရွက်မှု တစ်ခုသာ ဖြစ်သည်။ ဖိလစ်ပိုင် နိုင်ငံ၏ တစ်ဖက်သတ် ခုံရုံးတင် ဆောင်ရွက်မှုသည် တရုတ်-ဖိလစ်ပိုင် နှစ်နိုင်ငံ အကြား လက်ခံထားပြီးဖြစ်သည့် ညှိနှိုင်းဆွေးနွေးခြင်းဖြင့် အငြင်းပွားမှုအား ဖြေရှင်းသည့် သဘောတူညီချက် နှင့် DOC တွင် ထားရှိခဲ့သည့် လေးနက်သော ကတိ များအား လျစ်လျူရှု ခြင်းပင် ဖြစ်သည်။ ထို့အပြင် တရုတ် နိုင်ငံသည် အချုပ်အခြာအာဏာပိုင်နိုင်ငံ တစ်နိုင်ငံ ဖြစ်ခြင်း နှင့် ကုလသမဂ္ဂ ရေကြောင်း ဥပဒေ ဆိုင်ရာ သဘောတူညီချက် (United Nations Convention on the Law of the Sea=UNCLOS) တွင် ပါဝင်ချုပ်ဆိုခဲ့သော နိုင်ငံ တစ်နိုင်ငံ ဖြစ်သည့်အတွက် အငြင်းပွားမှု ကို ဖြေရှင်းသည့် ပုံစံ နှင့် နည်းလမ်းကို မိမိ ဆန္ဒ အလျောက် ရွေးချယ် နိုင်သည့် အခွင့်အရေး ရှိသည်ကို လျစ်လျူရှု ခဲ့ခြင်း ဖြစ်သည်။

တောင်တရုတ်ပင်လယ်အရေး၏ ခုံရုံး ဆုံးဖြတ်ချက်သည် တရုတ် နိုင်ငံ၏ နယ်မြေပိုင်ဆိုင်မှုနှင့် ရေကြောင်း ပိုင်ဆိုင်မှုကို ငြင်းပယ် နိုင်မည် မဟုတ်ပါ။ တရုတ် နိုင်ငံ၏ တောင်တရုတ် ပင်လယ်ရှိ နယ်မြေ ပိုင်ဆိုင်မှုနှင့် ရေကြောင်း ပိုင်ဆိုင်မှုသည် ရှေးယခင် သမိုင်းအစဉ်အလာ အရကို တည်ရှိခဲ့ခြင်း ဖြစ်ပြီး အခြားနိုင်ငံ တစ်စုံတစ်ခု၏ အသိအမှတ် ပြုခြင်းအား မလိုအပ်ပါ။ ထို့ပြင် မည်သည့် လုပ်ငန်းဆောင်ရွက်မှုများမှ တစ်ဆင့် တရားဝင် ဖြစ်တည်နိုင်ရေး အတွက် ဆောင်ရွက်ရန်လည်း မလိုအပ်ပါ။ တရုတ် နိုင်ငံသည် ရေပိုင်နက် နယ်နိမိတ် သတ်မှတ်ခြင်းနှင့် အခြား အငြင်းပွားသည့် ကိစ္စရပ်များနှင့် ပတ်သက်၍ ခုံရုံးတင် ဆောင်ရွက်ခြင်း နှင့် အခြား အတင်းအကျပ် ဆောင်ရွက်မှု လုပ်ငန်း ပုံစံ များအား လက်မခံ ကြောင်း DOC အားအခြေခံ၍ ၂၀၁၆ ခုနှစ်ကပင် ထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။

တောင်တရုတ် ပင်လယ်ရှိ ကျွန်းများသည် ရှေးယခင် ကတည်းက တရုတ် နိုင်ငံ ပိုင်နယ်မြေများ ဖြစ်သည်။ မိမိ နိုင်ငံ အချုပ်အခြာအာဏာနှင့် ရေကြောင်း ပိုင်ဆိုင်မှုအား ကာကွယ်ခြင်းသည် တရုတ် နိုင်ငံ အစိုးရ၏ လုံးဝ ဆောင်ရွက်ရမည့် တာဝန် တစ်ရပ် ဖြစ်သည်။ တရုတ် နိုင်ငံ ပြည်သူလူထု သည် ငြိမ်းချမ်းရေး ကို ချစ်မြတ်နိုးပြီး အိမ်းနီးချင်း အပေါင်းအသင်း ချစ်ကြည်ရေး ကို လိုလားသည်။ သို့သော် ဤကဲ့သို့သော သဘောထား ထားရှိမှု သည် မိမိ နိုင်ငံ၏ အချုပ်အခြာ အာဏာပိုင်နယ်မြေနှင့် ရေကြောင်း ပိုင်ဆိုင်မှုကို သူတပါး နိုင်ငံမှ ကျူးကျော်ခြင်းကို လက်ခံရမည်ဟူသော အကျိုးရလဒ်အား လက်ခံ ရမည်ဟူ၍ မဟုတ်ပါ။ နိုင်ငံတော် ဆိုင်ရာ စိန်ခေါ်မှု များနှင့် ကြုံတွေ့ရသည့် အချိန်တွင် တရုတ် နိုင်ငံ မှ သည်းခံ ထိန်းချုပ် ခဲ့ပါသည်။ တရုတ် နိုင်ငံ၏ နိုင်ငံတော် အချုပ်အခြာအာဏာ ထိန်းသိမ်း စောင့်ရှောက်ရန် ဆောင်ရွက်မှုသည် တရားနည်းလမ်းကျပြီး အပြစ်တင် ဝေဖန်ပြောဆို စရာ မရှိခဲ့ပါ။

တရုတ် နိုင်ငံသည် တောင်တရုတ်ပင်လယ် တည်ငြိမ်အေးချမ်းရေး အတွက် ခိုင်မြဲစွာ ဆောင်ရွက် ခဲ့သည့် နိုင်ငံ ဖြစ်သည်။ တရုတ် နိုင်ငံ၏ တောင်တရုတ် ပင်လယ် အရေးအား ဆောင်ရွက်မှုတွင် စတင်မှတ်နှင့် ပန်းတိုင် ရည်ရွယ်ချက် အားလုံးသည် တောင်တရုတ် ပင်လယ် တည်ငြိမ်အေးချမ်းရေး အတွက် ဖြစ်သည်။ နှစ်ပေါင်းများစွာ တရုတ် နိုင်ငံနှင့် တောင်တရုတ် ပင်လယ်ရှိ အခြားနိုင်ငံ များမှ အတူတကွ ပူးပေါင်း ဆောင်ရွက်မှုကြောင့် တောင်တရုတ် ပင်လယ်သည် ယေဘုယျ အားဖြင့် ငြိမ်းချမ်းမှုကို ရရှိခဲ့သည်။ ရေကြောင်း နှင့် လေကြောင်း လွတ်လပ်စွာ သွားလာမှုသည်လည်း မည်သည့် ပြဿနာမျှ မရှိခဲ့ဘဲ နောင်တွင်လည်း ရှိမည် မဟုတ်ပါ။ အဘယ်ကြောင့် ဆိုသော် တရုတ် နိုင်ငံသည် တောင်တရုတ် ပင်လယ် ရေကြောင်း သွားလာမှု ချောမွေ့ခြင်းအား အလိုအပ်ဆုံး ဖြစ်သောကြောင့် ဖြစ်သည်။

တရုတ် နိုင်ငံ အနေဖြင့် တိုက်ရိုက် သက်ဆိုင်သည့် နိုင်ငံ မှ ရှေးသမိုင်းကြောင်း အချက်အလက် အမှန် ကို လေးစားသည့် အခြေခံဖြင့် အပြည်ပြည်ဆိုင်ရာ ဥပဒေမှ တစ်ဆင့် ဆွေးနွေးညှိနှိုင်း ဆောင်ရွက်ခြင်းဖြင့် အငြင်းပွားမှု ဖြေရှင်းရေး ဆောင်ရွက်ခြင်း ကို ခိုင်မြဲစွာ ရပ်တည်ပါသည်။ တရုတ် နိုင်ငံမှ အာဆီယံ နိုင်ငံများနှင့် အတူတကွ ပူးပေါင်းကာ တောင်တရုတ် ပင်လယ် တည်ငြိမ်အေးချမ်းရေး အတွက် ဆောင်ရွက်နိုင်မှု စွမ်းရည် နှင့် ယုံကြည်ချက် အပြည့်အဝ ရှိပါသည်။

တရုတ် နိုင်ငံသည် အိမ်နီးချင်း နိုင်ငံခြား ဆက်ဆံရေးအား အရေးကြီးဆုံး နိုင်ငံခြားဆက်ဆံရေး မူဝါဒ အဖြစ် ထားရှိခဲ့သည်။ အိမ်နီးချင်း နိုင်ငံနှင့် ဆက်ဆံရေး မူဝါဒတွင် ချစ်ကြည်ရေး ၊ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဟူသော အဓိက မူဝါဒ များကို ချမှတ် ခဲ့သည်။ အိမ်နီးချင်း နိုင်ငံ ဆက်ဆံရေးတွင် နှစ်ဦးနှစ်ဖက် အပြန်အလှန် အကျိုးရှိ စေသည့် စစ်မှန်သော ချစ်ကြည်ရင်းနှီးမှု နိုင်ငံခြားရေး မူဝါဒ ကို ခိုင်မြဲစွာ ဆောင်ရွက် ခဲ့သည်။ အိမ်နီးချင်း နိုင်ငံများနှင့် ဒေသတွင်း တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို အဓိက ဦးစားပေး ဆောင်ရွက် ခဲ့သည်။

တရုတ် နိုင်ငံသည် အတူတကွ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် နှစ်ဦးနှစ်ဘက် အကျိုးရှိစေသော ခေတ်သစ် နိုင်ငံတကာ ဆက်ဆံရေး ပုံစံ ဖြစ်ပေါ်စေရန်ကို တွန်းအားပေး ဆောင်ရွက်ခဲ့သည်။ ထိုမှ တစ်ဆင့် လူသားမျိုးနွယ်စု တစ်ခုလုံး ကံကြမ္မာ အကျိုးတူ အသိုက်အဝန်း တည်ဆောက်နိုင်ရန် အတွက် ဆောင်ရွက်နိုင်မည်ဖြစ်ပြီး ထိုရည်မှန်းချက်များ ဖြစ်တည်နိုင်ရန် အတွက် အိမ်နီးချင်း နိုင်ငံ များမှ စတင်၍ ဆောင်ရွက်ရမည် ဖြစ်သည်။

ရေရှည် ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော် ဆောင်ရွက်ရေးသည် အာရှ ဒေသတွင်း နိုင်ငံများမှ ကြုံတွေ့ နေရသော အတားအဆီး တစ်ခု ဖြစ်သည့် အပြင် အာရှ ဒေသတွင်းရှိ နိုင်ငံ အသီးသီး အစိုးရမှ ရင်ဆိုင်နေရသော အရေးကြီး ကိစ္စရပ် ဖြစ်သည်။ ဒေသတွင်း ဖွံ့ဖြိုး တိုးတက်ရေးသည် တည်ငြိမ် အေးချမ်းသော ပတ်ဝန်းကျင် တစ်ခု လိုအပ်ပြီး ပြင်ပ နိုင်ငံများ အနေဖြင့် ထိုအချက်အား ကိုယ်ချင်စာမှုနှင့် လေးစားမှု ထားရှိရမည် ဖြစ်သည်။ တရုတ် နိုင်ငံ အနေဖြင့် ပြင်ပ နိုင်ငံများမှ အာရှဒေသ တည်ငြိမ် အေးချမ်း ဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက်ရာတွင် ပါဝင်ရန် ဖိတ်ခေါ်ပြီး ဤလုပ်ငန်း ဆောင်ရွက်မှုအတွက် ထိရောက်သော ဆောင်ရွက်မှု ပြုလုပ် နိုင်ရန် ဖိတ်ခေါ်ပါသည်။ အချို့သော နိုင်ငံ အနည်းငယ်သည် မိမိတို့၏ မဟာဗျူဟာ အကျိုးအမြတ် ရရှိရန်အတွက် တောင်တရုတ် ပင်လယ်အရေးအား အင်အားကြီး နိုင်ငံများ၏ အားပြိုင်ရာ နေရာ ဖြစ်စေရန် ကြံစည်နေကြသည်။ ဤသို့ ဆောင်ရွက်မှု မျိုးသည် ယနေ့ခေတ် ရေစီးကြောင်း နှင့် ကိုက်ညီမှု မရှိသည့် အပြင် တောင်တရုတ် ပင်လယ် ပတ်ဝန်းကျင်ရှိ နိုင်ငံများ၏ ပြုသူလူထု အတွက် မည်သည့် အကျိုးကျေးဇူးမျှ ရရှိ နိုင်မည် မဟုတ်ပါ။

ထို့ကြောင့် တောင်တရုတ်ပင်လယ်တွင် တည်ငြိမ်အေးချမ်းမှု ရှိရမည်။ စစ်ပွဲအား မလိုလားပါ ။ တွေ့ဆုံဆွေးနွေးညှိနှိုင်းများ ပြုလုပ်ရမည် ။ အပြန်လှန် ဆန့်ကျင်ခြင်းများ မလိုလားပါ ။ ဤသည်မှာ လက်ရှိ အဓိက အခြေအနေတွင် ပြည်သူလူထု တစ်ရပ်လုံး လိုလားသော တိုးတက်ရေး ဦးတည်ချက် ဖြစ်ပါသည်။ (Xinhua)