Connect with us

Politics, Law & Military

ထိုင်းနိုင်ငံတွင် လှေတိမ်းမှောက်မှုကြောင့် ပျောက်ဆုံးသွားသူများအားလုံးကို မီးကုန်ယမ်းကုန် ကယ်ဆယ်ရေးလုပ်ဆောင်ရန် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ပြောကြား

ထိုင်းနိုင်ငံ ဖူးခက်တွင် လှေနှစ်စင်းနစ်မြုပ်ပြီးနောက် ကယ်ဆယ်နိုင်ခဲ့သူများအား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၇ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံ ဖူးခက်တွင် လှေနှစ်စင်းနစ်မြုပ်ပြီးနောက် ပျောက်ဆုံးနေသည့် တရုတ်နိုင်ငံသားများအား ရှာဖွေရေးနှင့် ကယ်ဆယ်ရေးကို မီးကုန်ယမ်းကုန် ပြုလုပ်ရန် ဇူလိုင်လ ၆ ရက်က ပြောကြားလိုက်သည်။

မတော်တဆမှုဖြစ်ပွားပြီးနောက် ထုတ်ပြန်လိုက်သည့် ညွှန်ကြားချက်တွင် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးနှင့် ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ ရှီက ရှာဖွေကယ်ဆယ်ရေးများအား ပိုမိုလုပ်ဆောင်ရန်နှင့် ရှာဖွေရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများအား မလျော့စေရေးနှင့် ဒဏ်ရာရသများအတွက် လိုအပ်သော ဆေးကုသမှုကို ထောက်ပံ့ပေးရေး ထိုင်းအစိုးရအား တွန်းအားပေးရန် တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ထိုင်းနိုင်ငံဆိုင်ရာ တရုတ်သံရုံးနှင့် ကောင်စစ်ရုံးများထံ ပြောကြားခဲ့ကြောင်း သိရသည်။

ခရီးသွားဧည့်သည်များအား တင်ဆောင်သွားသည့် လှေနှစ်စင်းမှာ ဇူလိုင်လ ၅ ရက်ညနေပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် ဖူးခက်ကျွန်းအနီးတွင် တိမ်းမှောက်သွားခဲ့ခြင်း ဖြစ်သည်။ ဇူလိုင်လ ၆ ရက်နေ့ ညနေပိုင်းသတင်းများအရ အဆိုပါ လှေမှောက်မှုတွင် တရုတ်နိုင်ငံသား ခရီးသည် ၁၂၇ ဦးအနက် ၁၆ ဦးမှာ သေဆုံးသွားခဲ့ကြောင်း၊ ၃၃ ဦး ပျောက်ဆုံးနေပြီး ၇၈ ဦးအား ကယ်ဆယ်ထားနိုင်ခဲ့ကြောင်း သိရသည်။

နွေရာသီ အားလပ်ရက်များအတွင်း ခရီးသွားရာတွင် စွန့်စားမှုမပြုလုပ်ကြရန်နှင့် ကြိုတင်ကာကွယ်ရေး အတွက် လုပ်ဆောင်ထားကြရန် ခရီးသွားအေဂျင်စီများနှင့် ခရီးသွားသူများအား ရှီက သတိပေးပြောကြားလိုက်သည်။

ထို့ပြင် တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်ကလည်း ရှာဖွေရေးနှင့် ကယ်ဆယ်ရေးလုပ်ဆောင်ခြင်းနှင့် ပတ်သက်၍ မတော်တဆမှုဖြစ်ပြီးနောက်ဆက်တွဲအနေဖြင့် သင့်တင့်လျောက်ပတ်သော သဘောတူညီမှုယူရန်၊ ပြည်ပရောက် တရုတ်နိုင်ငံသားများ၏ အခွင့်အရေးများနှင့် အကျိုးစီးပွားများ၊ ဘေးကင်းလုံခြုံမှုအား ကာကွယ်ပေးရန် တာဝန်ရှိသူများအား ပြောကြားခဲ့သည်။

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးဝန်ကြီးဌာနနှင့် ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းဝန်ကြီးဌာနများ ပါဝင်သည့် ပူးတွဲလုပ်ငန်းအဖွဲ့ကို ဖူးခက်သို့ စေလွှတ်ထားကြောင်း သိရသည်။ (Xinhua)