Connect with us

Politics, Law & Military

ဒုတိယအကြိမ်မြောက် ခေတ်သစ်ပိုးလမ်းမကြီး နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုဖိုရမ် အတွက် မီဒီယာစင်တာဖွင့်လှစ်ထား


ပေကျင်း ၊ ဧပြီ ၂၄ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံပေကျင်းမြို့၌ ဧပြီ ၂၅ ရက် မှ ၂၇ ရက်အထိ ကျင်းပမည့် ဒုတိယအကြိမ်မြောက် ခေတ်သစ်ပိုးလမ်းမကြီး နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုဖိုရမ်တွင် မီဒီယာစင်တာထားရှိသွားမည်ဖြစ်ကြောင်း သိရသည်။

ဒုတိယအကြိမ်မြောက် ခေတ်သစ်ပိုးလမ်းမကြီး နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုဖိုရမ် ၏ မီဒီယာစင်တာအားတွေ့ရစဉ်(ဆင်ဟွာ)

အဆိုပါ ဖိုရမ်သို့ကမ္ဘာ့နိုင်ငံအသီးသီးမှ သတင်းသမား ၁,၆ဝဝ ကျော် အပါအဝင် ပြည်တွင်းပြည်ပသတင်းသမား ၄,၁ဝဝ ဦးတက်ရောက်သတင်းရယူသွားမည်ဖြစ်သည်။ ဒုတိယအကြိမ်မြောက် ခေတ်သစ်ပိုးလမ်းမကြီး နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုဖိုရမ်၏ မီဒီယာစင်တာကို တရုတ်နိုင်ငံပေကျင်းမြို့ရှိ တရုတ်အမျိုးသားကွန်ဗင်းရှင်းစင်တာတွင် ဖွင့်လှစ်ထားကြောင်း သိရသည်။(Xinhua)