Connect with us

Politics, Law & Military

နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ ပြုပြင်ပြောင်းလဲမှု ပိုမိုတိုးတက်ကောင်းမွန်လာစေရန် ရှီ ပြောကြား

၁၉ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ(CPC) အမျိုးသားညီလာခံ ကျင်းပနေစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၁၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်က နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ (SOEs) ပြုပြင်ပြောင်းလဲမှု ပိုမိုတိုးတက်ကောင်းမွန်လာစေရေး နှင့် ယင်းလုပ်ငန်းများ ပိုမိုအားကောင်း၊ ကောင်းမွန်၊ ကြီးမားလာစေရန်အတွက် ကြိုးပမ်းဆောင်ရွက်ကြရန် အောက်တိုဘာ ၁၈ ရက် က တိုက်တွန်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံပေကျင်းမြို့Great Hall ခန်းမ၌ ပြုလုပ်သော ၁၉ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ(CPC) အမျိုးသားညီလာခံ၌ သမ္မတရှီက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ရှီက SOEs လုပ်ငန်းများ ပြုပြင်ပြောင်းလဲမှု ပိုမိုတိုးတက်ကောင်းမွန်လာစေရန် နှင့် ဖက်စပ်ပိုင် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထို့ပြင် တရုတ်စီးပွားရေး လုပ်ငန်းများကို ကမ္ဘာ့အဆင့်မီပြီး နိုင်ငံတကာနှင့် ယှဉ်ပြိုင်နိုင်သော လုပ်ငန်းများဖြစ်အောင် ပြောင်းလဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

၎င်းက နိုင်ငံပိုင်ပစ္စည်းအမျိုးမျိုးကို စီမံခန့်ခွဲသည့် စနစ်များ ပိုမိုတိုးတက်လာစေရန် အားထုတ်ကြိုးပမ်းသွားရမည် ဖြစ်ကြောင်း နှင့် နိုင်ငံပိုင်ငွေကြေး တရားဝင်လည်ပတ်မှုစနစ်အား ပြုပြင်ပြောင်းလဲသွားရန် ပြောကြားခဲ့သည်။

ရှီက နိုင်ငံပိုင်လုပ်ငန်းကဏ္ဍတွင် ဖြန့်ဖြူးခြင်း၊ ဖွဲ့စည်းပုံချိန်ညှိခြင်း၊ မဟာဗျူဟာကျစွာ ပြန်လည်ဖွဲ့စည်းတည်ဆောက်ခြင်းများ တိုးတက်လာစေရန် အဆင့်တက်၍ လုပ်ဆောင်သွားရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် ရှီကျင့်ဖိန်က နိုင်ငံ့ပိုင်ဆိုင်မှုများ ပျက်စီးဆုံးရှုံးမှုကို ကာကွယ်ရန် ထိရောက်သည့် အရေးယူဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ CPC အနေဖြင့်လည်း နိုင်ငံပိုင် ပစ္စည်းများ၏ တန်ဖိုးကို ထိန်းသိမ်းပြီး တိုးတက်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နှင့် နိုင်ငံပိုင်ငွေကြေး ပိုမိုအားကောင်း၊ ကောင်းမွန်း၊ ကြီးမားလာစေရန် ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.