Connect with us

Politics, Law & Military

တရုတ် နိုင်ငံ သမ္မတ က ဖွံ့ဖြိုးတိုးတက်ရေး လမ်းစဉ်သစ် ကို ပြီးပြည့်စုံအောင် ဆောင်ရွက်ပြီး ခေတ်မီ စီးပွားရေး အသိုက်အဝန်း ကို တည်ဆောက်ရမည် ဖြစ်ကြောင်းပြော

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် က ၁၉ ကြိမ်မြောက် တရုတ် ကွန်မြူနစ်ပါတီ အမျိုးသား ညီလာခံ တွင် မိန့်ခွန်းပြောကြားနေစဉ်(ဆင်ဟွာ)

ပေကျင်း ၊ အောက်တိုဘာ ၁၈ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် က တရုတ် နိုင်ငံ ၏ စီးပွားရေး သည် အရှိန်မြင့် တိုးတက်မှု မှ အရည်သွေးမြင့် ဖွံ့ဖြိုးတိုးတက်ရေး သို့ကူးပြောင်းသွားခဲ့ပြီး ဖွံ့ဖြိုးတိုးတက်ရေး လမ်းစဉ်သစ် ကို ပြီးပြည့်စုံအောင် ဆောင်ရွက်ကာ ခေတ်မီ စီးပွားရေး အသိုက်အဝန်း ကို တည်ဆောက်ရမည် ဖြစ်ကြောင်း အောက်တိုဘာ ၁၈ ရက်နေ့ နံနက်ပိုင်းတွင် ကျင်းပခဲ့သည့် ၁၉ ကြိမ်မြောက် တရုတ် ကွန်မြူနစ်ပါတီ အမျိုးသား ညီလာခံ တွင် ပြောကြား ခဲ့သည်။

တရုတ် နိုင်ငံ သမ္မတ က အရည်အသွေးမြင့်မားရေး ကို ထိန်းသိမ်းခြင်း သည် ဦးစားပေးဆောင်ရွက်ရမည့် အချက် ဖြစ်ပြီး စီးပွားရေး ပြုပြင်ပြောင်းလဲမှု ကို တွန်းအားပေး ဆောင်ရွက်ရမည် ဖြစ်ကြောင်း ၊ နည်းပညာပိုင်းဆိုင်ရာ တီထွင်ဆန်းသစ်မှု ကို ဆောင်ရွက်ပြီး ခေတ်မီငွေကြေးစနစ် ကို ဆောင်ရွက်ရမည် ဖြစ်ကြောင်း ၊ အခြေခံအဆောက်အဦ ကွန်ယက် ကို တိုးမြှင့် တည်ဆောက်သွားပြီး ခေတ်မီ နိုင်ငံတော်ကြီး ကို ပိုမိုလျင်မြန်စွာ တည်ဆောက်သွားရမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ထို့ပြင် ရှီကျင့်ဖိန် က ကမ္ဘာ့ထိပ်တန်းနည်ပညာများကို အလေးထား လေ့လာပြီး အခြေခံ သုတေသန များကိုလည်း တိုးမြှင့်ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း ၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာ ကို ဆောင်ရွက်ပြီး ကျေးလက်စိုက်ပျိုးရေး ကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း ၊ ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှု မျှတရေး မဟာဗျူဟာ ကို ဆောင်ရွက်ပြီး မြို့ကြီးများကို ဗဟိုပြု၍ မျှတစွာ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း ၊ ဆိုရှယ်လစ် စီးပွားရေး ဈေးကွက် စနစ် ကို ပိုမို ကောင်းမွန်အောင် ဆောင်ရွက်ပြီး နိုင်ငံပိုင်လုပ်ငန်းများ၏ ဖွဲ့စည်းပုံစနစ် ကို ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း ၊ ဘက်စုံ ပွင့်လင်းမြင်သာမှုရှိသည့် ဘဏ္ဍာရေး စနစ်ကို တိုးမြှင့် တည်ဆောက်ပြီး ငွေကြေးစနစ် ကို နက်ရှိုင်းစွာ ပြုပြင်ပြောင်လဲရေး ဆောင်ရွက်ရမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ဘက်စုံတံခါးပွင့်စနစ် ကို တွန်းအားပေး ဆောင်ရွက်ပြီး ခတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်မှု ကို အလေးထား တည်ဆောက်သွားရမည် ဖြစ်ကြောင်း ၊ ကုန်သွယ်မှု ကို တိုးချဲ့ဆောင်ရွက်သွားပြီး ကုန်သွယ်ရေး ပုံစံသစ်ကို ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း ၊ ဒေသတွင်း ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရန် အခြေအနေ ကို ပိုမိုကောင်းမွန် အောင် ဆောင်ရွက်ပြီး ပြင်ပရင်းနှီးမြှုပ်နှံမှု ပုံစံသစ်ကို ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ၊ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး ကဏ္ဍအသီးသီး ပူးပေါင်းဆောင်ရွက်မှု နှင့် ယှဉ်ပြိုင်နိုင်မှု စွမ်းရည်ကို မြှင့်တင်သွားရမည် ကိုလည်း တရုတ် နိုင်ငံ သမ္မတ က အထူး ပြောကြား ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.