Connect with us

Politics, Law & Military

ပိုမိုကောင်းမွန်သော သဘာဝပတ်ဝန်းကျင်တစ်ခုဖြစ်စေရန် သမ္မတရှီ ၏ ယုံကြည်ချက်ခြေလှမ်းများ

တရုတ်နိုင်ငံတွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် လေစွမ်းအင် နှင့် နေစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစနစ်အားတွေ့ ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ မတ် ၂၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်လျက်ရှိပါသည်။ ယင်းအတွက် စတုရန်းကီလိုမီတာ ၁၇ဝဝဝဝ ခန့်အကျယ်အဝန်းရှိသော အမျိုးသားဥယျာဉ် ၉ ခုကို ဖန်တီးသွားရန် လုပ်ဆောင်လျက် ရှိသည်။ ထို့ပြင် ယခုနှစ်အတွင်းမှာပင် တရုတ်နိုင်ငံသည် အမျိုးသားဥယျာဉ်စနစ်အတွက် ဘက်ပေါင်းစုံမှ ပုံသေနည်းများတွက်ချက် လုပ်ဆောင်သွားရန် စီစဉ်ထားသည်။

အချို့ဥယျာဉ်များတွင် မျိုးတုံးပျောက်ကွယ်တော့မည် အန္တရာယ်ဖြင့်ကြုံတွေ့နေရသည့် ပန်ဒါဝက်ဝံကြီးများကို အနောက်မြောက်ပိုင်း နှင့် အနောက်တောင်ပိုင်းတွင်လည်းကောင်း ၊ ဆိုက်ဘေရီးယန်း ကျားများ နှင့် ကျားသစ်များကို အရှေ့မြောက်ပိုင်းတွင်လည်းကောင်း နှင့် တရုတ်နိုင်ငံ၏ အဓိကရေသွင်းရေထုတ်လမ်းပိုင်း သုံးခုဖြစ်သည့် Lancang မြစ် ၊ မြစ်ဝါမြစ် နှင့် ယန်ဇီ(Yangtze) မြစ်တို့တွင် ရေထိန်းတံခါးများတည်ဆောက်၍ အခြားရေနေအကောင်များကိုလည်း မွေးမြူသွားရန်ဖြစ်သည်။

တရုတ်နိုင်ငံအနေဖြင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းကို ပို၍ စီမံလုပ်ကိုင်သွားရန် ဆုံးဖြတ်ထားသည်။ မြစ်ကြောင်းစီမံခန့်ခွဲမှုအကြီးအကဲ“ river chief ” ဥပဒေကို ယခုနှစ်အတွင်း ပြဌာန်းပြီး ပြည်နယ်အဆင့်ရှိဒေသပေါင်း ၂ဝ ကျော်တွင် စီမံဆောင်ရွက်သွားရန် ဖြစ်သည်။ အဆိုပါ ဥပဒေအရ ဒေသဆိုင်ရာ အစိုးရအရာရှိများကို မြစ်ကြောင်းစီမံခန့်ခွဲမှုအကြီးအကဲ အဖြစ် ခန့်အပ်တာဝန်ပေးသွားမှာဖြစ်ပြီး ၊ ၎င်းတို့အနေဖြင့် ရေထုညစ်ညမ်းမှုနှင့်ပတ်သက်၍ တာဝန်ယူ လုပ်ဆောင်သွားရမှာဖြစ်ပါသည်။

“ တီထွင်ဖန်တီးမှု ၊ ပူးပေါင်းဆောင်ရွက်မှု ၊ အစိမ်းရောင်ဖွံ့ဖြိုးမှု ၊ ပွင့်လင်းမြင်သာမှု နှင့် ဖွံ့ဖြိုးမှု မျှဝေခံစားရေး ကို အကောင်အထည်ဖော်ဆောင်ရွက်သင့်သည်ဆိုတဲ့ အတွေးအမြင်သစ်နဲ့အတူ လုပ်ငန်းဆောင်ရွက်မှုအပိုင်းမှာ စွမ်းဆောင်ရည်ပြည့်မှီရေး နဲ့ညီတူညီမျှဖွံ့ဖြိုးရေးကို တွန်းအားပေးသွားရမှာပါ” ဟု မတ်လ ၁ဝ ရက်တွင်ပေကျင်းမြို့၌ ပြုလုပ်သည့် အမျိုးသားပြည်သူ့ကွန်ဂရက် အစည်းအဝေးပွဲအတွင်း ကိုယ်စားလှယ်များနှင့်တွေ့ဆုံစဉ် သမ္မတရှီကျင့်ဖိန်က ပြောကြားခဲ့သည်။

လူသား နှင့် သဘာဝတရားအပြန်အလှန် သဟဇာတဖြစ်မှု

××××××××××××××××××××××××××××××××××××

“ ဂေဟစနစ် ဆိုင်ရာ လူမှုအဖွဲ့အစည်း” သည် စီးပွားရေး ၊ နိုင်ငံရေး ၊ ယဉ်ကျေးမှု နှင့် လူမှုရေး ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက် ၅ ခုထဲမှ တစ်ခုအပါအဝင်ဖြစ်ပြီး သမ္မတရှီက ကွန်မြူနစ်ပါတီအထွေထွေအတွင်းရေးမှူးချုပ်အဖြစ် ရွေးချယ်ခြင်းခံခဲ့ရသည့် ၂ဝ၁၂ ခုနှစ် တွင်ကျင်းပခဲ့သည့် ၁၈ ကြိမ်မြောက် တရုတ်အမျိုးသားကွန်ဂရက်၏ ကွန်မြူနစ်ပါတီ အစည်းအဝေးတွင် ချမှတ်ခဲ့သော ဖွံ့ဖြိုးရေး အစီအစဉ် တစ်ရပ် ဖြစ်သည်။

ဂေဟစနစ် ဆိုင်ရာ လူမှုအဖွဲ့အစည်း၏ အဓိက အချက်မှာ အပြန်အလှန်လေးစားခြင်း ၊ အကာအကွယ်ပေးခြင်းနှင့် သဘာဝတရားကို မွေးမြူခြင်း တို့လိုအပ်ကြောင်း စသည့်အချက်များပါဝင်ပါသည်။ ၎င်းတို့တွင် သဘာဝအရင်းအမြစ် ချန်လှပ်ထားရန် ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရန် နှင့် ကာကွယ်ရန် ၊ ပြန်လည်အသုံးပြုရန် ၊ ကာဗွန်အသုံးပြုမှုလျှော့ချရန် နှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ကတိကဝတ်ပြုရန် ပါဝင်သည်။

သန့်ရှင်းသောရေ ရရှိခြင်း နှင့် သဘာဝတောတောင်ထူထပ်ခြင်းသည် ရွှေ၊ငွေကဲ့သို့အဖိုးအနမတဂ္ဂထိုက်တန်လွန်းလှကြောင်း သမ္မတရှီက ဆိုသည်။ ဂေဟစနစ်ဆိုင်ရာလူမှုအဖွဲ့အစည်းသည် နိုင်ငံကို အသစ်တစ်ဖန်ပြန်လည်နုပျိုစေရန် အတွက် အလွန်အရေးကြီးကြောင်း နှင့် ကမ္ဘာ့လူဦးရေအများဆုံး နှင့် ကမ္ဘာ့စီးပွားရေး ဒုတိယအင်အားအကြီးဆုံး တိုင်းပြည်ဖြစ်သော တရုတ်နိုင်ငံအတွက် အလွန်အရေးပါကြောင်း ၎င်းက ဆိုပါသည်။

“ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ဝင်တွေ နဲ့သမ္မတရှီ တွေ့ဆုံတုန်းက ကမ္ဘာကြီးရော တရုတ်နိုင်ငံအတွက်ပါ အဲဒီနှစ်ခုစလုံးအတွက် အနာဂတ်မှာ ဂေဟစနစ်ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေးလုပ်ဆောင်ရမယ်လို့ပြောခဲ့ပါတယ် ” ဟု တရုတ်နိုင်ငံအစိုးရအကယ်ဒမီ၏ သုတေသနဌာနမှ ဂေဟစနစ်ဆိုင်ရာလူမှုအဖွဲ့အစည်း ညွှန်ကြားရေးမှူး Zhang Xiaode က ဆိုသည်။

အပြည့်အဝရှေ့တိုးလုပ်ဆောင်မည့် ပြုပြင်ပြောင်းလဲရေး

++++++++++++++++++++++++++++++++++++

တရုတ်နိုင်ငံသည် ဂေဟစနစ်ဆိုင်ရာ လူမှုအဖွဲ့အစည်းကို လွန်ခဲ့သော လေးနှစ်ကတည်းက စတင်ကာ အဖွဲ့စည်းမျဉ်းစည်းကမ်း နှင့် လက်တွေ့လုပ်ဆောင်ချက် ၂ ခုစလုံးဖြင့် ဆောင်ရွက်ခဲ့ပြီး ဖြစ်သည်။

လွန်ခဲ့သောနှစ်က သမ္မတရှီကျင့်ဖိန် ဦးဆောင်ပြီး ဘက်ပေါင်းစုံပြုပြင်ပြောင်းလဲရေးအတွက် ဗဟိုခေါင်းဆောင်မှုအဖွဲ့ကို ဖွဲ့စည်းခဲ့ကြောင်း ၊ ဂေဟစနစ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုပေါင်း ၂ဝ ကျော်ကို လုပ်ဆောင်နိုင်ခဲ့ကြောင်း သိရသည်။

သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုများအတွက် လျော်ကြေးငွေပေးခြင်း ၊ တရားဥပဒေစိုးမိုးရေးဆောင်ရွက်ခြင်း ၊ အစိမ်းရောင် ဘဏ္ဍာရေးဆိုင်ရာ စီမံဆောင်ရွက်ခြင်း ၊ အမျိုးသားဥယျာဉ် ၊ မြစ်ကြောင်းများစီမံခန့်ခွဲခြင်း နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် ဂေဟစနစ်စည်းမျဉ်းစည်းကမ်းများချမှတ်ခြင်း နှင့် စက်မှုစီမံကိန်းများကို ကန့်သတ်ခြင်းများ ကို လုပ်ငန်းစဉ်အလိုက် အဆင့်ဆင့် ဆောင်ရွက်ခဲ့သည်။

ဂေဟစနစ် အနီရောင်မျဉ်း၏ အကာအကွယ်ပေးရေး အောက်တွင် ဇုံများကို နိုင်ငံအနှံ့အပြားရှိ ပြည်နယ် ၁ဝ ခုကျော်တွင်လုပ်ဆောင်ခဲ့သည်။ ယန်ဇီ( Yangtze) မြစ်အပေါ်ပိုင်းရှိ Sichuan နှင့် Guizhou တို့တွင် ရာခိုင်နှုန်း ၄ဝ နှင့် ၎င်းဒေသရှိ မြေယာ ၃၂ ရာခိုင်နှုန်းကို အနီရောင်မျဉ်းများဖြင့် အကာအကွယ်ပေးခဲ့သည်။ ပြည်နယ် ၇ ခုနှင့် မြစ်ကြောင်းတစ်လျှောက်ရှိ မြို့များ နှင့် နိုင်ငံ၏ အရှည်ဆုံးမြစ်တစ်လျှောက်တွင် ယခုနှစ်အတွင်း ဂေဟစနစ်အနီရောင်မျဉ်းများကို တည်ထောင်သွားမည်ဖြစ်ကြောင်း သိရသည်။

တစ်ချိန်တည်းမှာပင် လေထုညစ်ညမ်းမှု မထိန်းချုပ်နိုင်သည့် အခြေအနေမျိုး မဖြစ်ပေါ်စေရန် စီးပွားရေးလုပ်ငန်းများ နှင့် အာဏာပိုင်များက ဒေသတွင်း နှင့် ဗဟိုမှ ဦးဆောင်လှုပ်ရှားသော သဘာဝပတ်ဝန်းကျင်စောင့်ကြည့်လေ့လာရေးလူထုလှုပ်ရှားမှုများကို ပြုလုပ်ခဲ့ကြသည်။

တရားဥပဒေစိုးမိုးရေးအတွက် ၂ဝ၁၅ ခုနှစ်တွင် သဘာဝပတ်ဝန်းကျင် ကြိုတင်ကာကွယ်ရေးဥပဒေကို ပြန်လည်သုံးသပ်ပြင်ဆင်ခဲ့ရာ သမိုင်းတစ်လျှောက် ကန့်သတ်မှုအရှိဆုံး ဥပဒေတစ်ခု ဟု ယူဆရမည်ဖြစ်သည်။

“၂ဝ၁၆ ခုနှစ်အတွင်းမှာ သဘာဝပတ်ဝန်းကျင်နှင့်ဆက်စပ်ပြီး စီးပွားရေးလုပ်ငန်းတွေကို တရုတ်ယွမ် ၆.၆၃ ဘီလီယံ ( အမေရိကန်ဒေါ်လာ ၉၆၀ သန်း ) နဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အာဏာပိုင်တွေက တစ်နိုင်ငံလုံးမှာ ပြစ်ဒဏ်ပေးတဲ့ အရေးယူမှုပေါင်း ၁၂၄,ဝဝဝ မှုကို လုပ်ဆောင်ခဲ့ပါတယ်” ဟု သဘာဝပတ်ဝန်းကျင် ကြိုတင်ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီး Chen Jining က ဆိုသည်။

ရှေးပြေးစီမံခန့်ခွဲမှုဆိုင်ရာ ပြုပြင်ပြောင်းလဲရေး ရည်မှန်းချက်အတွက် ဒေသတွင်း ဥပဒေများရေး မှာ လုပ်ဆောင်ဆဲအဆင့်တွင် ရှိနေသည်။ ယခုအခါ ပြည်နယ် ၉ ခုနှင့် ပေကျင်းမြို့တော် အပါအဝင် မြို့များ၌ လေထုညစ်ညမ်းမှုကို ဖန်တီးနေသူများနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးမူဝါဒများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။

“ ဂေဟစနစ်ဆိုင်ရာ လူမှုအဖွဲ့အစည်းအခြေခံစည်းမျဉ်းများကို ပြဌာန်းထားပြီးဖြစ်ပါတယ်” ဟု တရုတ်နိုင်ငံ လူမှုသိပ္ပံအကယ်ဒမီ လက်အောက်ခံ မြို့ပြ ဖွံ့ဖြိုးရေး နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့အကြီးအကဲ Pan Jiahua က ဆိုသည်။

တရုတ်နိုင်ငံသည် စွမ်းအင်အသုံးပြုမှု နှှုင့် ထုတ်လုပ်မှုအပိုင်းများတွင် တော်လှန်ရေးတစ်ရပ်အဖြစ် လုပ်ဆောင်နေသည် ။ စွမ်းအင်အမျိုးအစားအသစ် နှင့် အသစ်တစ်ဖန် ပြန်လည်အသုံးပြုနိုင်သည့် စွမ်းအင်မျိုး ရရှိရေးအတွက် တရုတ်နိုင်ငံက ကမ္ဘာပေါ်တွင် ဦးဆောင်ဦးရွက် ဆောင်ရွက်နေသည်။ ယခုနှစ်တွင် စွမ်းအင်အသုံးပြုမှု၏ စုစုပေါင်း ၁၄.၃ ရာခိုင်နှုန်းကို ရုပ်ကြွင်းမဟုတ်သော စွမ်းအင်များမှတဆင့် ရရှိရန်စီစဉ်နေပြီး ၎င်းပမာဏသည် ၂ဝ၁၆ ခုနှစ်တွင် ရှိခဲ့သော ၁၃.၃ ရာခိုင်နှုန်းထက် ပိုများကြောင်း သိရသည်။ ထို့အပြင် လာမည့် ၂ဝ၃ဝ ပြည့်နှစ်တွင် ရုပ်ကြွင်းမဟုတ်သော စွမ်းအင်အသုံးပြုမှုကို ၂ဝ ရာခိုင်နှုန်းကျော်ထိ ရောက်ရှိရန် လည်း ရည်မှန်းထားကြောင်း သိရသည်။

ဂေဟစနစ်ဆိုင်ရာလူမှုအဖွဲ့အစည်းအတွက် တရားဥပဒေစိုးမိုးရေးလုပ်ဆောင်ရန် နှင့် အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်ရန် သမ္မတရှီက ပြီးခဲ့သော ဒီဇင်ဘာလတွင် လမ်းညွှန်ချက်ပေးခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် စက်ရုံအလုပ်ရုံများ၏ လေထုညစ်ညမ်းမှု အဓိကအရင်းအမြစ်များကို နာရီလက်တံလှည့်ပတ်မှုပုံအတိုင်း စောင့်ကြည့်သွားမည်ဖြစ်ကြောင်း မတ်လ ၅ ရက်က ပြုလုပ်သော ဥပဒေပြုလွှတ်တော်ကိုယ်စားလှယ်များ၏ နှစ်စဉ်ပုံမှန်အစည်းအဝေးတွင် ဝန်ကြီးချုပ် လီခဲ့ချန်တင်သွင်းသော အစိုးရလုပ်ငန်းအစီရင်ခံစာတွင် ဖော်ပြထားသည်။

တရုတ်နိုင်ငံ၏ ၅ နှစ်စီမံချက်ကို ကြည့်ခြင်းအားဖြင့် အခြားနိုင်ငံများနှင့်အတူ တရုတ်နိုင်ငံသည် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုတွင် တည်ငြိမ်စွာဖြင့်တိုးတက်ကောင်းမွန်လျက် ရှိနေသည်ဟု ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ်၏ တရုတ်နိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး Agi Veres က ဆင်ဟွာသတင်းဌာနသို့ပြောကြားခဲ့သည်။

“ ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာအတွက် ၁၁ ကြိမ်မြောက် ငါးနှစ်စီမံကိန်း ကို လုပ်ခဲ့ပါတယ် ။ အခု ကတော့ ၁၃ ကြိမ်မြောက်ရဲ့ ၅ နှစ်စီမံကိန်းထဲမှာပါ။ ရာသီဥတုပြောင်းလဲခြင်း နဲ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးဟာ ယေဘုယျအားဖြင့် ဆက်စပ်မှုအသေးလေးတွေပဲပေါ့ ။ တရုတ်နိုင်ငံဟာ ဂေဟစနစ်ဆိုင်ရာ လူမှုအဖွဲ့အစည်းအတွက် အပေါင်းလက္ခဏာဆောင်တဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအစီအစဉ်တွေ လုပ်ဆောင်နေပါတယ်” ဟု ၎င်းက ဆိုသည်။

တာဝန်ယူတာဝန်ခံမှုရှိသော တိုးတက်ဖြစ်ထွန်းမှု

+++++++++++++++++++++++++++++

“ ရာသီဥတုဆိုင်ရာ စီမံခန့်ခွဲမှုသမိုင်းမှာ ပါရီသဘောတူညီချက်ဟာ သမိုင်းမှတ်တိုင်တစ်ခုပါပဲ။ အတိမ်းအစောင်းမဖြစ်ဖို့ ဒီကိစ္စမှာ အောင်မြင်မှုရအောင် သေသေချာချာလုပ်ရမယ်” ဟု ပြီးခဲ့သော ဇန်နဝါရီလတွင် ဂျီနီဗာမြို့ရှိ ကုလသမဂ္ဂဌာနချုပ်သို့သွားရောက်လည်ပတ်သော ခရီးစဉ်အတွင်း သမ္မတရှီက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ ကိစ္စရပ်အပေါ် အရေးယူမှုများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သမ္မတရှီက ဆက်လက်ပြောကြားခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် GDP ယူနစ်အလိုက် ကာဗွန်ထုတ်လွှတ်မှုကို ၂ဝဝ၅ ခုနှစ်မှ ၂ဝ၃ဝ ပြည့်နှစ်အတွင်း ၆ဝ-၆၅ ရာခိုင်နှုန်းအထိ ဖြတ်တောက်နိုင်ရန် ကတိပြုထားသည်။

တရုတ်နိုင်ငံ၏ အရေးကြီးသော ကမ္ဘာ့ရေးရာအခန်းကဏ္ဍပါဝင်မှုတွင် ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ နယ်ပယ်၌ အထင်ရှားဆုံး ပါဝင်ဆောင်ရွက်လျက်ရှိကြောင်း Veres ကဆိုသည်။ “ ကမ္ဘာကြီးအတွက် အကြီးမားဆုံး စိုးရိမ်စရာကိစ္စရပ်တစ်ခုမှာ နိုင်ငံတကာအသိုင်းအဝိုင်းနဲ့အတူ သဘောတူညီမှုရရှိအောင် တရုတ်နိုင်ငံက အစဉ်အမြဲဆောင်ရွက်ခဲ့ပါတယ်” ဟု ဖြည့်စွက်ပြောကြားခဲ့သည်။

ဂေဟစနစ်ဆိုင်ရာလူမှုအဖွဲ့အစည်း အစိတ်အပိုင်းများသည် ကုလသမဂ္ဂ ၂ဝ၃ဝ ပြည့်နှစ် စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေး အစီအစဉ်တွင် P ငါးလုံးအဖြစ် မျှော်မှန်းတွေ့ရှိနိုင်ကြောင်း ဖော်ပြထားသည်။

“ ၂ဝ၃ဝ ခုနှစ်အတွက် P ငါးလုံးကတော့ ပြည်သူ ( People) ၊ ကမ္ဘာဂြိုဟ်(Planet) ၊ ငြိမ်းချမ်းရေး (Peace) ၊ အကျိုးကျေးဇူး(Prosperity) နဲ့မိတ်ဘက် ( Partnership) တို့ဖြစ်ပြီး တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးရေးဆိုင်ရာ မဟာဗျူဟာတွေနဲ့ များစွာ တူညီနေတာကို တွေ့ရှိရပါတယ်” ဟု တရုတ်နိုင်ငံ လူမှုသိပ္ပံအကယ်ဒမီ မှ Pan က ဆိုသည်။

“ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုတွေက ကျန်ရှိနေဆဲပါပဲ။ ပြီးတော့ ပိုပြီးတိုးတက်ကောင်းမွန်အောင်ဆောင်ရွက်နိုင်ဖို့ တရုတ်နိုင်ငံအတွက် ပြုပြင်ပြောင်းလဲရေးတွေ အများကြီးလိုအပ်နေပါသေးတယ်” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.